သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂါဇာဆေးရုံကြီးမှာ ဟာမတ်စ်လက်နက်တွေ အစ္စရေး ဆက်လက်ရှာဖွေ


အစ္စရေးစစ်တပ်ကထုတ်ပြန်ထားတဲ့ ဂါဇာမြို့ Shifa ဆေးရုံအတွင်းလက်နက်တွေ တွေ့ရှိတယ်ဆိုတဲ့ ဓါတ်ပုံ (နိုဝင်ဘာ ၁၅၊ ၂၀၂၃)
အစ္စရေးစစ်တပ်ကထုတ်ပြန်ထားတဲ့ ဂါဇာမြို့ Shifa ဆေးရုံအတွင်းလက်နက်တွေ တွေ့ရှိတယ်ဆိုတဲ့ ဓါတ်ပုံ (နိုဝင်ဘာ ၁၅၊ ၂၀၂၃)

ဂါဇာကမ်းမြောင်ဒေသထဲက ဂါဇာမြို့မှာရှိတဲ့ Shifa ဆေးရုံထဲမှာ ဟာမတ်စ်စစ်သွေးကြွအဖွဲ့ရဲ့ မြေအောက်လှိုဏ်ဂူတွေနဲ့ လက်နက်တွေကို အစ္စရေးတပ်တွေ ဒီနေ့လည်း ဆက်လက်ရှာဖွေနေပါတယ်။ ထောက်လှမ်းရေးသတင်းတွေအရ အကြမ်းဖက်အဖွဲ့အသုံးပြုနေတဲ့ Shifa ဆေးရုံထဲမှာ အစ္စရေးစစ်တပ်က စစ်ဆင်ရေးကို ဗုဒ္ဓဟူးနေ့ထဲက စတင်ခဲ့ပြီး ဒီနေ့ရှာဖွေတဲ့ စစ်ဆင်ရေးကို တိုးမြှင့်လုပ်နေတယ်လို့ အစ္စရေးစစ်တပ်ပြောခွင့်ရက ပြောကြားခဲ့ပါတယ်။

မနေ့တုန်းကစစ်ဆင်ရေးအတွင်း ရှာဖွေတွေ့ရှိတယ်လို့ဆိုတဲ့ လက်နက်နဲ့ ခဲယမ်းမီးကျောက်တွေကိုလည်း အစ္စရေးစစ်တပ်က Video ထုတ်ပြန်ခဲ့ပါတယ်။ အမေရိကန်အစိုးရက အကြမ်းဖက်အဖွဲ့အဖြစ်သတ်မှတ်ထားတဲ့ ဟာမတ်စ်အဖွဲ့က Shifa ဆေးရုံကို ကွပ်ကဲရေးစင်တာလိုအသုံးပြုနေတာဟာ စစ်ရာဇဝတ်မှု ကျူးလွန်တာဖြစ်တယ်လို့ အမေရိကန်သမ္မတဂျိုးဘိုင်ဒန်က ပြောကြားခဲ့ပါတယ်။ ဟာမတ်စ်အဖွဲ့ရော ဆေးရုံတာဝန်ရှိသူတွေကပါ ဆေးရုံကို စစ်ရေးအတွက်အသုံးချနေတယ်လို့ ပြောနေတာ မဟုတ်ဘူးလို့ ပယ်ချခဲ့ကြပါတယ်။ ဘိုင်ဒန်အစိုးရက မီးစိမ်းပြခဲ့လို့ အစ္စရေးစစ်တပ်က ဆေးရုံကို ဝင်စီးနေတာလို့ ဂါဇာဒေသကို အုပ်ချုပ်နေတဲ့ ဟာမတ်စ်အုပ်ချုပ်ရေးအဖွဲ့က ကြေညာချက်ထုတ်ပြန်ပါတယ်။ ဒါဟာ မမှန်ဘူးလို့ အိမ်ဖြူတော်က ငြင်းဆန်ပါတယ်။ဆေးရုံကို ဝင်ရောက်စီးနင်းရှာဖွေတာဟာ လုံးဝလက်ခံနိုင်စရာ အကြောင်းမရှိဘူးလို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO အကြီးအကဲက ပြောပါတယ်။

အစ္စရေးစစ်တပ်ကထုတ်ပြန်ထားတဲ့ ဂါဇာမြို့ Shifa ဆေးရုံအတွင်းလက်နက်တွေ တွေ့ရှိတယ်ဆိုတဲ့ ဓါတ်ပုံ (နိုဝင်ဘာ ၁၅၊ ၂၀၂၃)
အစ္စရေးစစ်တပ်ကထုတ်ပြန်ထားတဲ့ ဂါဇာမြို့ Shifa ဆေးရုံအတွင်းလက်နက်တွေ တွေ့ရှိတယ်ဆိုတဲ့ ဓါတ်ပုံ (နိုဝင်ဘာ ၁၅၊ ၂၀၂၃)

ဟာမတ်စ်စစ်သွေးကြွတွေ ဖမ်းဆီးထားတဲ့ ဓါးစာခံတွေအားလုံးကို ပြန်လွှတ်ပေးဖို့နဲ့ လူသားချင်းစာနာမှုနဲ့ တိုက်ခိုက်မှုတွေကို အရေးပေါ် ရပ်ဆိုင်းထားဖို့တောင်းဆိုတဲ့ လုံခြုံရေးကောင်စီဆုံးဖြတ်ချက်ကို ဗုဒ္ဓဟူးနေ့က ချမှတ်ခဲ့ပါတယ်။ အဲဒီဆုံးဖြတ်ချက်ကို အမေရိကန်၊ ဗြိတိန်နဲ့ ရုရှားတို့က မဲမပေးဘဲ နေခဲ့ကြပါတယ်။ အောက်တိုဘာ ၇ ရက်နေ့က အစ္စရေးမြို့တွေမှာ ၁၄၀၀ ထက်မနည်းသေကြေအောင် ဟာမတ်စ်စစ်သွေးကြွတွေတိုက်ခိုက်ခဲ့မှုကို ဆုံးဖြတ်ချက်မူကြမ်းထဲမှာ ထည့်သွင်းဖော်ပြခြင်းမရှိတဲ့အတွက် မဲမပေးဘဲ ကြားနေတာဖြစ်တယ်လို့ ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီး Linda Thomas-Greenfield ကပြောကြားခဲ့ပါတယ်။

XS
SM
MD
LG