သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂါဇာဆေးရုံအနီး တိုက်ပွဲအန္တရာယ် WHO အကြီးအကဲသတိပေး


ဂါဇာဒေသ အကြီးဆုံး Shifa ဆေးရုံမြင်ကွင်း (နိုဝင်ဘာ ၁၀ ရက်၊ ၂၀၂၃)
ဂါဇာဒေသ အကြီးဆုံး Shifa ဆေးရုံမြင်ကွင်း (နိုဝင်ဘာ ၁၀ ရက်၊ ၂၀၂၃)

တိုက်ပွဲတွေဖြစ်ပွားနေတဲ့ ဂါဇာဒေသမှာ အကြီးဆုံးဖြစ်တဲ့ Shifa ဆေးရုံဟာ ဆေးဖက်ဆိုင်ရာ လုပ်ငန်းတွေ မလုပ်နိုင်တော့သလို၊ အန္တရာယ်ရှိတဲ့ အရေးပေါ် အခြေအနေနဲ့ ရင်ဆိုင်နေရတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ညွှန်ကြားရေးမှူးချုပ် Tedros Adhanom Ghebreyesus က ပြောလိုက်ပါတယ်။

ဆေးရုံအနီး အဆက်မပြတ် ပစ်ခတ်မှုတွေနဲ့ ဗုံးဒဏ်ကြောင့် အခြေအနေ ပိုဆိုးလာနေတယ်လို့လည်း WHO အကြီးအကဲက ပြောခဲ့တာပါ။ အစ္စရေးဝန်ကြီးချုပ် Benjamin Netanyahu ကတော့ ဝိုင်းရံပိတ်ဆို့ခံထားရတဲ့ Shifa ဆေးရုံက လူနာတွေကို ဘေးကင်းတဲ့နေရာကို ကယ်ထုတ်ဖို့ ဖြစ်နိုင်ပေမဲ့၊ အန္တရာယ်ဖြစ်အောင် ဟားမတ်စ် တွေက နည်းလမ်းပေါင်းစုံနဲ့ လုပ်နေတာလို့ မနေ့က ပြောလိုက်ပါတယ်။

လူနာ ၁၀၀ လောက်ကို ဘေးကင်းရာ ကယ်ထုတ်ခဲ့ပြီး အနီးဝန်းကျင်က ထောင်သောင်းချီတဲ့ ပါလက်စတိုင်းတွေကိုလည်း ဂါဇာဒေသတောင်ဘက်ပိုင်းကို အန္တရာယ်မရှိအောင် ရွှေ့ပြောင်းပေးခဲ့ကြောင်းလည်း အမေရိကန် ရုပ်သံ CNN နဲ့ မေးမြန်းခန်းမှာ အစ္စရေးဝန်ကြီးချုပ်က ပြောခဲ့တာပါ။

တိုက်ပွဲတွေဟာ ဆေးရုံအနီးဝန်းကျင်းမှာ ဆက်လက် ဖြစ်ပွားနေတယ်လို့လည်း ဆေးရုံရဲ့ အကြီးအကဲ ညွှန်ကြားရေးမှူး Mohammad Abu Salmiya က ပြောပါတယ်။

အိမ်ဖြူတော် အမျိုးသားလုံခြုံရေးအကြံပေး Jake Sullivan ကတော့ အမေရိကန်ပြည်ထောင်စု အနေနဲ့ ဆေးရုံမှာ ဖြစ်နေတဲ့ တိုက်ပွဲတွေကြားမှာ ဆေးကုသမှုခံယူနေတဲ့ အပြစ်မဲ့ပြည်သူတွေ ပိတ်မိနေတာကို မမြင်လိုတဲ့အတွက် အစ္စရေးကာကွယ်ရေး တပ်ဖွဲ့တွေနဲ့ ဆွေးနွေးမှုတွေ လုပ်နေတယ်လို့ CBS အမေရိကန် သတင်းဌာနနဲ့ မေးမြန်းခန်းမှာ ပြောပါတယ်။

အစ္စရေးနဲ့ ဟားမတ်စ်စစ်ပွဲကြောင့် ပါလက်စတိုင်းမှာ သေဆုံးသူ ဦးရေဟာ ၁၁,၀၀၀ ကျော်အထိ တိုးလာခဲ့ပြီး ၄၀ ရာခိုင်နှုန်းဟာ ကလေးငယ်တွေဖြစ်တယ်လို့ ပါလက်စတိုင်း တာဝန်ရှိသူတွေကပြောပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အကြီးအကဲကတော့ ၁၀ မိနစ်တိုင်းမှာ ကလေးတယောက်နှုန်းနဲ့ သေဆုံးနေတယ်လို့ ပြောပါတယ်။

ဂါဇာဆေးရုံအနီး တိုက်ပွဲအန္တရာယ် WHO အကြီးအကဲသတိပေး
please wait

No media source currently available

0:00 0:00:46 0:00
တိုက်ရိုက် လင့်ခ်
XS
SM
MD
LG