သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂါဇာတိုက်ပွဲကြား ဆေးရုံက ကလေးတွေ ကယ်ထုတ်ဖို့စီစဉ်


ဂါဇာဒေသ Shifa ဆေးရုံရှေ့ (နိုဝင်ဘာ ၁၀၊ ၂၀၂၃)
ဂါဇာဒေသ Shifa ဆေးရုံရှေ့ (နိုဝင်ဘာ ၁၀၊ ၂၀၂၃)

အစ္စရေးနဲ့ Hamas စစ်ပွဲဖြစ်နေတဲ့ ဂါဇာဒေသမှာ မြေပြင်တိုက်ပွဲတွေနဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ညဘက်မှာ ဆက်လက် ဖြစ်ပွားခဲ့ပါတယ်။ ဂါဇာဒေသမှာ အကြီးဆုံးဖြစ်တဲ့ Shifa ဆေးရုံကိုလည်း လုံးဝပိတ်ဆို့ဝိုင်းရံခံထားရကြောင်း ညွှန်ကြားရေးမှူး Mohammad Abu Salmiya က မနေ့နှောင်းပိုင်းမှာပဲ ပြောခဲ့တာပါ။

အစ္စရေးစစ်တပ်ကတော့ စာနာမှုပြဿနာ အကြီးအကျယ် ကြုံနေရတဲ့ Shifa ဆေးရုံကနေ ဒီကနေ့ ကလေးတွေကို ဘေးလွတ်ရာ ကယ်ထုတ်နိုင်အောင် ကူညီမယ်လို့ ပြောပါတယ်။ ဆေးရုံမှာသုံးနေတဲ့ မီးစက်အတွက် စက်သုံးဆီပြတ်လပ်ခဲ့ရာက မနေ့တုန်းက ကလေးငယ် ၂ ယောက် သေဆုံးခဲ့ပြီး၊ နောက်ထပ်လည်း အသက်အန္တရာယ် ထိခိုက်မဲ့ အခြေအနေနဲ့ ရင်ဆိုင်နေရတာပါ။ ညဘက်မှာ တိုက်ပွဲတွေ ဆက်ဖြစ်နေတာကြောင့် ကလေးတွေကို ဘေးလွတ်ရာ ကယ်ထုတ်မယ့် အစီအစဉ် အထမြောက် မမြောက်ဆိုတာလည်း ရှင်းရှင်းလင်းလင်း မသိရပဲ ဖြစ်နေပါတယ်။

အစ္စရေး ဝန်ကြီးချုပ် Benjamin Netanyahu ကတော့ အောက်တိုဘာလ ၇ ရက်နေ့က ဟားမတ်တိုက်ခိုက်မှုအတွင်း ဖမ်းဆီးသွားတဲ့ ဓားစာခံတွေ ပြန်လွှတ်မယ့် အစီအစဉ် မပါဘဲ အပစ်အခတ် ရပ်စဲရေး မလုပ်နိုင်ဘူးလို့ တစိုက်မတ်မတ် ငြင်းဆန်ထားပါတယ်။ ဂါဇာမှာရှိတဲ့ ဆေးရုံတွေ ဗုံးဒဏ်အပြင်းအထန် ခံနေရတယ်လို့လည်း ပြင်သစ်နိုင်ငံ အခြေစိုက် နယ်စည်းမခြား ဆရာဝန်များအဖွဲ့ (MSF) ကပြောပါတယ်။

ဂါဇာတိုက်ပွဲကြား ဆေးရုံက ကလေးတွေ ကယ်ထုတ်ဖို့စီစဉ်
please wait

No media source currently available

0:00 0:00:56 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG