သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပါလက်စတိုင်းထောက်ခံသူသိန်းနဲ့ချီလန်ဒန်မှာဆန္ဒပြ


Protesters gather with placards and flags for the 'National March For Palestine' in central London on November 11, 2023, calling for a ceasefire in the conflict between Israel and Hamas.
Protesters gather with placards and flags for the 'National March For Palestine' in central London on November 11, 2023, calling for a ceasefire in the conflict between Israel and Hamas.

ဗြိတိန်နိုင်ငံမှာ သိန်းနဲ့ချီတဲ့ ပါလက်စတိုင်းအရေးဆန္ဒပြသူတွေဟာ စနေနေ့ကလန်ဒန်မြို့ထဲမှာချီတက်ခဲ့ ကြပြီးဂါဇာဒေသအပစ်အခတ်ရပ်ဆဲရေးကိုထပ်မံတောင်းဆိုခဲ့ကြပါတယ်။ ဗြိတိန်နိုင်ငံရဲ့ ပထမ ကမ္ဘာစစ်ပြီးတဲ့နှစ်ပတ်လည်နေ့နဲ့တိုက်ဆိုင်စွာဘဲ “ နိုင်ငံလုံးကျွတ် ပါလက်စတိုင်းအရေးချီတက်ပွဲ” ကိုပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။

ဗြိတိန်နိုင်ငံမှာ သိန်းနဲ့ချီတဲ့ ပါလက်စတိုင်းအရေးဆန္ဒပြသူတွေဟာ စနေနေ့ကလန်ဒန်မြို့ထဲမှာချီတက်ခဲ့ ကြပြီးဂါဇာဒေသအပစ်အခတ်ရပ်ဆဲရေးကိုထပ်မံတောင်းဆိုခဲ့ကြပါတယ်။

ဗြိတိန်နိုင်ငံရဲ့ ပထမ ကမ္ဘာစစ်ပြီးတဲ့နှစ်ပတ်လည်နေ့နဲ့တိုက်ဆိုင်စွာဘဲ “ နိုင်ငံလုံးကျွတ် ပါလက်စတိုင်းအရေးချီတက်ပွဲ” ကိုပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။ ဆန္ဒပြပွဲကိုလန်ဒန်မြိုလည်ခေါင်မှာရှိတဲ့ The Cenotaph စစ်ဗိမာန်မှာ ၂ မီးနစ်ငြိမ် သက်အလေးပြုပြီးစတင်ခဲ့တာပါ။

ဆန္ဒပြချီတက်သူ၃သိန်းလောက်ရှိတယ်လို့ရဲတပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူ ကခန့်မှန်းပြောဆိုပါတယ်။ အောက်တိုဘာ၇ရက်နေ့ကဟားမတ်စ်အဖွဲ့တွေဝင်ရောက်တိုက်ခိုက်ခဲ့တဲ့အတွ က်အစ္စရေး ၁၂၀၀ ကျော်လောက်သေဆုံးခဲ့ပြီး၊ အစ္စရေးကဂါဇာဒေသကိုလက်တုန့်ပြန်တိုက်ခိုက်တာကြော င့် အရပ်သား ၁ သောင်း ၁ ထောင်လောက်သေဆုံးခဲ့ပြီဖြစ်ပါတယ်။

နိုင်ငံရေးရပ်တည်ချက်တွေ၊ အခြားကိ စ္စတွေအသာထားပြီး၊ လူတွေသေနေတာကိုရပ်အောင်လုပ်ဖို့လိုတယ်လို့ Leicester ကနေလာရောက်ဆန္ဒ ပြသူ Shiraz Bobra ကပြောပါတယ်။

ဆန္ဒပြသူတွေဟာ အပစ်အခတ်ရပ်ပါ။ ပါလက်စတိုင်းလွတ်မြောက်ပါ စေဆိုတဲ့ကြွေးကြော်သံတွေအော်ဟစ်ခဲ့ကြပါတယ်။ ဒီဆန္ဒပြပွဲမှာလူပေါင်း ၁၅၀ လောက်အဖမ်းခံခဲ့ရပါတယ်။

ဝန်ကြီးချုပ် Rishi Sunak ကတော့ ဒီဆန္ဒပြ ပွဲတွေကို လက်ယာစွန်းနိုင်ငံရေးသမားတွေပါဝင်တဲ့ English Defense league နဲ့ ဟားမစ်စာနာထောက်ခံသူတွေဦး ဆောင်တာဖြစ်ပြီး၊ အကြမ်းဖက်မှု တွေကျူးလွန်တဲ့အတွက်ဆိုကာပစ်တင်ရှုံချပါတယ်။ ဝန်ကြီးချုပ် Sunak ဟာပြီးခဲ့တဲ့အောက်တိုဘာလထဲ တုန်းကအစ္စရေးကိုသွားရောက်ခဲ့ပြီး၊ အစ္စရေးရဲ့ဟားမတ်စ်ကို တိုက်ခိုက်တဲ့ စစ်ပွဲကိုထောက်ခံ ကြောင်းပြောဆိုခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG