သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂါဇာအုပ်ချုပ်မှု ပါလက်စတိုင်းတွေ ကိုယ်တိုင်ဆုံးဖြတ်ရမယ်လို့ ကန်ရှုမြင် 


မေရိကန်သမ္မတအိမ်ဖြူတော် အမျိုးသားလုံခြုံရေးကောင်စီ ပြောခွင့်ရသူ John Kirby
မေရိကန်သမ္မတအိမ်ဖြူတော် အမျိုးသားလုံခြုံရေးကောင်စီ ပြောခွင့်ရသူ John Kirby

စစ်ပွဲပြီးသွားရင်တော့ ဂါဇာကမ်းမြောင်ကို ဘယ်သူအုပ်ချုပ်မလဲဆိုတာကို ပါလက်စတိုင်းတွေက ဆုံးဖြတ်ရမှာဖြစ်တယ်လို့ အမေရိကန်သမ္မတအိမ်ဖြူတော် အမျိုးသားလုံခြုံရေးကောင်စီ ပြောခွင့်ရသူ John Kirby က ပြောပါတယ်။

စစ်ပွဲအလွန်ကာလ အုပ်ချုပ်ရေးမှာ ပါလက်စတိုင်းဦးဆောင်တဲ့အုပ်ချုပ်မှုပါဝင်ပြီး ဂါဇာကို ပါလက်စတိုင်းအာဏာပိုင်အောက် ဂျော်ဒန်မြစ်အနောက်ဘက်ကမ်းဒေသနဲ့ ပေါင်းစည်းရမယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken က ဗုဒ္ဓဟူးနေ့ အစောပိုင်းက ပြောဆိုခဲ့တဲ့နောက်၊John Kirby ရဲ့ အခု မှတ်ချက်စကား ထပ်ထွက်ပေါ်လာတာပါ။ အစ္စရေးကသိမ်းပိုက်ထားတဲ့ အနောက်ဖက်ကမ်းအစိတ်အပိုင်းတွေကို အုပ်ချုပ်နေတဲ့ ပါလက်စတိုင်းအာဏာပိုင်က ဂါဇာကို ကြီးကြပ်တာကို လိုလားသလားလို့ သတင်းထောက်တွေက မေးမြန်းတာမှာ ပါလက်စတိုင်းတွေအနေနဲ့ သူတို့အနာဂတ်ကို သူတို့စီရင်ရမယ်လို့ အမေရိကန်အစိုးရအနေနဲ့ ယုံကြည်တဲ့အကြောင်း John Kirby က တုန့်ပြန်ခဲ့ပါတယ်။

ဂါဇာနဲ့ အနောက်ဖက်ကမ်းဟာ ပါလက်စတိုင်းပြည်သူတွေအတွက်ဖြစ်ပြီး သူတို့ဆန္ဒအတိုင်း မဲပေးဖို့နဲ့ သူတို့နေထိုင်ရာအရပ်မှာ ဘယ်လိုအစိုးရမျိုးလိုချင်လဲဆိုတာကို သူတို့ကိုယ်တိုင် ဆုံးဖြတ်ကြရမှာဖြစ်တယ်လို့ John Kirby က ပြောပါတယ်။ ပါလက်စတိုင်းတွေရဲ့ အနာဂတ်ကို သူတို့ကိုယ်တိုင်ပဲ ဆုံးဖြတ်ရမယ်ဆိုတဲ့ နိုင်ငံခြားရေးဝန်ကြီး Blinken ရဲ့ ပြောဆိုချက်ကို John Kirby က ထပ်လောင်း ပြောဆိုခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG