သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အရှေ့အလယ်ပိုင်းအရေး ဆွေးနွေးဖို့ ဝန်ကြီးဘလင်ကန် အစ္စရေးပြန်ရောက်

အစ္စရေးနိုင်ငံမြို့တော် Tel Aviv ကို ရောက်ရှိလာတဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken (အောက်တိုဘာ ၁၆၊ ၂၀၂၃)
အစ္စရေးနိုင်ငံမြို့တော် Tel Aviv ကို ရောက်ရှိလာတဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken (အောက်တိုဘာ ၁၆၊ ၂၀၂၃)

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန် (Antony Blinken) ဟာ ဒေသတွင်းနိုင်ငံတွေကို သွားရောက်ခဲ့ပြီးနောက် ဒီနေ့ပဲ အစ္စရေးကို နောက်တခေါက် ပြန်ရောက်ပါတယ်။ အစ္စရေးကို ပြန်မလာခင်မှာတော့ လိုအပ်သူတွေကို ကုလသမဂ္ဂက အကူအညီပေးနိုင်အောင် ဂါဇာဒေသကို ဝင်ခွင့်ရရေး အီဂျစ်နိုင်ငံနဲ့အတူ ကြိုးပမ်းနေတယ်လို့ပြောပါတယ်။

အစ္စရေးအနေနဲ့ ဟားမတ်စ်တိုက်ခိုက်မှုကို ခုခံကာကွယ်ပိုင်ခွင့်ရှိသလို၊ နောက်ထပ် အလားတူ မကြုံရအောင် ကြိုးပမ်းဖို့လည်း တာဝန်ရှိပါတယ်လို့ အီဂျစ်သမ္မတ Abdel Fattah el-Sisi နဲ့ တွေ့ဆုံအပြီး မနေ့က သတင်းစာရှင်းလင်းပွဲမှာ ဝန်ကြီးဘလင်ကန် ပြောသွားတာပါ။ ဘာရိန်း၊ အီဂျစ်၊ ဂျော်ဒန်၊ ပါလက်စတိုင်း အာဏာပိုင်အဖွဲ့၊ ကာတာ၊ ဆော်ဒီအာရေးဗီးယားနဲ့ အာရပ်စော်ဘွားများပြည်ထောင်စု (UAE) ခေါင်းဆောင်တွေနဲ့ တွေ့ဆုံခဲ့ရာမှာတော့ ဟာမတ်စ်တွေကို တိုက်ခိုက်နေတဲ့ အစ္စရေးကို အမေရိကန်က အားပေးထောက်ခံကြောင်း ပြောပါတယ်။

အီဂျစ်သမ္မတကတော့ ဂါဇာဒေသမှာ အစ္စရေးရဲ့ စစ်ဆင်ရေးတွေဟာ ခုခံကာကွယ်ပိုင်ခွင့်ထက် ကျော်လွန်နေပြီး အပြစ်ပေးရာ ရောက်နေတယ်လို့ ဝန်ကြီးဘလင်ကန်နဲ့ တွေ့ဆုံရာမှာ ပြောခဲ့ကြောင်း အီဂျစ်နိုင်ငံပိုင် သတင်းတွေမှာ ဖော်ပြခဲ့ပါတယ်။ အီဂျစ်သမ္မတရဲ့ ပြောဆိုချက်ဟာ အာရပ်ခေါင်းဆောင်တွေနဲ့ တွေ့ဆုံမှုတွေအတွင်း အပြင်းထန်ဆုံး မှတ်ချက်တခုလည်း ဖြစ်ခဲ့ပါတယ်။

အရှေ့အလယ်ပိုင်းအရေး ဆွေးနွေးဖို့ ဝန်ကြီးဘလင်ကန် အစ္စရေးပြန်ရောက်
please wait

No media source currently available

0:00 0:01:17 0:00
တိုက်ရိုက် လင့်ခ်
This item is part of
XS
SM
MD
LG