သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂါဇာကနေ အမေရိကန်တွေ ထွက်ခွာနိုင်  


Rafah နယ်စပ် ဂိတ် အီဂျစ်နိုင်ငံဘက်ကနေ ပါလက်စတိုင်းထဲပေးပို့မဲ့ လူသားချင်းစာနာမှုအကူအညီယာဉ်တန်းများ (အောက်တိုဘာ ၁၄၊ ၂၀၂၃)
Rafah နယ်စပ် ဂိတ် အီဂျစ်နိုင်ငံဘက်ကနေ ပါလက်စတိုင်းထဲပေးပို့မဲ့ လူသားချင်းစာနာမှုအကူအညီယာဉ်တန်းများ (အောက်တိုဘာ ၁၄၊ ၂၀၂၃)

ဟာမတ် (Hamas) စစ်သွေးကြွအဖွဲ့ကို လက်တုံ့ပြန်ပြီး အစ္စရေးဘက်က လေကြောင်းတိုက်ခိုက်နေတဲ့ ဂါဇာဒေသထဲ ပိတ်မိနေတဲ့ အမေရိကန်နိုင်ငံသားတွေအနေနဲ့ Rafah နယ်စပ် ဂိတ်ကနေ အီဂျစ်နိုင်ငံဘက်ကို ဒီနေ့ စနေနေ့မှာ ဖြတ်သန်း ထွက်ခွာခွင့်ပြုဖို့ အစ္စရေးနဲ့ အီဂျစ်နိုင်ငံတို့ သဘောတူခဲ့တယ်လို့ အမေရိကန် အရာရှိတဦးက ပြောပါတယ်။

ပိတ်မိနေတဲ့ အမေရိကန်နိုင်ငံသားတွေအနေနဲ့ ဂါဇာကနေ ထွက်ခွာလို့ရနိုင်တဲ့ တခုတည်းသော ထွက်ပေါက်ဖြစ်တဲ့ အဲဒီ အီဂျစ်နယ်စပ်ကနေ စနေနေ့ နေ့လည် ၁၂ နာရီကနေ ညနေ ၅ နာရီအကြား ထွက်ခွာခွင့်ပြုထားမယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken နဲ့အတူ အရှေ့အလယ်ပိုင်းခရီးစဉ်ကို လိုက်ပါလာတဲ့ အမေရိကန်အရာရှိက ပြောပါတယ်။ ဒါ့အပြင် ကာတာနိုင်ငံကလည်း ဟာမတ်အဖွဲ့အနေနဲ့ ပူးပေါင်း ဆောင်ရွက်မှုတွေ လုပ်ဆောင်ဖို့ ဆွေးနွေး ပြောဆိုထားတယ်လို့ အဲဒီ အမေရိကန်အရာရှိက ပြောပါတယ်။

အစ္စရေးနဲ့ ဟာမတ်တို့ကြား စစ်ပွဲတွေ ကျယ်ပြန့် မသွားအောင်နဲ့ ဓါးစာခံဖမ်းခံထားရတဲ့ အမေရိကန်တွေ လွတ်မြောက်လာအောင်ကြိုးပမ်းတဲ့အနေနဲ့ အရှေ့အလယ်ပိုင်းဒေသကို ခရီးထွက်နေတဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken ဟာ ဒီနေ့ Saudi Arabia နိုင်ငံမှာ နိုင်ငံခြားရေးဝန်ကြီး မင်းသား Faisal Bin Farhan နဲ့ ဂါဇာဒေသအရေးကို ဆွေးနွေးခဲ့ပါတယ်။ ပြီးခဲ့တဲ့ စနေနေ့က Hamas စစ်သွေးကြွတွေ အစ္စရေးမြို့တွေထဲ ဝင်ပြီး လူပေါင်း ၁၃၀၀ လောက်သေဆုံးအောင် တိုက်ခိုက်သတ်ဖြစ်တာဟာ အံ့ဩစရာကောင်းလောက်အောင် နားလည်လို့မရတဲ့ကိစ္စဖြစ်တယ်လို့ ဝန်ကြီး Blinken ကဖော်ပြပြောဆိုခဲ့ပါတယ်။ Saudi နိုင်ငံခြားရေးဝန်ကြီးကလည်း ပြဿနာ ပိုကြီးမလာအောင် အမြန်ဆုံး အရှိန်လျော့ကြဖို့ အလေးထားပြောပြီး အရပ်သားတွေအပေါ် တိုက်ခိုက်တဲ့ ၂ ဘက်လုံးကို အပြစ်တင်ခဲ့ပါတယ်။

ဂါဇာကမ်းမြောင်ဒေသက ပါလက်စတိုင်းပိုင်နက်ကို ထိန်းချုပ်ထားတဲ့ Hamas စစ်သွေးကြွတွေအပေါ် အစ္စရေးဘက်က လက်တုံ့ပြန်ပြီး ဂါဇာကို ပြီးခဲ့တဲ့ စနေနေ့ထဲက လေကြောင်းတိုက်ခိုက်မှုတွေ လုပ်နေပါတယ်။ အစ္စရေးတို့ တိုက်ခိုက်မှုကြောင့် ကလေးငယ် ၇၀၀ ကျော် အပါအဝင် လူပေါင်း ၂,၂၀၀ ကျော်သေဆုံးခဲ့တယ်လို့ ပါလက်စတိုင်း ကျန်းမာရေးတာဝန်ရှိသူတွေက ဒီကနေ့ ပြောပါတယ်။ သေဆုံးသူတွေထဲ အမျိုးသမီး ၄၅၀ ထက်မနည်း ယောက်ပါဝင်တယ်လို့ ပြောပါတယ်။ လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း သေဆုံးသူ အနည်းဆုံး ၃၂၄ ယောက်ရှိခဲ့တယ်လို့ ဂါဇာဒေသထဲက ပါလက်စတိုင်း ကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။

ဂါဇာကနေ အမေရိကန်တွေ ထွက်ခွာနိုင်  
please wait

No media source currently available

0:00 0:01:21 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG