သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစ္စရေး-ဟားမတ်စ်ပဋိပက္ခကြောင့် ကမ္ဘာ့အနှံ့ ဂျူးဆန့်ကျင်ရေးတိုးလာဖွယ်ရှိ


ဟားမတ်စ် ထောက်ခံသူတွေက ဂါဇာကမ်းမြောင်ဒေသကို အစ္စရေးတို့ ဗုံးကြဲတိုက်ခိုက်မှုကို ကန့်ကွက်ပြီး ပါလက်စတိုင်းအလံတွေကိုင်ပြီး ဟေဘရွန်မြို့မှာ ချီတက်လာစဥ်။ (အောက်တိုဘာ ၁၁၊ ၂၀၂၃)
ဟားမတ်စ် ထောက်ခံသူတွေက ဂါဇာကမ်းမြောင်ဒေသကို အစ္စရေးတို့ ဗုံးကြဲတိုက်ခိုက်မှုကို ကန့်ကွက်ပြီး ပါလက်စတိုင်းအလံတွေကိုင်ပြီး ဟေဘရွန်မြို့မှာ ချီတက်လာစဥ်။ (အောက်တိုဘာ ၁၁၊ ၂၀၂၃)

အစ္စရေးနဲ့ဟားမတ်စ်တို့ကြား ပဋိပက္ခပြင်းထန်လာတဲ့အတွက် အမေရိကန်၊ ဗြိတိန်နဲ့ သြစတြေးလျအပါအဝင် ကမ္ဘာအနှံ့ကဂျူးလူမျိုးတွေဟာ ဂျူးဆန့်ကျင်ရေးတဟုန်ထိုးမြင့်တက်လာမယ့်အန္တရာယ်ရှိနေပါတယ်။

ဂျူးဆန့်ကျင်ရေးအသံတွေဟာ IS အစ္စလာမစ်အစွန်းရောက်တွေနဲ့ လူဖြူအစွန်းရောက်တွေအသုံးများတဲ့ တယ်လီဂရမ် လူမှုဆက်သွယ်ရေးကွန်ယက်မှာ အောက်တိုဘာလ ၇ ရက်က ၄၈၈ ရာခိုင်နှုန်းအထိမြင့်တက်လာခဲ့တယ်လို့ အမေရိကန်ပြည်ထောင်စုမှာအခြေစိုက်တဲ့ ဂျူးအခွင့်အရေးအဖွဲ့ Anti Defamation League ကပြောထားပါတယ်။

အမေရိကန်ပြည်ထောင်စု Salt Lacke City မှာဗုံးခွဲတိုက်ခိုက်မယ်ဆိုတဲ့ခြိမ်းခြောက်မှုကြုံခဲ့သလို စိန့်လူးဝစ်မှာလည်း ကုန်ကားပေါ်မှာဂျူးဆန့်ကျင်ရေးစာတမ်းတွေရေးသားခဲ့တဲ့အတွက် ရဲတွေကအရေးယူဆောင်ရွက်ခဲ့ရပါတယ်။ ဗြိတိန်နိုင်ငံမှာတော့ အစ္စရေး ဟားမတ်စ် ပဋိပက္ခစတင်ပြီး ၄ ရက်အတွင်း ဂျူးဆန့်ကျင်ရေးဖြစ်ရပ်တွေဟာ ၃၀၀ ရာနှုန်း အထိမြင့်တက်ခဲ့တယ်လို့ Community Security Trust အဖွဲ့ကဖေါ်ပြပါတယ်။

အမေရိကန်ပြည်ထောင်စုမှာ Hamas ဟားမတ်စ်အဖွဲ့ကိုထောက်ခံတဲ့ဆန္ဒပြပွဲတချို့ နယူးယောက် ဝါရှင်တန် ဒီစီ၊ ဖိလာဒဲဖီးယား၊ ဆန်ဖရန်စ္စကိုနဲ့ ချီကာဂိုမြို့ကြီးတွေအပါအဝင် အမေရိကန်မြို့ကြီးတချို့မှာ ဖြစ်ပွားခဲ့တယ်လို့ American Jewish Committee ကပြောဆိုပါတယ်။ သြစတြေးလျနိုင်ငံ Sydney က ကဇတ်ရုံရှေ့မှာဆန္ဒပြခဲ့တဲ့ အမည်မသိအဖွဲ့တဖွဲ့က ဂျူးတွေကို ဓာတ်ငွေ့လွှတ်သတ်လို့ အော်ဟစ်ခဲ့တဲ့အတွက် ရဲတွေကစုံစမ်းနေပါတယ်။

အစ္စရေး-ဟားမတ်စ် စစ်ပွဲကြောင့် ကမ္ဘာအနှံ့ လူမျိုးရေးမုန်းတီးမှုတွေနဲ့ ဂျူးဆန့်ကျင်ရေးတွေ မြင့်တက်လာနိုင်တယ်လို့ သမ္မတဘိုင်ဒန်ကလည်းပြောထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG