သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂျူးဆန့်ကျင်ရေးအမုန်းတရားလုပ်ရပ်များ အမေရိကန်မှာ မကြုံစဖူးတိုးလာ


US Antisemitism Audit
US Antisemitism Audit

=== [[ ZAWGYI ]] ===

ဂျူးဆန့်ကျင်ရေးအမုန်းတရားလုပ်ရပ်များ အမေရိကန်မှာ မကြုံစဖူးတိုးလာ

အမေရိကန်ပြည်ထောင်စုမှာ ဂျူးတွေအပေါ် ပစ်မှတ်ထားပြီး ပြင်းထန်စွာ ကိုယ်ထိ လက်ရောက် ကျူးလွန်မှုတွေ၊ ဖျက်ဆီးမှုတွေနဲ့ ခြိမ်းခြောက်မှုတွေဟာ မနှစ်တုန်းက မကြုံစဖူး ထပ်တိုးလာနေတယ်လို့ အသရေဖျက်မှု တိုက်ဖျက်ရေးအဖွဲ့ ADL က ကြာသာပတေးနေ့မှာ ပြောပါတယ်။

နှစ်စဉ် မှတ်တမ်းတွေရ ၂၀၂၂ ခုနှစ်မှာ ဂျူးဆန့်ကျင်ရေး ဖြစ်ရပ်ပေါင်း ၃,၇၀၀ နီးပါး ရှိခဲ့တာကြောင့် ဒါဟာ ၂၀၂၁ ကနဲ့ စာရင် ၃၆ % တိုးလာတာဖြစ်သလို ၁၉၇၉ ခုနှစ်က စကြည့်ရင်တော့ ဒါဟာ အမြင့်မားဆုံးဖြစ်ကြောင်း ဂျူးလူ့အခွင့်ရေးဆိုင်ရာအဖွဲ့က ပြောပါတယ်။

လွန်ခဲ့တဲ့ ၅ နှစ်တာ ကာလအတွင်းမှာဆိုရင်တော့ ဒါဟာ တတိယအကြိမ်မြောက် ဂျူးဆန့်ကျင်ရေးဖြစ်ရပ် စံချိန်တင် များခဲ့တာဖြစ်ကြောင်းလည်း ALD က ပြောပါတယ်။

၂၀၁၈ တုန်းက လူဖြူ အစွန်းရောက်တဦးရဲ့ သတ်ဖြတ်မှုကြောင့် Pittsburgh ဂျူးဘုရားကျောင်းမှာ ဝတ်ပြုနေသူ ၁၁ ဦး ဆုံးပါးခဲ့ရပြီး ဒါဟာ အမေရိကန်ဂျူး အသိုင်းအဝိုင်းမှာ အသေအပျောက် အများဆုံး တိုက်ခိုက်ခံရမှုဖြစ်ကြောင်းလည်း ပြောပါတယ်။

ဂျူးတွေအပေါ် ကျူးလွန်တဲ့ တိုက်ခိုက်မှု ပုံစံက ၃ မျိုးရှိပြီး ကိုယ်ထိလက်ရောက် ကျူးလွန်တာ၊ ဖျက်ဆီးတာနဲ့ ခြိမ်းခြောက်တာတွေဖြစ်ပြီး၊ ဒီ ၃ မျိုးစလုံး တိုးလာတာ တွေ့ရတယ်လို့ ADL အကြီးအကဲ Jonathan Greenblatt က ပြောပါတယ်။ လူဖြူ အစွန်းရောက်တွေက Orthodox ဂျူးတွေအပေါ် တိုက်ခိုက်မှုတွေ တိုးလာတဲ့အပြင် ဂျူးအဆောက်အအုံတွေ၊ ကျောင်းတွေနဲ့ ကောလိပ်ဝင်းတွေမှာ ဗုံးနဲ့ အခြိမ်းခြောက်ခံရမှုတွေပါ ရှိလာတယ်လို့ ပြောပါတယ်။

FBI ဗဟိုအစိုးရ စုံစမ်းစစ်ဆေးရေး ဗျူရိုရဲ့ နောက်ဆုံး ထုတ်ပြန်ချက်အရ ဘာသာရေး အခြေခံတဲ့ အမုန်းပွါးရာဇဝတ်မှုတွေဟာ ၂၀၁၆ မှာ ၁,၂၀၀ ကျော်ရှိနေရာကနေ ၂၀၂၁ မှာတော့ ၂၂ % တိုးလာတယ်လို့ ဖေါ်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်

=== {{ UNICODE }} ===








XS
SM
MD
LG