သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဝန်ကြီး Lavrov ရဲ့ ဂျူး ဆန့်ကျင်ရေး မှတ်ချက်အတွက် အစ္စရေးဝန်ကြီးချုပ်ကို သမ္မတ Putin တောင်းပန်


ဒုတိယ ကမ္ဘာစစ်အောင်နိုင်ခြင်း (၇၄)နှစ်မြောက် အခမ်းအနားမှာ ရုရှားသမ္မတ ပူတင်က သူ့ဖခင် ရုရှားစစ်အရာရှိ Vladimir Spiridonovich Putin ရဲ့ပုံ ကိုင်ရင်း မော်စကို ရင်ပြင်နီမှာ ချီတက်လာတာကို တွေ့ရစဉ်။ ( File Photo : May 9, 2019 )
ဒုတိယ ကမ္ဘာစစ်အောင်နိုင်ခြင်း (၇၄)နှစ်မြောက် အခမ်းအနားမှာ ရုရှားသမ္မတ ပူတင်က သူ့ဖခင် ရုရှားစစ်အရာရှိ Vladimir Spiridonovich Putin ရဲ့ပုံ ကိုင်ရင်း မော်စကို ရင်ပြင်နီမှာ ချီတက်လာတာကို တွေ့ရစဉ်။ ( File Photo : May 9, 2019 )

[[ ZAWGYI / UNICODE ]]

ဝန်ကြီး Lavrov ရဲ့ ဂျူးဆန့်ကျင်ရေး မှတ်ချက်အတွက် အစ္စရေးဝန်ကြီးချုပ်ကို သမ္မတ Putin တောင်းပန်

ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergei Lavrov က ဂျူးဆန့်ကျင်ရေး မှတ်ချက်စကားပြောကြားခဲ့တာကို ရုရှားသမ္မတ Vladimir Putin က အစ္စရေးဝန်ကြီးချုပ် Naftali Bennett ကို တောင်းပန်လိုက်ပါတယ်။ ဟစ်တလာ ကိုယ်တိုင်က ဂျူးသွေးပါကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီး Lavrov က ဒီသီတင်းပတ် အစောပိုင်းက အီတလီရုပ်သံ သတင်းထောက်ကို ပြောကြားခဲ့တာပါ။

သမ္မတ Putin ရဲ့ တောင်းပန်စကားကို အစ္စရေးဝန်ကြီးချုပ် Bennett က လက်ခံကြောင်းနဲ့ ဒုတိယကမ္ဘာစစ်အတွင်း နာဇီတွေက ဂျူးလူမျိုးတွေကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့တဲ့ Holocaust အောက်မေ့ဖွယ် ဖြစ်ရပ်နဲ့ ဂျူးလူမျိုးတွေအပေါ် ရှင်းရှင်းလင်းလင်း ပြောခဲ့တာအတွက်လည်း ကျေးဇူးတင်ကြောင်း အစ္စရေးဝန်ကြီးချုပ်ရုံးက သဘောထား ထုတ်ပြန်ခဲ့ပါတယ်။

ဒါပေမယ့်လည်း ရုရှားအစိုးရရဲ့ထုတ်ပြန်ချက်ထဲမှာတော့ တောင်းပန်ထားတာကို ဖော်ပြခြင်း မရှိပဲ နာဇီတွေရဲ့ ဖမ်းဆီးညှင်းပန်း သတ်ဖြတ်ခံခဲ့ရတဲ့ ဂျုးလူမျိုး ၆ သန်းထဲက ၄ဝ ရာခိုင်နှုန်းဟာ ဆိုဗီယက်နိုင်ငံသားတွေဖြစ်ကြောင်း ပါရှိပါတယ်။ ဒါ့အပြင် အစ္စရေးနိုင်ငံမှာ အခြေချနေထိုင်ကြတဲ့ ဆိုဗီယက်စစ်ပြန် ဂျူးလူမျိုးတွေ ကျန်းမာစေကြောင်း ဆုတောင်းလိုက်ပါကြောင်းလည်း ဖော်ပြထားပါတယ်။

အပြန်အလှန်အနေနဲ့ အစ္စရေးဝန်ကြီးချုပ် Bennett ကလည်း နာဇီဝါဒအပေါ် အနိုင်ရ အောင်မြင်မှုမှာ ဆိုဗီယက် တပ်နီတော်ရဲ့ အဆုံးအဖြတ်ပေးမှုကိုလည်း မှတ်ချက်ပေး ဂုဏ်ပြု လိုက်ပါတယ်။ ရုရှားသမ္မတ ပူတင်နဲ့ အစ္စရေးဝန်ကြီးချုပ် Bennett တို့ဟာ မေ ၉ ရက်နေ့မှာ နာဇီတွေအပေါ် အောင်နိုင်ခြင်း အထိမ်းအမှတ် ၊ ယူကရိန်းစစ်ပွဲတို့နဲ့ ပတ်သက်ပြီး ဆွေးနွေးကြဖို့ ရှိပါတယ်။

တိုက်ရိုက် လင့်ခ်

=========================

{{ UNICODE }}






XS
SM
MD
LG