သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ဆီးရီးယားၿမိဳ႕ေတာ္ကို အစၥေရး ဗုံးက်ဲတိုက္ခိုက္၊ ၁၅ ဦးေသ


ဆီးရီးယားႏိုင္ငံၿမိဳ႕ေတာ္ ဒမတ္စကတ္က လုံျခဳံေရးဆိုင္ရာ႐ုံးအမ်ား တည္႐ွိတဲ့အရပ္ကို အစၥေရးက ဒီကေန႔ ေဖေဖာ္ဝါရီ ၁၉ ရက္ အေစာပိုင္းမွာ ဗုံးက်ဲတိုက္ခိုက္ခဲ့တဲ့အတြက္ အနည္းဆုံး လူ ၁၅ ဦး ေသဆုံးသြားတယ္လို႔ ဆီးရီးယားလူ႔အခြင့္အေရး ေစာင့္ၾကည့္ေရးအဖြဲ႔က ေျပာပါတယ္။

ဆီးရီးယားႏိုင္ငံၿမိဳ႕ေတာ္ အစၥေရးရဲ႕ တိုက္ခိုက္မႈေတြထဲ အႀကီးမားဆုံးျဖစ္တဲ့ ဒီတိုက္ခိုက္မႈေၾကာင့္ ေသဆုံးသူေတြထဲ အရပ္သား အမ်ိဳးသမီး ၂ ဦးလည္း ပါဝင္တယ္လို႔ ဆိုပါတယ္။ ညအခ်ိန္မွာ ျပဳလုပ္ခဲ့တဲ့ ဒီတိုက္ခိုက္မႈေၾကာင့္ Kafr Sousa အရပ္မွာ႐ွိတဲ့ အီရန္ယဥ္ေက်းမႈဌာနအနီးက ၁၀ ထပ္ အေဆာက္အဦးတခု ၿပိဳက်သြားတယ္လို႔ ဆိုပါတယ္။ ဒီရပ္ကြက္ဟာ ဆီးရီးယားေထာက္လွမ္းေရးဌာနနဲ႔ အဆင့္ျမင့္ အစိုးရအရာ႐ွိေတြ ေနထိုင္တဲ့ ေနရာလည္း ျဖစ္ပါတယ္။

ဘယ္သူ႔ကို ပစ္မွတ္ထား တိုက္ခိုက္တယ္ဆိုတာ အတိအက် မသိရေပမယ့္ AFP သတင္းဌာနရဲ႕ အဆိုအရ တိုက္ခိုက္ခံရတဲ့ေနရာမွာ အပ်က္အဆီးေတြ ပြက်ဲေနတဲ့ ဗုံးႂကြင္းႀကီး ျဖစ္ေပၚခဲ့ၿပီး အနီးနားက အေဆာက္အဦးေတြက ျပဴတြင္းတံခါးေတြလည္း ပြင့္ထြက္ပ်က္ဆီးကုန္တယ္လို႔ ဆိုပါတယ္။

မေန႔ညမွာဘဲ ျပဳလုပ္ခဲ့တဲ့ တျခား ေလေၾကာင္းတိုက္ခိုက္မႈမွာေတာ့ ဆီးရီးယားအစိုးရကို ေထာက္ခံတဲ့ အီရန္က ေက်ာေထာက္ေနာက္ခံေပးထားတဲ့ Hezbollah အဖြဲ႔ရဲ႕ ဒမတ္စကတ္ၿမိဳ႕က သုံေလွာင္႐ုံ ပ်က္ဆီးသြားတယ္လို႔ ၿဗိတိန္အေျခစိုက္ ဆီးရီးယား လူ႔အခြင့္အေရး ေစာင့္ၾကည့္ေရးအဖြဲ႔က ေျပာပါတယ္။

==== Unicode =====

ဆီးရီးယားနိုင်ငံမြို့တော် ဒမတ်စကတ်က လုံခြုံရေးဆိုင်ရာရုံးအများ တည်ရှိတဲ့အရပ်ကို အစ္စရေးက ဒီကနေ့ ဖေဖော်ဝါရီ ၁၉ ရက် အစောပိုင်းမှာ ဗုံးကျဲတိုက်ခိုက်ခဲ့တဲ့အတွက် အနည်းဆုံး လူ ၁၅ ဦး သေဆုံးသွားတယ်လို့ ဆီးရီးယားလူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့က ပြောပါတယ်။

ဆီးရီးယားနိုင်ငံမြို့တော် အစ္စရေးရဲ့ တိုက်ခိုက်မှုတွေထဲ အကြီးမားဆုံးဖြစ်တဲ့ ဒီတိုက်ခိုက်မှုကြောင့် သေဆုံးသူတွေထဲ အရပ်သား အမျိုးသမီး ၂ ဦးလည်း ပါဝင်တယ်လို့ ဆိုပါတယ်။ ညအချိန်မှာ ပြုလုပ်ခဲ့တဲ့ ဒီတိုက်ခိုက်မှုကြောင့် Kafr Sousa အရပ်မှာရှိတဲ့ အီရန်ယဉ်ကျေးမှုဌာနအနီးက ၁၀ ထပ် အဆောက်အဦးတခု ပြိုကျသွားတယ်လို့ ဆိုပါတယ်။ ဒီရပ်ကွက်ဟာ ဆီးရီးယားထောက်လှမ်းရေးဌာနနဲ့ အဆင့်မြင့် အစိုးရအရာရှိတွေ နေထိုင်တဲ့ နေရာလည်း ဖြစ်ပါတယ်။

ဘယ်သူ့ကို ပစ်မှတ်ထား တိုက်ခိုက်တယ်ဆိုတာ အတိအကျ မသိရပေမယ့် AFP သတင်းဌာနရဲ့ အဆိုအရ တိုက်ခိုက်ခံရတဲ့နေရာမှာ အပျက်အဆီးတွေ ပွကျဲနေတဲ့ ဗုံးကြွင်းကြီး ဖြစ်ပေါ်ခဲ့ပြီး အနီးနားက အဆောက်အဦးတွေက ပြူတွင်းတံခါးတွေလည်း ပွင့်ထွက်ပျက်ဆီးကုန်တယ်လို့ ဆိုပါတယ်။

မနေ့ညမှာဘဲ ပြုလုပ်ခဲ့တဲ့ တခြား လေကြောင်းတိုက်ခိုက်မှုမှာတော့ ဆီးရီးယားအစိုးရကို ထောက်ခံတဲ့ အီရန်က ကျောထောက်နောက်ခံပေးထားတဲ့ Hezbollah အဖွဲ့ရဲ့ ဒမတ်စကတ်မြို့က သုံလှောင်ရုံ ပျက်ဆီးသွားတယ်လို့ ဗြိတိန်အခြေစိုက် ဆီးရီးယား လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့က ပြောပါတယ်။

XS
SM
MD
LG