သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစ္စရေးနဲ့ ဟာမတ်စ် ပဋိပက္ခကျယ်ပြန့်မလာရေး အမေရိကန်ကြိုးပမ်း

ဂျော်ဒန်နိုင်ငံ Amman မြို့တော်မှာ တွေ့ဆုံနေတဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken (ဝဲ)နှင့် ဂျော်ဒန်ဘုရင် Abdullah (အောက်တိုဘာ ၁၃၊ ၂၀၂၃)
ဂျော်ဒန်နိုင်ငံ Amman မြို့တော်မှာ တွေ့ဆုံနေတဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken (ဝဲ)နှင့် ဂျော်ဒန်ဘုရင် Abdullah (အောက်တိုဘာ ၁၃၊ ၂၀၂၃)

ဟာမတ်စ်စစ်သွေးကြွတွေ ဖမ်းဆီးထားတဲ့ ဓါးစာခံတွေ လွတ်မြောက်ရေးနဲ့ အစ္စရေးနဲ့ ဟာမတ်စ်ပဋိပက္ခ ပိုဆိုးမလာစေရေးအတွက် အရှေ့အလယ်ပိုင်း ဒေသကိုသွားရောက် ကြိုးပမ်းနေတဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken ဟာ ဒီနေ့မှာတော့ ပါလက်စတိုင်းခေါင်းဆောင် Mahmoud Abbas, ဂျော်ဒန်ဘုရင် Abdullah တို့နဲ့ ဂျော်ဒန်နိုင်ငံ Amman မြို့တော်မှာ တွေ့ဆုံခဲ့ပါတယ်။

ဟာမတ်စ်စစ်သွေးကြွတွေရဲ့ တိုက်ခိုက်မှုနဲ့ ပဋိပက္ခတွေ ပိုမိုကျယ်ပြန့် မလာအောင် ကာကွယ်ဖို့ ဆွေးနွေးခဲ့တယ်လို့ နိုင်ငံခြားရေးဌာန ပြောခွင့်ရက ပြောပါတယ်။

ဟာမတ်စ်စစ်သွေးကြွတွေရဲ့ တိုက်ခိုက်မှုကို လက်တုံ့ပြန်ပြီး အစ္စရေးဘက်က တိုက်ခိုက်နေတဲ့ ဂါဇာကမ်းမြောင်ဒေသမှာ အရပ်သားတွေကို အကာအကွယ်ပေးဖို့နဲ့ ဆေးဝါး၊ အစားအသောက်စတဲ့ လူသားချင်းစာနာတဲ့ အကူအညီတွေ ရနိုင်ဖို့ အရေးကြီးကြောင်း ဘုရင် Abdullah က နိုင်ငံခြားရေးဝန်ကြီး Blinken ကို အလေးထားပြောကြားခဲ့တယ်လို့ နန်းတော်က ကြေညာချက်ထုတ်ပြန်ပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Blinken ဟာ ဒီနေ့ညနေပိုင်းမှာပဲ ကာတာနိုင်ငံကို ဆက်လက် ခရီးထွက်ခွာသွားပါတယ်။

တချိန်ထဲမှာပဲ အမေရိကန်ကာကွယ်ရေးဝန်ကြီး Lloyd Austin ဟာ အစ္စရေးဝန်ကြီးချုပ် Benjamin Netanyahu, အစ္စရေးကာကွယ်ရေးဝန်ကြီး Yoav Gallant နဲ့ Tel Aviv မြို့မှာ ဒီနေ့တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ အစ္စရေးလုံခြုံရေးအတွက် အမေရိကန်ကပေးတဲ့ အကူအညီတွေမှာ ကြိုတင်ကန့်သတ်ချက်တွေ ထားမှာမဟုတ်ဘူးလို့ ကာကွယ်ရေးဝန်ကြီး Austin ကပြောကြားခဲ့ပါတယ်။

အစ္စရေးနဲ့ ဟာမတ်စ် ပဋိပက္ခကျယ်ပြန့်မလာရေး အမေရိကန်ကြိုးပမ်း
please wait

No media source currently available

0:00 0:01:13 0:00
တိုက်ရိုက် လင့်ခ်
This item is part of
XS
SM
MD
LG