သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစ္စရေးနဲ့ ဟာမတ် ဂါဇာမှာတိုက်ပွဲဖြစ်ပွား


အစ္စရေးနဲ့ ဟာမတ်စ်စစ်သွေးကြွအဖွဲ့ တိုက်ပွဲတွေကြား ဂါဇာမြောက်ပိုင်းကနေ တောင်ပိုင်းကိုထွက်ပြေးလာကြတဲ့ ပါလက်စတိုင်းပြည်သူများ (နိုဝင်ဘာ ၉၊ ၂၀၂၃)
အစ္စရေးနဲ့ ဟာမတ်စ်စစ်သွေးကြွအဖွဲ့ တိုက်ပွဲတွေကြား ဂါဇာမြောက်ပိုင်းကနေ တောင်ပိုင်းကိုထွက်ပြေးလာကြတဲ့ ပါလက်စတိုင်းပြည်သူများ (နိုဝင်ဘာ ၉၊ ၂၀၂၃)

ဟာမတ်စ်တွေရဲ့ ပြီးခဲ့တဲ့လက တိုက်ခိုက်မှုကို တုံ့ပြန်တဲ့အနေနဲ့ အစ္စရေးက အဓိက ပစ်မှတ်ထား စစ်ဆင်ရေးဆင်နွှဲနေတဲ့ ဂါဇာကနေ အရပ်သားတွေ ဘေးလွတ်ရာ ထွက်ပြေးနေရချိန်မှာပဲ အစ္စရေးတပ်ဖွဲ့တွေနဲ့ ဟာမတ်စ်တို့ကြား Gaza City မှာ ဒီကနေ့ တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပါတယ်။ ဂါဇာကမ်းမြောင်က အကြီးဆုံးမြို့ကို အစ္စရေးတပ်ဖွဲ့တွေ ကုန်းကြောင်းကနေ သာမက လေကြောင်းကပါ တိုက်ခိုက်နေတာပါ။

တိုက်ပွဲတွေကြောင့် မနေ့တုန်းက ဂါဇာတောင်ပိုင်း ဒေသကို တိမ်းရှောင်သူ ၅၀၀၀၀ လောက် ရှိတယ်လို့လည်း ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးမှူးရုံးက သတင်းထုတ်ပြန်ခဲ့တာကြောင့် ဒီသီတင်းပတ်အတွင်း အများဆုံးလည်း ဖြစ်ခဲ့ပါတယ်။ တနင်္ဂနွေနေ့ကစ ဂါဇာမြောက်ပိုင်းကနေ ထွက်ပြေးတဲ့သူ စုစုပေါင်း ၇၂၀၀၀ ရှိပြီလို့လည်း ကုလသမဂ္ဂက ပြောပါတယ်။ ဂါဇာမြောက်ပိုင်းနဲ့ တောင်ပိုင်းကို ဆက်သွယ်ထားတဲ့ အဓိကလမ်းကြောင်းကနေ ဘေးလွတ်ရာ တိမ်းရှောင်ဖို့ အစ္စရေးက တနင်္ဂနွေနေ့မှာ စတင်ခွင့်ပြုခဲ့တာ ဖြစ်ပါတယ်။ တိုက်ပွဲတွေ အပြင်းအထန် ဖြစ်ပွားနေတဲ့ နေရာကနေ အရပ်သားတွေ တိမ်းရှောင်နိုင်အောင် နေ့စဉ် ၄ နာရီကြာ အစ္စရေးက လမ်းဖွင့်ပေးနေတာပါ။

လမ်းကြောင်းကို သုံးတဲ့သူ များလာတာကြောင့် နောက်ထပ် ၁ နာရီ ထပ်တိုးပေးထားတယ်လို့လည်း အစ္စရေး ကာကွယ်ရေးတပ်ဖွဲ့က မနေ့တုန်းကပဲ ပြောထားပါတယ်။ ဂါဇာတောင်ပိုင်းနဲ့ မြောက်ပိုင်း ခွဲခြားထားတဲ့ နေရာမှာပဲ ဒုက္ခသည်တွေကို ရေနဲ့ အဟာရ ဘီစကစ်မုန့်တွေကို ကုလသမဂ္ဂနဲ့ အကူအညီပေးရေး အဖွဲ့တွေက ထောက်ပံ့ပေးနေကြပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG