သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂါဇာမြို့တွင်း အစ္စရေးစစ်ဆင်ရေးများလုပ်ဆောင်နေ


နေရပ်စွန့်ခွါထွက်ပြေးနေကြရတဲ့ ပါလက်စတိုင်းများ။
နေရပ်စွန့်ခွါထွက်ပြေးနေကြရတဲ့ ပါလက်စတိုင်းများ။

အစ္စရေးစစ်တပ်က ဂါဇာစီးတီးမြို့ထဲကို ဝင်ရောက်သွားခဲ့ပြီလို့ အစ္စရေးကာကွယ်ရေးဝန်ကြီး ယိုအာ့ဗ် ဂဲလင့်န်က အင်္ဂါနေ့က ပြောပါတယ်။ ဂါဇာစီးတီးဟာ ဟားမတ်စ်တို့ရဲ့ အခရာကျတဲ့ စစ်ဆင်ရေးဌာနရှိတယ်လို့ အစ္စရေးက ယူဆပါတယ်။

ဂါဇာဟာ တည်ဆောက်ခဲ့သမျှ အကြီးမားဆုံး အကြမ်းဖက်သမားတွေ ရဲ့ အခြေစိုက်ရာဖြစ်တယ်လို့ ဂဲလင့်န်က သတင်းထောက်တွေကို ပြောပါတယ်။ စစ်ပြီးသွားတဲ့အခါ ဂါဇာကို ဟားမတ်စ်ရော၊ အစ္စရေးကပါ အုပ်ချုပ်လိမ့်မယ် မဟုတ်ဘူးလို့လည်း အစ္စရေးကာကွယ်ရေးဝန်ကြီးက ဆိုပါတယ်။ တနင်္လာနေ့တုန်းကတော့ အစ္စရေးဝန်ကြီးချုပ် ဘင်န်ဂျမင်န် နာတန်ယာဟုက ဂါဇာရဲ့ လုံခြုံရေးတခုလုံးကို အစ္စရေးက တာဝန်ယူမယ်လို့ပြောခဲ့ပေမဲ့ အသေးစိတ်ကိုတော့ မပြောခဲ့ပါဘူး။

ဂါဇာစစ်ပွဲရဲ့ အဓိက ရည်ရွယ်ချက်က ဟားမတ်စ်ရဲ့ အစိုးရအခြေခံအဆောက်အအုံနဲ့ ဟားမတ်စ်အဖွဲ့ကို ချေမှုန်းရေး ဖြစ်တယ်လို့ အစ္စရေးက ပြောထားတာပါ။ ဂါဇာမှာ သေဆုံးသူ ၁၀,၃၀၀ ကျော်သွားပြီလို့ ဟားမတ်စ် စီမံခန့်ခွဲနေတဲ့ ဂါဇာကျန်းမာရေးဌာန က ဆိုပါတယ်။ သေဆုံးသူ သုံးပုံနှစ်ပုံက အမျိုးသမီးနဲ့ ကလေးတွေဖြစ်တယ်လို့ ပြောပါတယ်။

အစ္စရေးက အင်္ဂါနေ့မှာ ဆက်လက် တိုက်ခိုက်နေပြီး တချို့နေရာတွေမှာ ဂါဇာစီးတီးမြို့ရဲ့ တပြအတွင်းရှိ အဆောက်အဦးတွေ ပြိုကျသွားကြပါတယ်။ ဂါဇာလူဦးရေ ၂.၂ သန်း ရဲ့ ၇၀ ရာနှုန်းက အိုးအိမ်စွန့်ခွါ ထွက်ပြေးနေကြရပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG