သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂါဇာအပစ်ရပ်ရေးကိစ္စ သဘောထားအမြင်တွေကွဲလွဲ 


အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Antony Blinken၊ ဂျော်ဒန်နိုင်ငံခြားရေးဝန်ကြီး Ayman Safadi နဲ့ အီဂျစ်နိုင်ငံခြားရေးဝန်ကြီး Sameh Shoukry တို့ ဂျော်ဒန်နိုင် အာမန်မြို့တော်မှာ နိုဝင်ဘာ ၄ ရက်နေ့က ပူးတွဲသတင်းစာ ရှင်းလင်း။
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Antony Blinken၊ ဂျော်ဒန်နိုင်ငံခြားရေးဝန်ကြီး Ayman Safadi နဲ့ အီဂျစ်နိုင်ငံခြားရေးဝန်ကြီး Sameh Shoukry တို့ ဂျော်ဒန်နိုင် အာမန်မြို့တော်မှာ နိုဝင်ဘာ ၄ ရက်နေ့က ပူးတွဲသတင်းစာ ရှင်းလင်း။

အရှေ့အလယ်ပိုင်းကို ရောက်နေတဲ့ အမေရိကန်နိုင်ငံခြားရေး ဝန်ကြီး အန်ထိုနီဘလင်ကန်က ဂျော်ဒန်နိုင်ငံ အာမန်မြို့မှာ အာရပ်နိုင်ငံခြားရေးဝန်ကြီးတွေနဲ့ စနေနေ့က တွေ့ဆုံပြီး ပူးတွဲ သတင်းစာရှင်းလင်းပွဲ ကျင်းပခဲ့ရာမှာ အမေရိကန်နဲ့ အာရပ် မိတ်ဆွေ နိုင်ငံတွေကြား သဘောထားကွဲလွဲမှုတွေ ရှိနေပါတယ်။

"ကျနော်တို့ အမြင် အရ အပစ်အခတ်ရပ်စဲရေးက ဟားမတ်စ်တွေ ပြန်ပြီး စုရုံးနိုင်ဖို့ အခွင့်ပေးလိုက်သလို ဖြစ်ပြီး အောက်တိုဘာ ၇ ရက် တိုက်ခိုက်မှုလို နောက်တခေါက် ထပ်လုပ်ခွင့် သာသွားမယ်” လို့ ဝန်ကြီး ဘလင်ကန်က ပြောပါတယ်။ အစ္စရေးအနေနဲ့ တိုက်ခိုက်မှု ကျူးလွန်ခဲ့တဲ့ ဟားမတ်စ်ခေါင်းဆောင်တွေကို ရှာဖွေရမယ့် တာဝန်ရှိတယ်လို့ ဆိုပါတယ်။ အစ္စရေးအနေနဲ့ သူ့ရဲ့ စစ်ရေး ရည်မှန်းချက် ဖြစ်တဲ့ ဟားမတ်စ်အဖွဲ့ကို ချေမှုနိုင်ရေး ဆောင်ရွက်နေချိန်မှာ လတ်တလော အရပ်သားတွေကို အကာအကွယ်ပေးနိုင်ရေးအတွက် လူသားချင်းစာနာထောက်ထားမှုအရ စစ်ကို ယာယီရပ်ဖို့ အရေးကြီးတယ်လို့ ဘလင်ကန်က ပြောပြီး အဲဒီ အတောအတွင်း အကူအညီတွေ ဂါဇာထဲ အမြန်ဝင်နိုင်ရေးနဲ့ ဂါဇာထဲက နိုင်ငံခြားသားတွေ ကယ်ထုတ်နိုင်ရေး လုပ်ဖို့ လိုတယ်လို့ ပြောပါတယ်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန်၊ အီဂျစ်နိုင်ငံခြားရေးဝန်ကြီး Sameh Shoukry တို့နဲ့ အတူ ပူးတွဲ သတင်းစာ ရှင်းလင်းရာမှာ ပါဝင်တဲ့ ဂျော်ဒန်နိုင်ငံခြားရေးဝန်ကြီး Ayman Safadi ကတော့ အာရပ်နိုင်ငံတွေက ချက်ချင်း အပစ်အခတ်ရပ်စဲရေးကို လိုလားကြောင်း ပြောပါတယ်။ “ဒေသတစ်ခုလုံးဟာ အမုန်းပင်လယ်ထဲမှာ နစ်မြုပ်နေပြီး ဒါကနောင်မျိုးဆက်တွေကို ပြဌာန်းပေးနေတယ်” လို့ ပြောပါတယ်။

ဂါဇာ နောက်ဆုံးအခြေအနေနဲ့ ရှေ့အလားအလာ
please wait

No media source currently available

0:00 0:09:36 0:00

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်ထိုနီဘလင်ကန်က အစ္စရေးဝန်ကြီးချုပ် Benjamin Netanyahu နဲ့ ဆွေးနွေးအပြီး တရက်အကြာမှာ ဂျော်ဒန်မှာ အာရပ်နိုင်ငံခြားရေးဝန်ကြီးတွေနဲ့ အခုလို တွေ့ဆုံခဲ့တာပါ။ အစ္စရေးဘက်ကတော့ ဟားမတ်စ်က ဖမ်းဆီးထားတဲ့ ဓားစာခံအားလုံးကို မလွှတ်ပေးရင် ယာယီအပစ်အခတ်ရပ်စဲဖို့လည်း မဖြစ်နိုင်ဘူးလို့ အခိုင်အမာ ပြောဆိုထားပါတယ်။

ဟားမတ်စ်အကြီးတန်းတာဝန်ရှိသူ Osama Hamdan က တော့ အမေရိကန်နိုင်ငံခြားရေး ဝန်ကြီး ဘလင်ကန်အနေနဲ့ “ရန်လိုမှုကို ရပ်တန့်သင့်ပြီး တကယ် အကောင်အထည်မဖော်နိုင်တဲ့ အကြံဉာဏ်တွေ မပေးသင့်ဘူး” လို့ လက်ဘနွန်နိုင်ငံ ဘေရွတ်မှာ သတင်းထောက်တွေ ပြောပြီး ပြန်လည် တုံ့ပြန်ခဲ့ပါတယ်။

“ဟာမတ်စ် ချေမှုန်းရေး မအောင်မြင်နိုင်”အမေရိကန်အငြိမ်းစားဗိုလ်ချုပ်ပြော
please wait

No media source currently available

0:00 0:02:36 0:00

လက်ရှိမှာ စစ်ပွဲက အရှိန်မြင့်နေပြီး အစ္စရေးစစ်တပ်ရဲ့ တိုက်ခိုက်မှုများကြောင့် ကုလသမဂ္ဂရဲ့ ယာယီ ခိုလှုံရေး စခန်းတခုနဲ့ ဆေးရုံ တခု ထိခိုက်ခဲ့လို့ အရပ်သားတချို့ သေဆုံးခဲ့တယ်လို့ အေပီသတင်းမှာ ဖော်ပြပါတယ်။ စစ်ပွဲတလနီးပါးအတွင်း ဂါဇာကမ်းမြောင်ဒေသမှာ ပါလက်စတိုင်း ၉,၄၀၀ ကျော် သေဆုံးခဲ့ရကြောင်းနဲ့ တိုက်ခိုက်မှုတွေ ဆက်လက်ဖြစ်ပွားနေတာကြောင့် အရေအတွက် မြင့်တက်လာဖွယ်ရှိကြောင်း ဟားမတ်စ်လည်ပတ်နေတဲ့ ဂါဇာကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။ ဟားမတ်စ်အဖွဲ့က ပြောရေးဆိုခွင့်ရှိသူရဲ့ အဆိုအရတော့ အစ္စရေးယာဉ် ၂၄ စီးကို ပြီးခဲ့တဲ့ နှစ်ရက်အတွင်း ဖျက်ဆီးနိုင်ခဲ့ပြီး အစ္စရေး စစ်သားတွေ ထိခိုက် သေဆုံးတာတွေရှိတယ်လို့ ဆိုပါတယ်။

“ဂါဇာမြို့တော်မှာ နေထိုင်သူ ဘယ်သူမဆိုဟာ အသက် အန္တရာယ် စိုးရိမ်ဖွယ်ရာ ရှိတယ်” လို့ အစ္စရေးကာကွယ်ရေးဝန်ကြီး Yoav Gallant က သတိပေးထားပါတယ်။

ဂါဇာမြောက်ပိုင်းမှာ နေထိုင်သူ ၁.၁ သန်းကို တောင်ဘက်ကို ထွက်ပြေးဖို့ အစ္စရေးဘက်က ထပ်ခါတလဲလဲ တောင်းဆိုခဲ့ပြီး စနေနေ့မှာလည်း ဒေသခံတွေအတွက် ထွက်ခွာဖို့ သုံးနာရီကြာ အချိန် ပေး ကမ်းလှမ်းခဲ့ပေမယ့် ထွက်ခွာသူ လုံးဝ မတွေ့ခဲ့ရကြောင်း မြေပြင်က သတင်းထောက် သတင်းပေးပို့ချက်ကို ကိုးကားပြီး အေပီသတင်းမှာ ဖော်ပြထားပါတယ်။

ဂါဇာအပစ်ရပ်ရေးကိစ္စ သဘောထားအမြင်တွေကွဲလွဲ
please wait

No media source currently available

0:00 0:01:34 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG