သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

“ဖမ်းသွားတဲ့ ဓါးစာခံတွေမလွှတ်မချင်း အပစ်ရပ်မည်မဟုတ်” အစ္စရေးဝန်ကြီးချုပ်


အစ္စရေးဝန်ကြီးချုပ် Benjamin Netanyahu
အစ္စရေးဝန်ကြီးချုပ် Benjamin Netanyahu

ဟားမတ်စ်ကဖမ်းဆီးသွားတဲ့ ဓားစာခံတွေလွှတ်မပေးမချင်း အပစ်အခတ်ရပ်စဲရေး ရှိမှာမဟုတ်ဘူးလို့ အစ္စရေး ဝန်ကြီးချုပ် ဘင်န်ဂျမင် နာတန်ယာဟုက ပြောကြားလိုက်ပြီး အောက်တိုဘာ ၇ ရက်ကတည်းကဆိုရင် အကြမ်းဖက်တွေရဲ့ ပစ်မှတ်ပေါင်း ၂,၅၀၀ ကျော်ကို တိုက်ခိုက်ခဲ့တယ်လို့ အစ္စရေးစစ်တပ်က တနင်္ဂနွေနေ့က တယ်လီဂရမ် လူမှု စာမျက်နှာမှာ ပြောကြားလိုက်ပါတယ်။

ဒီနေ့မှာပဲ အစ္စရေးနဲ့ပါလက်စတိုင်းတွေရဲ့ ဂုဏ်သိက္ခာနဲ့လုံခြုံရေးကို တန်းတူလေးစားကြောင်း၊ ပါလက်စတိုင်းနိုင်ငံထူထောင်ရေးအတွက် ပါလက်စတိုင်းပြည်သူတွေရဲ့ တရားဝင် မျှော်မှန်းလိုလားချက်ဖြစ်လာအောင် အမေရိကန် ပြည်ထောင်စုက ကတိကဝတ်ထားလုပ်ဆောင်မှာဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန်က ပါလက်စတိုင်းသမ္မတ မားမောက် အဘာ့စ် (Mahmoud Abbas) နဲ့တွေ့ဆုံစဥ် ပြောကြားခဲ့တယ်လို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မက်သယူးမီလ်လာ (Miller) က ပြောပါတယ်။

ဒါပေမဲ့ အဲဒီလို ပါလက်စတိုင်း နိုင်ငံအကြောင်း အသေးစိတ်ကိုတော့ မစ္စတာ မီလ်လာ က အသေးစိတ်မပြောပါဘူး။ သီးခြားလွတ်လပ်တဲ့ ပါလက်စတိုင်းနိုင်ငံဟာ ၁၉၆၇ နယ်ခြားအတိုင်းဖြစ်ပြီး အရှေ့ဂျေရူဆလမ်က မြို့တော်ဖြစ်ရပါမယ်လို့ တူရကီသမ္မတ ရီဆက်ပ် တေယစ် အာဒိုဂန် (Recep Tayyip Erdogan) က ပြောကြောင်း Haberturk နဲ့ တခြား မီဒီယာတွေက ဆိုကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG