သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစ္စရေးလေကြောင်းတိုက်ခိုက်မှု ဂါဇာဒုက္ခသည်စခန်းအဆောက်အဦးတွေ ပြိုကျ


ဂါဇာကမ်းမြောင်ဒေသမှာ အစ္စရေးလေကြောင်းတိုက်ခိုက်မှုကြောင့် ပြိုကျသွားတဲ့ Nuseirat ဒုက္ခသည်စခန်းက အဆောက်အဦးတွေကြားမှာ အသက်ရှင်ကျန်ရစ်သူတွေကို ရှာရာမှာ တွေ့ရတဲ့ ကလေးတယောက်ရဲ့ အလောင်းကို ထုတ်ယူနေကြတဲ့ ပါလက်စတိုင်းများ ။ (အောက်တိုဘာ ၃၁၊ ၂၀၂၃)
ဂါဇာကမ်းမြောင်ဒေသမှာ အစ္စရေးလေကြောင်းတိုက်ခိုက်မှုကြောင့် ပြိုကျသွားတဲ့ Nuseirat ဒုက္ခသည်စခန်းက အဆောက်အဦးတွေကြားမှာ အသက်ရှင်ကျန်ရစ်သူတွေကို ရှာရာမှာ တွေ့ရတဲ့ ကလေးတယောက်ရဲ့ အလောင်းကို ထုတ်ယူနေကြတဲ့ ပါလက်စတိုင်းများ ။ (အောက်တိုဘာ ၃၁၊ ၂၀၂၃)

အစ္စရေးက အင်္ဂါနေ့ လေကြောင်းတိုက်ခိုက်ရာမှာ ဂါဇာစီးတီးမြို့နားက ဒုက္ခသည်စခန်းတခုကိုထိမှန်ပြီး တိုက်ခန်းအဆောက်အဦးတွေ ပြိုကျ၊ အဲဒီနေရာတွေမှာ ကျင်းကြီးတွေဖြစ်ကျန်ခဲ့ပါတယ်။ အစ္စရေး မြေပြင်စစ်တပ်တွေ ကလည်း ဂါဇာမြောက်ပိုင်းတလွှားက ဟားမတ်စ် စစ်သွေးကြွတွေကို တိုက်ခိုက်နေပါတယ်။

ဂျာဘာလီယား (Jabaliya) က တိုက်ခန်းအဆောက်အဦးတွေကို အစ္စရေးက အနည်းဆုံး ၆ ကြိမ် လေကြောင်းက တိုက်ခိုက်ခဲ့တယ်လို့ ဟားမတ်စ်တွေအုပ်ချုပ်နေတဲ့ ပြည်ထဲရေးဝန်ကြီးဌာနက ပြောပါတယ်။ ဟားမတ်စ်တွေရဲ့ အခြေခံအဆောက်အအုံတွေက အရပ်သားတွေနေထိုင်တဲ့ အဆောက်အဦးတွေရဲ့အောက်မှာရှိကြပြီး ဂျာဘာလီယား က အဲဒီလို အဆောက်အအုံတွေကို ကျယ်ကျယ်ပြန့်ပြန့်တိုက်ခိုက်ခဲ့တယ်လို့ အစ္စရေးစစ်တပ်က အင်္ဂါနေ့က ပြောပါတယ်။

ဂါဇာမြောက်ပိုင်း စစ်ဆင်ရေးကို ဦးဆောင်နေတဲ့ Ibrahim Biari အပါအဝင် ဟားမတ်စ် စစ်သွေးကြွအများကြီး သေခဲ့တယ်လို့လည်း အစ္စရေးစစ်တပ်က ဆိုပါတယ်။ ပြီးခဲ့တဲ့ရက်မှာ ပစ်မှတ်ပေါင်း ၃၀၀ ကို တိုက်ခိုက်ခဲ့တယ်လို့လည်း ပြောပါတယ်။

ပြီးခဲ့တဲ့ ၂ ရက်အတွင်းမှာ ဆေးရုံ ၂ ရုံ ထိခိုက်ခဲ့ပြီး ဆေးရုံကားတစီး ပျက်စီးခဲ့တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး WHO က ဆိုပါတယ်။ ဂါဇာမြောက်ပိုင်းမှာရှိတဲ့ ဆေးရုံ ၁၃ ရုံကို ပြောင်းရွှေ့ကြဖို့ မကြာသေးမီရက်ပိုင်းက အစ္စရေး က အမိန့်ပေးထားခဲ့တာပါ။ ဒါပေမဲ့ ဒီလို ပြောင်းတာဟာ စက်တွေ၊ ဆေးတွေနဲ့ အသက်ဆက်ထားကြရတဲ့ လူနာတွေ ကို သေမိန့်ချတာမို့ ဆေးဝန်ထမ်းတွေကတော့ ပြောင်းရွှေ့ဖို့ ငြင်းဆန်ထားကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG