သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဟာမတ်စ်တပ်မှူးတဦးကို သုတ်သင်လိုက်ကြောင်း အစ္စရေးကြေညာ

ဂါဇာကမ်းမြောင်ဒေသအတွင်း အစ္စရေးရဲ့ တိုက်ခိုက်မှုကို မြင်တွေ့ရစဉ် (အောက်တိုဘာ ၃၁၊ ၂၀၂၃)
ဂါဇာကမ်းမြောင်ဒေသအတွင်း အစ္စရေးရဲ့ တိုက်ခိုက်မှုကို မြင်တွေ့ရစဉ် (အောက်တိုဘာ ၃၁၊ ၂၀၂၃)

အစ္စရေးနိုင်ငံ တောင်ပိုင်းမှာ အောက်တိုဘာလ ၇ ရက်နေ့က တိုက်ခိုက်မှုကို စီစဉ်ခဲ့တဲ့ ဟာမတ်စ်တပ်မှူးတွေထဲက တဦးကို သုတ်သင်နိုင်ခဲ့တယ်လို့ အစ္စရေးက ပြောလိုက်ပါတယ်။ လေကြောင်းတိုက်ခိုက်မှုတခုအတွင်း ဟာမတ်စ်တပ်မှူး Nasim Abu Ajina သေဆုံးခဲ့ကြောင်း ထောက်လှမ်းရေးအစီရင်ခံစာတွေကို ကိုးကားပြီး အစ္စရေးကာကွယ်ရေးတပ်ဖွဲ့နဲ့ ပြည်တွင်းလုံခြုံရေးဌာန Shin Bet တို့က ဒီကနေ့ပဲ ပူးတွဲကြေညာချက်ထုတ်ပြန်ခဲ့တာပါ။

တချိန်တည်းမှာပဲ အစ္စရေး ဝန်ကြီးချုပ်က ဂါဇာဒေသက ဟာမတ်စ်တွေကို နှိမ်နင်းနေတဲ့ ထိုးစစ်ရပ်ဆိုင်းဖို့ တောင်းဆိုတာတွေကို ပယ်ချလိုက်ပါတယ်။

"ပုလဲဆိပ်ကမ်း ဗုံကြဲခံရပြီးနောက်နဲ့ 9/11 အကြမ်းဖက်သမားတွေ တိုက်ခိုက်တာကိုခံရပြီးတဲ့နောက် အမေရိကန်ပြည်ထောင်စုက တုံ့ပြန်တိုက်ခိုက်မှုတွေကို ရပ်စဲဖို့ ပြောဆိုတာကို လက်မခံခဲ့သလို အောက်တိုဘာ ၇ ရက် ရက်စက်ကြမ်းကြုတ်စွာ တိုက်ခိုက်ခဲ့တဲ့ ဟာမတ်စ်တွေနဲ့ အပစ်ရပ်ဖို့ အစ္စရေးက သဘောတူမှာမဟုတ်ပါဘူး။" လို့ အစ္စရေးဝန်ကြီးချုပ် Benjamin Netanyahu ကပြောသွားတာပါ။ အပစ်ရပ်ဖို့ အစ္စရေးကို တောင်းဆိုတာဟာ ဟာမတ်စ်တွေဆီမှာ အစ္စရေးကို အညံ့ခံခိုင်းသလို ဖြစ်နေတယ်လို့လည်း ပြောပါတယ်။

ဂါဇာက အရပ်သားတွေ ဘေးအန္တရယ်ကင်းရေး နိုင်ငံတကာက တောင်းဆိုနေချိန်မှာပဲ အစ္စရေးတပ်တွေနဲ့ တင့်ကားတွေဟာ ဂါဇာမြောက်ပိုင်းကို တနင်္လာနေ့ကတည်းကစလို့ ချဉ်းနင်းဝင်ရောက်ခဲ့သလို လေကြောင်းကနေလည်း တိုက်ခိုက်နေတာပါ။ လူနေ အင်မတန် ထူထပ်တဲ့ ဂါဇာဒေသဟာ စစ်မြေပြင်ဖြစ်လာတာကြောင့် အရပ်သားတွေ ဘေးလွတ်ရာ စွန့်ခွာကြဖို့လည်း အစ္စရေးဘက်က တိုက်တွန်းထားပါတယ်။ အစ္စရေးလေကြောင်းတိုက်ခိုက်မှုအတွင်း အမျိုးသမီးနဲ့ ကလေးငယ် အများအပြားပါဝင်တဲ့ လူပေါင်း ၈၃၀၀ ကျော်သေဆုံးတယ်လို့ ဟာမတ်စ်တွေ ချုပ်ကိုင်ထားတဲ့ ပါလက်စတိုင်း ကျန်းမာရေးဌာနက တနင်္လာနေ့မှာ ပြောထားပါတယ်။ အကူအညီပေးရေးအဖွဲ့ Save the Children ကလည်း ပဋိပက္ခတွေအတွင်း ကလေး ၃၀၀၀ လောက် သေဆုံးခဲ့တယ်လို့ ပြောပါတယ်။

ဟာမတ်စ်တပ်မှူးတဦးကို သုတ်သင်လိုက်ကြောင်း အစ္စရေးကြေညာ
please wait

No media source currently available

0:00 0:01:19 0:00
တိုက်ရိုက် လင့်ခ်
This item is part of
XS
SM
MD
LG