သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

"အစ္စရေး-ဟာမတ်စ် စစ်ပွဲ သုံးပတ်အတွင်း  ကလေးပေါင်း ၃၀၀၀ ကျော်သေဆုံး" - Save the Children

အစ္စရေးဘက်က ဗုံးကြဲတိုက်ခိုက်ပြီးနောက် ဂါဇာကမ်းမြောင် Khan Younis မြို့မှာတွေ့ရတဲ့ ပါလက်စတိုင်း ကလေးငယ်များ (အောက်တိုဘာ ၂၅၊ ၂၀၂၃)
အစ္စရေးဘက်က ဗုံးကြဲတိုက်ခိုက်ပြီးနောက် ဂါဇာကမ်းမြောင် Khan Younis မြို့မှာတွေ့ရတဲ့ ပါလက်စတိုင်း ကလေးငယ်များ (အောက်တိုဘာ ၂၅၊ ၂၀၂၃)

လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း ဂါဇာကမ်းမြောင်ဒေသမှာ ဟာမတ်စ်အခြေစိုက်နေရာပစ်မှတ် ၆၀၀ ကျော်ကို တိုက်ခိုက်ခဲ့သလို၊ ဆီးရီးယားနဲ့ လက်ဘနွန်မှာရှိတဲ့ ပစ်မှတ်တွေကိုလည်း တိုက်ခိုက်ခဲ့တယ်လို့ အစ္စရေးလေတပ်က ပြောပါတယ်။

ဂါဇာကမ်းမြောင်မှာ အကြမ်းဖက်သမားတွေနဲ့ ထိပ်တိုက်ရင်ဆိုင်မှုတွေအတွင်း အစ္စရေး တပ်ဖွဲ့ဝင်တွေဟာ အဆောက်အဦတွေ၊ ဥမင်လှိုဏ်ခေါင်းတွေကို ပိတ်ဆို့တိုက်ခိုက်ဖို့ ကြိုးပမ်းတဲ့ အကြမ်းဖက်သမား ဒါဇင်ပေါင်းများစွာကို ပစ်သတ်နိုင်ခဲ့တယ်လို့အစ္စရေးကာကွယ်ရေးတပ်ဖွဲ့က ပြောပါတယ်။

ဂါဇာကမ်းမှာ သုံးပတ်အတွင်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် သေဆုံးခဲ့ရတဲ့ ကလေးငယ်အရေအတွက်ဟာ ၂၀၁၉ ခုနှစ်အတွင်း ကမ္ဘာ့ပဋိပက္ခဇုန်တွေအတွင်းမှာ သေဆုံးခဲ့ရတဲ့ ကလေးအရေအတွက်ကို ကျော်လွန်သွားပြီဖြစ်ကြောင်း Save the Children ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ လက်ရှိအချိန်အထိ အစ္စရေး-ဟာမတ်စ် စစ်ပွဲအတွင်း ကလေးပေါင်း ၃၀၀၀ ကျော် သေဆုံးခဲ့ရပါတယ်။

ဂါဇာကမ်းမြောင်ဒေသက ပါလက်စတိုင်းအရပ်သားတွေကို ဟာမတ်စ်ဆန့်ကျင်ရေးစစ်ပွဲကနေ ဘေးလွတ်ရာကို ရွှေ့ပြောင်းနေထိုင်ကြဖို့ အစ္စရေးစစ်တပ်က တနင်္ဂနွေနေ့က ထပ်မံသတိပေး ပြောဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်
This item is part of
XS
SM
MD
LG