သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပါလက်စတိုင်းအရေးဖြေရှင်းဖို့ တရုတ်အားစိုက်ကြိုးပမ်း

UKRAINE-CRISIS/CHINA
UKRAINE-CRISIS/CHINA

ပါလက်စတိုင်းပြဿနာနဲ့ ပတ်သက်ပြီး အားလုံးအကျုံးဝင်၊ တရားမျှတ၊ တာရှည်ခံတဲ့သဘောတူညီချက် ရရှိအောင် တရုတ်က မနားမနေအားထုတ်မယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဝမ်ဝင်းန်ဘင် (Wang Wenbin) က တနင်္လာနေ့ ဘေကျင်းမှာ ပြောပါတယ်။ အရှေ့အလယ်ပိုင်း တရုတ် အထူးသံသမန် ဇိုင်းဂျွန်း (Zhai Jun) ရဲ့ ခရီးစဥ်ကို မေးမြန်းရာမှာ ဝမ်ဝင်းန်ဘင် က ခုလို ဖြေကြားသွားခဲ့တာပါ။

မစ္စတာဇိုင်းဂျွန်းဟာ အင်္ဂါနေ့မှာ ယူအေအီး၊ ကြာသပတေးနေ့မှာ ဆော်ဒီအာရေဗျနိုင်ငံတွေကို သွားရောက်မှာပါ။ နိုင်ငံတကာအသိုက်အဝန်း အထူးသဖြင့် အာရပ်တိုင်းပြည်အတော်များများက တရုတ်ရဲ့ တရားမျှတတဲ့ ရပ်တည်ချက်နဲ့ တရုတ်ရဲ့ အရေးကြီးတဲ့အခန်းကဏ္ဍကို တလေးတစားရှိကြတယ်လို့ သူကဆိုပါတယ်။

အစ္စရေး ပါလက်စတိုင်းတို့ အပစ်အခတ်ရပ်စဲကြပြီး ငြိမ်းချမ်းရေးပြန်လည်ရရှိအောင် အားထုတ်ကြရာမှာ နိုင်ငံတကာ အသိုက်အဝန်းနဲ့အတူ ထုတ်ဖို့လည်း တရုတ်ကဆန္ဒရှိတယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ အစ္စရေးနိုင်ငံမှာ တနင်္လာနေ့ကလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာတော့ ဂါဇာစစ်ပွဲ အပစ်အခတ်ရပ်စဲရေးက ဖြစ်လာလိမ့်မယ် မဟုတ်ဘူးလို့ အစ္စရေးဝန်ကြီးချုပ် နာတန်ရာဟုက ပြောပါတယ်။ ဘာကြောင့်လဲဆိုရင် အဲဒီလို အပစ်ရပ်လိုက်တာဟာ ဟားမတ်စ်ကို လက်နက်ချလိုက်ရာရောက်လို့ပါပဲ” လို့ သူက ဆိုပါတယ်။

ပါလက်စတိုင်းအရေးဖြေရှင်းဖို့ တရုတ်အားစိုက်ကြိုးပမ်း
please wait

No media source currently available

0:00 0:01:09 0:00
တိုက်ရိုက် လင့်ခ်

This item is part of
XS
SM
MD
LG