သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂါဇာမှာ ယာယီအပစ်ရပ်ရေး အစ္စရေး စဉ်းစားမည်


ဂါဇာဒေသကိုထိုးစစ်ဆင်လာတဲ့ အစ္စရေးတင့်ကား
ဂါဇာဒေသကိုထိုးစစ်ဆင်လာတဲ့ အစ္စရေးတင့်ကား

ဂါဇာဒေသမှာ လူသားချင်းစာနာထောက်ထားမှု အကူအညီတွေအတွက် စစ်ဆင်ရေးတွေကိုယာယီရပ်နားပေးဖို့ စဉ်းစားမဲ့အကြောင်း အစ္စရေး ဝန်ကြီးချုပ် Benjamin Netanyahu က ပြောလိုက်ပါတယ်။ ဒါပေမဲ့လည်း လုံးဝအပစ်အခတ်ရပ်စဲရေးကို လက်ခံမှာ မဟုတ်ဘဲ ဟားမတ်စ်တွေ ဖမ်းဆီးထားတဲ့ ဓားစာခံတွေကို လွှတ်ပေးဖို့ တောင်းဆိုခဲ့တာပါ။ ဂါဇာဒေသ လုံခြုံအောင် ထိန်းချုပ်မထားနိုင်ရင် ဟားမတ်စ်တွေရဲ့ မတွေးဝံ့စရာ အကြမ်းဖက် လုပ်ရပ်တွေ ပေါ်ပေါက်နိုင်တယ်လို့လည်း ပြောပါတယ်။

အရပ်သားတွေ ဘေးကင်းရာ ထွက်ခွာနိုင်ဖို့၊ စာနာမှု အကူအညီတွေ ပေးနိုင်ဖို့နဲ့ ဖမ်းဆီးခံ ဓားစာခံတွေ လွတ်မြောက်အောင် လုပ်နိုင်ဖို့ ကိစ္စတွေကို သမ္မတ Joe Biden အစ္စရေး ဝန်ကြီးချုပ်နဲ့ ဆက်သွယ် ပြောဆိုခဲ့ကြောင်းအမေရိကန်သမ္မတ အိမ်ဖြူတော်ကလည်း သတင်းထုတ်ပြန်ပါတယ်။ ပါလက်စတိုင်း အရပ်သားတွေကို အကာအကွယ်ပေးဖို့နဲ့ ထိခိုက်မှု နည်းပါးအောင်လုပ်ဖို့ သမ္မတဘိုင်ဒင်က ပြောခဲ့ပေမဲ့ အစ္စရေးက ဟားမတ်စ်ကို စစ်ဆင်နေတဲ့ အပေါ်မှာတော့ ထောက်ခံကြောင်း ပြောခဲ့ပါတယ်။

အစ္စရေးတိုက်ခိုက်မှုတွေကြောင့် ဂါဇာဒေသမှာ သေဆုံးသူ ၁၀၀၀၀ ကျော်သွားပြီလို့လည်း ဂါဇာကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။ တနင်္လာနေ့ကတော့ ဂါဇာကမ်းမြောင်ဒေသ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အပစ်အခတ်ရပ်စဲရေး ချက်ချင်းလုပ်ဆောင်ပေဖို့ ကုလသမဂ္ဂအေဂျင်စီတွေနဲ့ နိုင်ငံတကာ ပရဟိတအဖွဲ့တွေ ပူးတွဲကြေညာချက်တစ်ရပ် ထုတ်ပြန်ထားပါတယ်။

ဂါဇာမှာ ယာယီအပစ်ရပ်ရေး အစ္စရေး စဉ်းစားမည်
please wait

No media source currently available

0:00 0:01:01 0:00
တိုက်ရိုက် လင့်ခ်
XS
SM
MD
LG