သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစ္စရေးစစ်တပ် ဂါဇာမြောက်ပိုင်းကိုဖြတ်တောက်


ဂါဇာကမ်းမြောင်ဒေသတောင်ပိုင်း ရာဖာမြို့မှာ အစ္စရေးဘက်က ဗုံးကြဲချတဲ့ လေကြောင်းတိုက်ခိုက်အတွင်း အသက်ဘေးလွတ်အောင်ထွက်ပြေးနေကြတဲ့ ကလေးများ။ (နိုဝင်ဘာ ၆၊ ၂၀၂၃)
ဂါဇာကမ်းမြောင်ဒေသတောင်ပိုင်း ရာဖာမြို့မှာ အစ္စရေးဘက်က ဗုံးကြဲချတဲ့ လေကြောင်းတိုက်ခိုက်အတွင်း အသက်ဘေးလွတ်အောင်ထွက်ပြေးနေကြတဲ့ ကလေးများ။ (နိုဝင်ဘာ ၆၊ ၂၀၂၃)

အစ္စရေးစစ်တပ်က ဂါဇာမြောက်ပိုင်းကိုဖြတ်တောက်လိုက်ပြီး တနင်္လာနေ့တညလုံး လေကြောင်းကတိုက်ခိုက်ခဲ့တာကြောင့် ဂါဇာမြို့ထဲကို မြေပြင်တပ်တွေဝင်ဖို့ ပြင်ဆင်နေဖွယ်ရှိတယ်လို့ အစ္စရေးမီဒီယာတွေက ပြောပါတယ်။

စစ်ပွဲက မြို့ပြစစ်ပွဲအဖြစ်ပြောင်းတော့မှာမို့ အသေအပျောက် ပိုများလာဖွယ်ရှိပါတယ်။ ပါလက်စတိုင်းတွေကလည်း မြေအောက် လှိုင်ခေါင်းကွန်ယက်ကိုသုံးပြီး လမ်းတွေကနေ ခုခံတိုက်ခိုက်ကြဖို့များတာကြောင့် သွေးမြေအကျဆုံး အဆင့်ကို ကူးပြောင်းတော့မှာဖြစ်တယ်လို့လည်း သတင်းတွေက သုံးသပ်ရေးသားကြပါတယ်။

“ဟားမတ်စ်တွေ အခိုင်အမာစွဲထားတဲ့ မြောက်ပိုင်းနဲ့ ဂါဇာတောင်ပိုင်းကိုခွဲခြားလိုက်ပြီး ကျနော်တို့က ဝိုင်းကြီးချုပ်လိုက်ပါပြီ”လို့ အစ္စရေးစစ်တပ် ပြောရေးဆိုခွင့်ရှိသူ ရစ်ချတ် ဟက်ချ် (Richard Hecht) က ပြောပါတယ်။

တညလုံး ပစ်မှတ် ၄၅၀ ကို တိုက်ခိုက်ခဲ့ပြီး မြေပြင်တပ်တွေက ဟားမတ်စ် ဝင်းတခုကို သိမ်းလိုက်တယ်လို့ အစ္စရေး စစ်တပ်က ဆိုပါတယ်။ ထိုးစစ်ဆင်မယ့်လမ်းကြောင်းမှာ လူတွေက သိန်းချီ ရှိနေကြသေးတယ်လို့ ယူဆရပါတယ်။ ဂါဇာစီးတီးနဲ့ ဝန်းကျင်က မြို့သူမြို့သားတွေအတွက် တောင်ဘက်ကို ပြေးကြဖို့ တလမ်းသွားထွက်ပေါက်ကို ဖွင့်ပေးထားတယ်လို့ အစ္စရေးစစ်တပ်ကတော့ ဆိုပါတယ်။ ဒါပေမဲ့ ဒီလမ်းကြောင်းကို အစ္စရေးတပ်တွေက ထိန်းချုပ်ထားတာမို့ လူအများက သွားဖို့ ကြောက်ရွံ့နေကြတာပါ။

ဗုံးကြဲတိုက်ခိုက်တာတွေကြောင့် ဆေးရုံအဆောက်အဦးက လှုပ်ခါနေပြီးတဲ့နောက် အလောင်းတွေနဲ့ ဒဏ်ရာရသူတွေ ရောက်လာကြပါတော့တယ်လို့ ရှီဖာ ဆေးရုံ Shifa က ဂါဆန် အဘူ စစ်တ Ghassan Abu Sitta က အေပီ သတင်း ကို ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG