သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အရှေ့အလယ်ပိုင်းအရေး ဆွေးနွေးဖို့ ကန်နိုင်ငံခြားရေးဝန်ကြီး တူရကီသွားရောက်

တူရကီနိုင်ငံ Ankara မြို့တော် Ankara Esenboga လေဆိပ်မှာ သတင်းမီဒီယာတွေကို ဖြေကြားနေတဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken (နိုဝင်ဘာ ၆၊ ၂၀၂၃)
တူရကီနိုင်ငံ Ankara မြို့တော် Ankara Esenboga လေဆိပ်မှာ သတင်းမီဒီယာတွေကို ဖြေကြားနေတဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken (နိုဝင်ဘာ ၆၊ ၂၀၂၃)

အစ္စရေးနဲ့ ဟာမတ်စ်တို့ကြား စစ်ပွဲဟာ အရှေ့အလယ်ပိုင်းဒေသကို ပြန့်နှံ့လာမှာ တားဆီးဖို့ ကြိုးပမ်းတဲ့အနေနဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Antony Blinken ဒီကနေ့ပဲ (နိုဝင်ဘာ ၆ ရက်) တူရကီနိုင်ငံကို သွားခဲ့ပါတယ်။ ဂါဇာဒေသမှာ အရပ်သားတွေအတွက် သေရေးရှင်ရေး အရေးကြီးတဲ့ စာနာမှု အကူအညီတွေ တိုးမြှင့်ပေးအပ်ဖို့နဲ့ ပုံမှန်ပေးအပ်နိုင်ဖို့ တာဝန်ရှိသူတွေနဲ့ ဝန်ကြီးဘလင်ကန် ဆွေးနွေးမယ်လို့လည်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။

တူရကီနိုင်ငံ Ankara ခရီးစဉ် မတိုင်ခင်မှာပဲ ဝန်ကြီးBlinken ဟာ အစ္စရေး သိမ်းပိုက်ထားတဲ့ အနောက်ဖက်ကမ်းဒေသကို ရုတ်တရက် သွားရောက်ခဲ့ပြီး ပါလက်စတိုင်းသမ္မတ Mahmoud Abbas နဲ့ တွေ့ဆုံခဲ့တာပါ။ ပါလက်စတိုင်းသမ္မတကတော့ ဂါဇာမှာ အစ္စရေးရဲ့ စစ်ဆင်ရေးတွေ ချက်ခြင်းရပ်ဖို့ တောင်းဆိုခဲ့ပါတယ်။ ဂါဇာဒေသ ကျန်းမာရေးအာဏာပိုင်တွေကတော့ စနေနေ့ညဖက်က ဒုက္ခသည်စခန်းတခုကို အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် လူပေါင်း ဒါဇင်နဲ့ချီ သေဆုံးခဲ့တယ်လို့ ပြောထားပါတယ်။ ဝန်ကြီး Blinken ရဲ့ အနောက်ဖက်ကမ်းဒေသ Ramallah မြို့ ခရီးစဉ်ကို လမ်းပေါ်ထွက် ကန့်ကွက်ဆန္ဒပြသူတွေလည်း ရှိခဲ့တာပါ။ ဝန်ကြီး Blinken ဟာ အီရတ်နိုင်ငံ ဘဂ္ဂဒက်မြို့တော်ကိုလည်း ရုတ်တရက်သွားခဲ့ပြီး ဝန်ကြီးချုပ် Mohammed Shia al-Sudani နဲ့ တွေ့ဆုံခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်
This item is part of
XS
SM
MD
LG