သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဓားစာခံတွေ လွတ်မြောက်ရေးနဲ့ ဂါဇာမှာအပစ်ရပ်ရေး အစ္စရေးနဲ့ နိုင်ငံတကာမှာ ဆန္ဒပြ


ဟာမတ်စ်တွေ ဖမ်းဆီးထားတဲ့ ဓားစာခံတွေလွတ်မြောက်ရေးအစ္စရေးမြို့ကြီးတွေမှာ တောင်းဆိုဆန္ဒပြ၊ နိုဝင်ဘာ ၅၊ ၂၀၂၃။
ဟာမတ်စ်တွေ ဖမ်းဆီးထားတဲ့ ဓားစာခံတွေလွတ်မြောက်ရေးအစ္စရေးမြို့ကြီးတွေမှာ တောင်းဆိုဆန္ဒပြ၊ နိုဝင်ဘာ ၅၊ ၂၀၂၃။
ဟာမတ်စ်တွေ ဖမ်းဆီးထားတဲ့ဓားစာခံ ၂၄၁ ယောက်လွတ်မြောက်ရေး အစ္စရေးမြို့ကြီးတွေမှာ တောင်းဆို ဆန္ဒပြခဲ့ကြသလို တချိန်တည်းမှာပဲ ဂါဇာဒေသမှာ တိုက်ခိုက်မှုတွေရပ်ဖို့ ကမ္ဘာ့နိုင်ငံကြီးတချို့မှာ ဆန္ဒပြ ခဲ့ကြပါတယ်။ ဂျေရုဆလင်မ် မှာတော့ အောက်တိုဘာလ ၇ ရက်နေ့ ဟာမတ်စ်တိုက်ခိုက်မှု ခံခဲ့ရတဲ့ လုံခြုံရေးအားနည်းချက်အတွက် အစ္စရေးဝန်ကြီးချုပ် Benjamin Netanyahu ရာထူးကထွက်ပေးဖို့ မနေ့က တောင်းဆိုဆန္ဒပြခဲ့ကြတာပါ။
Tel Aviv မြို့တော်က အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ ဌာနချုပ်အနီး ဆန္ဒပြပွဲမှာတော့ ဟာမတ်စ်တွေက ဖမ်းဆီးသွားသူတွေနဲ့ ပျောက်ဆုံးနေတဲ့လူ ၄၀ ရဲ့ မိသားစုတွေ စုဝေးပြီးဓားစာခံတွေ လွတ်မြောက်ရေး တောင်းဆိုဆန္ဒပြခဲ့ကြပါတယ်။ အမေရိကန်၊ ဗြိတိန်၊ ပြင်သစ်၊ တူရကီနိုင်ငံတို့က မြို့ကြီးတွေမှာတော့ ပါလက်စတိုင်းကို ထောက်ခံတဲ့ ဆန္ဒပြပွဲတွေ ပေါ်ပေါက်ခဲ့ပြီး အပစ်အခတ် ရပ်စဲရေးတောင်းဆိုခဲ့ကြ တာပါ။
လန်ဒန်မှာဆိုရင် များပြားလှတဲ့လူအုပ်ကြီးက မြို့လည်အချက်အချာနေရာမှာ ထိုင်ပြီးပါလက်စတိုင်း လွတ်မြောက်ရေး၊ ချက်ချင်း အပစ်အခတ် ရပ်စဲရေး၊ တောင်းဆိုခဲ့ကြပြီး၊ Trafagar Square ကိုချီတက် ကြပါတယ်။ အမေရိကန် ပြည်ထောင်စု မြို့တော် ဝါရှင်တန်ဒီစီ မှာလည်း မနေ့က လူထောင်ပေါင်းများ စွာဟာ အိမ်ဖြူတော်အနီး Freedom Plaza မှာ ပါလက်စတိုင်းကို ထောက်ခံဆန္ဒပြခဲ့ကြတာပါ။ ပြင်သစ် နိုင်ငံ၊ ပါရီမြို့တော်မှာလည်း လူထောင်ပေါင်းများစွာက အကြမ်းဖက်မှုတွေ ရပ်ဆိုင်းဖို့၊ အပစ်ရပ်ကြဖို့ တောင်းဆိုဆန္ဒပြကြပါတယ်။
ဂျာမဏီနိုင်ငံ ဘာလင်မြို့တော်မှာလည်း ပါလက်စတိုင်းအလံတွေ ဝှေ့ရမ်းပြီး ဆန္ဒပြခဲ့ကြပါတယ်။ တူရကီ နိုင်ငံ Istanbul နဲ့ Ankara မြို့တော်မှာတော့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အရှေ့အလယ်ပိုင်းဒေသ မသွားခင် တရက်အလိုမှာပဲ လူရာပေါင်းများစွာက Israel နဲ့ အနောက်အုပ်စုကို ဆန့်ကျင်တဲ့အနေနဲ့ ဆန္ဒပြကြပါတယ်။
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG