သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂါဇာဒေသမှာ ပိတ်မိနေတဲ့ နိုင်ငံခြားသားတွေ ထွက်ခွာခွင့်ရ


Rafah နယ်စပ်ဂိတ်ကနေ အီဂျစ်နိုင်ငံဘက်ခြမ်းကို ဝင်ရောက်လာတဲ့ နှစ်နိုင်ငံသားခံယူထားသူ ပါလက်စတိုင်းသားများ (နိုဝင်ဘာ ၁၊ ၂၀၂၃)
Rafah နယ်စပ်ဂိတ်ကနေ အီဂျစ်နိုင်ငံဘက်ခြမ်းကို ဝင်ရောက်လာတဲ့ နှစ်နိုင်ငံသားခံယူထားသူ ပါလက်စတိုင်းသားများ (နိုဝင်ဘာ ၁၊ ၂၀၂၃)

အစ္စရေးနဲ့ ဟာမတ်စ်စစ်သွေးကြွအဖွဲ့ကြား တိုက်ပွဲတွေ စတင်ချိန်ကတည်းက ဂါဇာဒေသမှာ ပိတ်မိနေတဲ့ နိုင်ငံခြားသားတွေထဲက ပထမအသုတ် ဒီကနေ့ပဲ အီဂျစ်နိုင်ငံကို ထွက်ခွာနေပါပြီ။ ကာတာနိုင်ငံရဲ့ ကြားဝင်စေ့စပ်မှုအရ Rafah နယ်စပ်ကို ပြန်ဖွင့်ပေးဖို့ အစ္စရေး၊ အီဂျစ်နဲ့ ဟာမတ်စ်တို့ကြား သဘောတူညီချက် ရရှိခဲ့ကြတာပါ။ အီဂျစ်နိုင်ငံကို ဂါဇာဒေသက နိုင်ငံခြားသား ၄၀၀ ထက်မနည်း ထွက်ခွာခွင့်ပြုမှာဖြစ်ပြီး၊ ဒဏ်ရာရသူ ပါလက်စတိုင်းသား ၈၀ ကျော်ကိုလည်း ဆေးကုသခွင့်အတွက် သွားခွင့်ပြုမှာ ဖြစ်ပါတယ်။

တချိန်တည်းမှာပဲ ဂါဇာကမ်းမြောင်ဒေသမှာ ဆက်သွယ်ရေး လုံးဝပြတ်တောက်မှုတွေနဲ့ ထပ်မံကြုံတွေ့နေရပါတယ်။ တယ်လီဖုန်းနဲ့ အင်တာနက် ဆက်သွယ်မှုတွေ လုံးဝပြတ်တောက်နေကြောင်း ပါလက်စတိုင်း ဆက်သွယ်ရေးကုမ္ပဏီ Paltel က အင်္ဂါနေ့မှာ ကြေညာချက် ထုတ်ပြန်လိုက်တာပါ။ အရင်တခေါက် ပြတ်တောက်မှုတွေ ကြုံခဲ့ရပြီးနောက် ဆက်သွယ်မှုတွေ ပြန်လည် ရရှိထားတဲ့ နိုင်ငံတကာ ဆက်သွယ်မှုလမ်းကြောင်းမှာ ထပ်မံပြတ်တောက်ခဲ့တာလို့လည်း ပြောပါတယ်။

ပြီးခဲ့သောသောကြာနေ့က ၂ ရက်ကြာ ဆက်သွယ်ရေးတွေ လုံး၀ ပြတ်တောက်ခဲ့စဉ်ကလည်း လူဦးရေ ၂ သန်း ၃ သိန်းရှိတဲ့ ဒေသမှာ နိုင်ငံတကာက ပေးပို့တဲ့ ကယ်ဆယ်ရေး အထောက်အပံ့တွေ ရရှိရေး အခက်အခဲတွေ ကြုံခဲ့ရပါတယ်။ ဂါဇာမြောက်ပိုင်း Jabaliya (ဂျာဘာလီယာ) ရှိ ပါလက်စတိုင်းဒုက္ခသည်စခန်းမှာ အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုအပြီး နာရီပိုင်းအတွင်းမှာပဲ ဖုန်းနဲ့ အင်တာနက်လိုင်းတွေ ပြတ်တောက်သွားခဲ့တာပါ။ ဒုက္ခသည်စခန်း တိုက်ခိုက်မှုမှာတော့ လူ ၅၀ ထက်မနည်း သေဆုံးပြီး ၁၅၀ ဒဏ်ရာရခဲ့တယ်လို့ ပါလက်စတိုင်း ကျန်းမာရေး အာဏာပိုင်တွေက ပြောပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG