သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာရပ်နိုင်ငံခြားရေးဝန်ကြီးတွေနဲ့ ဝန်ကြီး Blinken ဆွေးနွေး

အစ္စရေး-ဂါဇာအရေး အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken အာရပ်နိုင်ငံခြားရေးဝန်ကြီးတွေနဲ့ ဆွေးနွေး၊ နိုဝင်ဘာ ၄၊ ၂၀၂၃
အစ္စရေး-ဂါဇာအရေး အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken အာရပ်နိုင်ငံခြားရေးဝန်ကြီးတွေနဲ့ ဆွေးနွေး၊ နိုဝင်ဘာ ၄၊ ၂၀၂၃

အစ္စရေးနဲ့ Hamas စစ်သွေးကြွအဖွဲ့ကြားဖြစ်ပွားနေတဲ့ စစ်ပွဲ ရပ်စဲရေး အာရပ်နိုင်ငံခြားရေးဝန်ကြီးတွေရဲ့ ဆွေးနွေးပွဲကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken တက်ရောက်ခဲ့ပါတယ်။ ဂျော်ဒန်နိုင်ငံ အာမန်းမြို့တော်မှာကျင်းပတဲ့ ဆွေးနွေးပွဲမှာ ဂျော်ဒန်၊ အီဂျစ်၊ အာရပ်စော်ဘွားများပြည်ထောင်စု UAE၊ Saudi Arabia၊ Qatar နိုင်ငံတွေက နိုင်ငံခြားရေးဝန်ကြီးတွေနဲ့အတူ ပါလက်စတိုင်းနိုင်ငံရေးပါတီ PLO တာဝန်ရှိသူတွေလည်း တက်ရောက်ကြပါတယ်။

ဂါဇာကမ်းမြောင်ဒေသကို လူသားချင်းစာနာတဲ့ အကူအညီတွေ ပေးပို့နိုင်အောင် အစ္စရေးတို့ရဲ့ တိုက်ခိုက်မှု ခေတ္တရပ်ပေးဖို့ အမေရိကန်အစိုးရက တောင်းဆိုနေချိန်မှာ အာရပ်နိုင်ငံတွေကတော့ အမြန်ဆုံး အပစ် အခတ်ရပ်စဲရေးကို တောင်းဆိုနေကြပါတယ်။ ဂါဇာဒေသက ပါလက်စတိုင်းပြည်သူတွေ အလွန်အမင်း လိုအပ်နေတဲ့ လူသားချင်းစာနာစရာ အကူအညီတွေ ပိုပြီး ပေးပို့နိုင်ရေး၊ ဂါဇာမှာပိတ်မိနေတဲ့ အမေရိကန်နိုင်ငံသားတွေ ဘေးလွတ်ရာ သွားနိုင်ရေး၊ Hamas တို့ အောက်တိုဘာ ၇ ရက်ထဲက ဖမ်းဆီးထားတဲ့ အမေရိကန်နိုင်ငံသားတွေ ပြန်လည်လွတ်မြောက်လာရေး ကြိုးပမ်းဖို့ နိုင်ငံခြားရေးဝန်ကြီး Blinken သောကြာနေ့ထဲက အရှေ့အလယ်ပိုင်းဒေသကို ရောက်နေတာဖြစ်ပါတယ်။

သောကြာနေ့က အစ္စရေးခေါင်းဆောင်တွေနဲ့ တွေ့ဆုံစဉ် ဂါဇာဒေသက အရပ်သားပြည်သူတွေ ထိခိုက် သေဆုံးမှုမရှိအောင် ကာကွယ်ဖို့ တိုက်တွန်းခဲ့သလို အကူအညီတွေ ပို့ပေးနိုင်အောင် အစ္စရေးစစ်တပ်ရဲ့ တိုက်ခိုက်မှုတွေကို ယာယီ အပစ်အခတ်ရပ်စဲထားဖို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက တိုက်တွန်း တောင်းဆိုခဲ့ပါတယ်။

အစ္စရေးဝန်ကြီးချုပ် Benjamin Netanyahu ကတော့ တိုက်ခိုက်မှုတွေကို ဆက်လုပ်သွားမယ်လို့ တုံ့ပြန် ခဲ့ပါတယ်။ အမေရိကန်အစိုးရက အကြမ်းဖက်အဖွဲ့အဖြစ်သတ်မှတ်ထားတဲ့ Hamas အဖွဲ့နဲ့ အစ္စရေးအဖွဲ့ ကြား ဖြစ်နေတဲ့ ပဋိပက္ခတွေ ဒေသတွင်းမှာ ကူးစက် ကျယ်ပြန့်မသွားရေး အရေးကြီးတယ်လို့ ဝန်ကြီး Blinken က လက်ဘနွန်အိမ်စောင့်အစိုးရဝန်ကြီးချုပ်နဲ့ ဒီနေ့ အစောပိုင်းတွေ့ဆုံစဉ်က ပြောကြား ခဲ့ပါတယ်။

အာရပ်နိုင်ငံခြားရေးဝန်ကြီးတွေနဲ့ ဝန်ကြီး Blinken ဆွေးနွေး
please wait

No media source currently available

0:00 0:00:54 0:00
တိုက်ရိုက် လင့်ခ်

This item is part of
XS
SM
MD
LG