သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်နိုင်ငံခြားရေးဝန်ကြီး ပါလက်စတိုင်းသမ္မတနဲ့ ရုတ်တရက် သွားရောက်တွေ့ဆုံ


အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken (ဝဲ)နှင့် ပါလက်စတိုင်းသမ္မတ Mahmoud Abbas(ယာ) တို့ Ramallah မြို့မှာတွေ့ဆုံ၊ နိုဝင်ဘာ ၅၊၂၀၂၃။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken (ဝဲ)နှင့် ပါလက်စတိုင်းသမ္မတ Mahmoud Abbas(ယာ) တို့ Ramallah မြို့မှာတွေ့ဆုံ၊ နိုဝင်ဘာ ၅၊၂၀၂၃။

အစ္စရေးလ်နဲ့ Hamas စစ်ပွဲကြောင့် ဂါဇာဒေသမှာ အရပ်သားတွေ ဒုက္ခရောက်နေတာကို သက်သာရာ ရစေဖို့ ကြိုးပမ်းနေတဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Antony Blinken ဟာ အနောက်ဖက်ကမ်း ဒေသကို ဒီကနေ့ ရုတ်တရက် သွားရောက်ခဲ့ပြီး ပါလက်စတိုင်းသမ္မတ Mahmoud Abbas နဲ့ တွေ့ဆုံပါတယ်။

အစ္စရေးရဲ့ လေကြောင်း တိုက်ခိုက်မှုကြောင့် ဂါဇာဒေသ ဒုက္ခသည်စခန်းမှာ လူပေါင်းဒါဇင်နဲ့ချီ သေဆုံး ခဲ့အပြီး နာရီပိုင်းအကြာမှာပဲ ကြိုတင်ကြေညာမထားဘဲ Ramallah မြို့ကို ဝန်ကြီးဘလင်ကန် လုံခြုံရေး အစောင့်အရှောက်တွေ ခြံရံပြီး ရောက်သွားခဲ့တာပါ။ အနောက်ဖက်ကမ်းဒေသကို ဝန်ကြီးဘလင်ကန် မရောက်မချင်း ခရီးစဉ်နဲ့ ပတ်သက်လို့ နိုင်ငံခြားရေးဌာနက အတည်ပြုဖို့ ငြင်းဆန်ခဲ့ပေမဲ့၊ နောက်ပိုင်း ရောက်လာတဲ့သတင်းထွက်လာချိန်မှာ ကန့်ကွက် ဆန္ဒပြပွဲတွေလည်း ပေါ်ပေါက်ခဲ့ပါတယ်။

ဝန်ကြီးဘလင်ကန်နဲ့ ပါလက်စတိုင်းသမ္မတို့ အပြန်အလှန် နှုတ်ဆက်ပြောဆိုတာတွေ့ရပေမဲ့ သတင်းထောက်တွေရှေ့မှာ ၂ ယောက်စလုံးက တစုံတရာပြောဆိုတာ မရှိသလို၊ တွေ့ဆုံမှုအပြီးမှာလည်း မှတ်ချက်ပေးတာ မရှိခဲ့ပါဘူး။ အမေရိကန် နိုင်ငံခြားရေးဌာန ပြောခွင့်ရ Matthew Miller ကတော့ ဂါဇာဒေသမှာ သေရေးရှင်ရေး အရေးကြီးတဲ့ စာနာမှုအကူအညီတွေနဲ့ ဝန်ဆောင်မှုတွေ ပေးအပ်ဖို့၊ ပါလက်စတိုင်းတွေကို အတင်းအကျပ် မောင်းမထုတ်ဖို့တွေအတွက် ထပ်လောင်း ကတိပြုခဲ့ကြောင်း ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG