သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်နိုင်ငံခြားရေးဝန်ကြီး အရှေ့အလယ်ပိုင်းခရီးအပြီး အာရှကိုသွားရောက်မည်


Blinken
Blinken

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken ဟာ အရှေ့အလယ်ပိုင်းဒေသခရီးစဉ် အစည်းအဝေးတွေပြီးရင်တော့ လာမယ့်သီတင်းပတ်ထဲ ဂျပန်၊ တောင်ကိုရီးယားနဲ့ အိန္ဒိယနိုင်ငံတို့ကို သွားရောက်မှာဖြစ်ပါတယ်။ အရှေ့အလယ်ပိုင်းဒေသခရီးစဉ်အတွင်း ဂါဇာပဋိပက္ခမှာ အရပ်သားထိခိုက်သေကြေမှု နည်းနိုင်သမျှနည်းအောင် ဒေသတွင်းနိုင်ငံတွေနဲ့ ညှိနှိုင်းဆွေးနွေးသွားဖို့ရှိပါတယ်။

ဟားမတ်စ်တို့နဲ့ဖြစ်နေတဲ့ပဋိပက္ခအတွင်း အရပ်သားတွေကို အကာအကွယ်ပေးနိုင်ဖို့ အလေးပေးဆောင်ရွက်သွားမယ်လို့ အစ္စရေးနဲ့ ဂျော်ဒန်ခရီးမစခင် နိုင်ငံခြားရေးဝန်ကြီး Blinken က ပြောပါတယ်။ အခုလို ဂါဇာပဋိပက္ခတွေနဲ့ ယူကရိန်းစစ်လို နိုင်ငံတကာကြုံနေရတဲ့ အကျပ်အတည်းကြီးတွေနဲ့ လုံးပမ်းနေရပေမယ့် အင်ဒို ပစိဖိတ်ဒေသအရေးကိုလည်း အမေရိကန်ပြည်ထောင်စုအနေနဲ့ အလေးထားသွားမှာဖြစ်ကြောင်း အမေရိကန်အကြီးတန်းတာဝန်ရှိသူတွေက သတင်းထောက်တွေကို ပြောပါတယ်။

လာမယ့် နိုဝင်ဘာ ၇ ရက်နေ့နဲ့ ၈ ရက်နေ့တွေမှာတော့ ဂျပန်နိုင်ငံ တိုကျိုမှာ G7 စက်မှုထိပ်သီး နိုင်ငံခြားရေးဝန်ကြီးတွေ အစည်းအဝေးရှိနေတဲ့အပြင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဟာ ဂျပန်ဝန်ကြီးချုပ်နဲ့ ဂျပန်နိုင်ငံခြားရေးဝန်ကြီးတို့ကို သီးခြားစီ တွေ့ဆုံသွားဖို့ ရှိပါတယ်။ ဒီနှစ်ဟာ အမေရိကန်-တောင်ကိုရီးယားအကြား မဟာမိတ်ဆက်ဆံရေး နှစ် ၇၀ ပြည့်ကျရောက်တဲ့အထိမ်းအမှတ်ဖြစ်သလို တောင်ကိုရီးယားနိုင်ငံရောက်ရှိစဉ်မှာ သူ့အနေနဲ့ တောင်ကိုရီးယားခေါင်းဆောင်တွေနဲ့ သီးခြားစည်းဝေးဖို့ရှိပါတယ်။ အဲဒီမှာတော့ ရုရှားနဲ့ မြောက်ကိုရီးယား စစ်ရေးပူးပေါင်းဆောင်ရွက်မှုနဲ့ လုံခြုံရေးသက်ရောက်မှုတွေကို အလေးပေးဆွေးနွေးမှာဖြစ်တယ်လို့ အမေရိကန် နိုင်ငံခြားရေးဌာန အကြီးတန်းအရာရှိက ပြောပါတယ်။

နိုင်ငံခြားရေးဝန်ကြီး Blinken ဟာ နိုဝင်ဘာလ ၁၀ ရက်နေ့ကျရင်တော့ ကာကွယ်ရေးဝန်ကြီး Lloyd Austin နဲ့အတူ အိန္ဒိယနိုင်ငံကို ရောက်ရှိမှာဖြစ်ပြီး နှစ်စဉ်လုပ်နေကျ နှစ်နိုင်ငံ နိုင်ငံခြားရေးနဲ့ ကာကွယ်ရေးဝန်ကြီးတွေ အစည်းအဝေးကို တက်ရောက်မှာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG