သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

“စစ်ပြီးရင် ဂါဇာလုံခြုံရေးအပြည့်အဝတာဝန်ယူမည်” အစ္စရေးဝန်ကြီးချုပ်

အစ္စရေးဝန်ကြီးချုပ် Netanyahu
အစ္စရေးဝန်ကြီးချုပ် Netanyahu

ဟားမတ်စ်နဲ့ စစ်ပွဲပြီးတဲ့နောက် ဂါဇာရဲ့လုံခြုံရေးတခုလုံးတာဝန်ကို အချိန်အကန့်အသတ်မရှိ အစ္စရေးကယူမယ်လို့ အစ္စရေးဝန်ကြီးချုပ်က ပြောလိုက်ပါတယ်။

တနင်္လာနေ့ညက အေဘီစီရုပ်မြင်သံကြားနဲ့လုပ်ခဲ့တဲ့အင်တာဗျူးမှာ ဝန်ကြီးချုပ်ဘင်န်ဂျမင်န် ‌နာတန်ယာဟုက ခုလို ပြောလိုက်တာပါ။ ဂါဇာကိုထိန်းချုပ်တော့မယ့်အစီအစဥ်ကို အစ္စရေးက အရှင်းဆုံးပြောလိုက်တာလည်းဖြစ်ပါတယ်။

ဂါဇာကို အကူအညီပေးနိုင်အောင် ဒါမှဟုတ် ဟားမတ်စ်က ဖမ်းထားသူ ၂၄၀ ကျော် လွှတ်ပေးရေး အထောက်အကူဖြစ်အောင် တိုက်ခိုက်တာကို ခဏတာလေးတွေ ရပ်ထားပေးဖို့ အစ္စရေးက ဖွင့်ထားကြောင်းလည်း နာတန်ယာဟုက ပြောပါတယ်။ ဒါပေမဲ့ ဖမ်းထားသူတွေအားလုံး ပြန်မလွှတ်ဘဲ အထွေထွေအပစ်အခတ်ရပ်စဲရေးကိုတော့ သူက ငြင်းဆိုသွားပါတယ်။

အမေရိကန်သမ္မတဘိုင်ဒန်နဲ့ နာတန်ယာဟုတို့ ဖုန်းပြောခဲ့ကြပေမဲ့ သမ္မတဘိုင်ဒန်တောင်းဆိုတဲ့ လူသားချင်းစာနာထောက်ထားရေး၊ ခဏတာအပစ်ရပ်ရေးနဲ့ တ်သက်လို့ ဘာသဘောတူညီချက်မှ မရရှိခဲ့ဘူးလို့ အိမ်ဖြူတော်ကတော့ ဆိုပါတယ်။

ဘယ်လိုပုံစံနဲ့ ဂါဇာကို ဆက်လက်ထိန်းချုပ်မယ်ဆိုတာကိုတော့ နာတန်ယာဟုက ရှင်းလင်းမသွားခဲ့ပါဘူး။ ဂါဇာကို ထပ်မသိမ်းသင့်ဘူးလို့ အမေရိကန်တာဝန်ရှိသူတွေကတော့ အစ္စရေးကို အကြံပေးထားတာပါ။ ၂၀၀၅ တုန်းကတော့ ဂါဇာကနေ အစ္စရေးတပ်တွေ ပြန်ရုပ်သိမ်းခဲ့ပေမဲ့ ဂါဇာရဲ့ဝေဟင်၊ ကမ်းခြေ၊ လူဦးရေ မှတ်ပုံတင်တာနဲ့ အီဂျစ်နယ်ခြားကလွဲပြီး ကျန်နယ်ခြားဖြတ်ကူးတာတွေကိုတော့ အစ္စရေးက ဆက်လက်ထိန်းချုပ်ထားခဲ့တာပါ။

“စစ်ပြီးရင် ဂါဇာလုံခြုံရေးအပြည့်အဝတာဝန်ယူမည်” အစ္စရေးဝန်ကြီးချုပ်
please wait

No media source currently available

0:00 0:01:16 0:00
တိုက်ရိုက် လင့်ခ်

This item is part of
XS
SM
MD
LG