သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂါဇာအရေး မွတ်ဆလင်ခေါင်းဆောင်တွေ Saudi Arabia မှာ ထိပ်သီးစည်းဝေး


ဂါဇာအရေး မွတ်ဆလင်ခေါင်းဆောင်တွေ Saudi Arabia မှာ ထိပ်သီးစည်းဝေးကျင်းပ၊ နိုဝင်ဘာ ၁၁၊ ၂၀၂၃
ဂါဇာအရေး မွတ်ဆလင်ခေါင်းဆောင်တွေ Saudi Arabia မှာ ထိပ်သီးစည်းဝေးကျင်းပ၊ နိုဝင်ဘာ ၁၁၊ ၂၀၂၃

ဂါဇာမှာပြုလုပ်နေတဲ့ စစ်ဆင်ရေးတွေ ချက်ခြင်းရပ်တန့်ဖို့ ဆော်ဒီအာရေးဗီးယားနဲ့ မွတ်ဆလင်နိုင်ငံ တွေက ပူးတွဲကြေညာချက်ထုတ်ပြန် တောင်းဆိုလိုက်ပြီး ပါလက်စတိုင်းတွေအပေါ် ကျူးလွန်နေတဲ့ ရာဇဝတ်မှုတွေအတွက် အစ္စရေးမှာ တာဝန်ရှိတယ်လို့ ပြောပါတယ်။ ဂါဇာမှာဖြစ်ပေါ်နေတဲ့ စစ်ပွဲတွေရပ် တန့်ရေးအတွက် အမေရိကန်နဲ့ အစ္စရေးကို ဖိအားပေးတဲ့အနေနဲ့ ဆော်ဒီအာရေးဗီးယား အိမ်ရှင်မင်းသား Mohammed Bin Salman က ဦးဆောင်ပြီး အာရပ်နဲ့ မွတ်ဆလင်နိုင်ငံတွေက ခေါင်းဆောင်တွေနဲ့ Riyadh မြို့မှာ အာရပ်- အစ္စလာမ်မစ် ညီလာခံကို ဒီကနေ့ ကျင်းပတာပါ။

ဒီညီလာခံကို အီရန်သမ္မတ Ebrahim Raisi ၊ တူရကီသမ္မတ Tayyip Erdogan ၊ ကာတာ ဘုရင် Sheikh Tamim bin Hamad Al Thani နဲ့ ဆီးရီးယားသမ္မတ Bashar al-Assad တို့အပြင် တခြား ဒါဇင်နဲ့ချီတဲ့ အာရပ်နဲ့ မွတ်ဆလင်နိုင်ငံတွေက ခေါင်းဆောင်တွေ တက်ရောက်ခဲ့ကြပါတယ်။ သူတို့ရဲ့ ပါလက်စတိုင်း ညီနောင်တော်တွေကို တိုက်ခိုက်နေမှုအားလုံးကို ပြစ်တင်ရှုတ်ချပြီး ပြတ်သားစွာ ဆန့်ကျင် ကန့်ကွက်ကြောင်း ဆော်ဒီ အိမ်ရှေ့မင်းသားက ပြောပါတယ်။

ဆော်ဒီအာရေဗျအိမ်ရှေ့စံမင်းသား Mohammed Bin Salman(ယာ)၊ အီရန်သမ္မတ Ebrahim Raisi (ဝဲ)၊ နိုဝင်ဘာ ၁၁၊ ၂၀၂၃
ဆော်ဒီအာရေဗျအိမ်ရှေ့စံမင်းသား Mohammed Bin Salman(ယာ)၊ အီရန်သမ္မတ Ebrahim Raisi (ဝဲ)၊ နိုဝင်ဘာ ၁၁၊ ၂၀၂၃

အခုလိုမွတ်ဆလင်ခေါင်းဆောင်တွေ ဂါဇာအရေးဆွေးနွေးနေတဲ့ တချိန်ထဲမှာပဲ ဗြိတိန်နိုင်ငံ လန်ဒန်မြို့ လယ်မှာ ပါလက်စတိုင်းကိုထောက်ခံသူတွေ ချီတက်ဆန္ဒပြကြပါတယ်။ သိန်းနဲ့ချီ ပါဝင်မယ်လို့ ခန့်မှန်းထား တဲ့ ချီတက်ပွဲကို ငြိမ်းငြိမ်းချမ်းချမ်းဖြစ်အောင် တာဝန်ရှိသူတွေက တောင်းဆိုထားပြီး လုံခြုံရေးအတွက် ရဲအရာရှိ ၂၀၀၀ ထက်မနည်းကိုလည်း တာဝန်ချထားပါတယ်။ ဒီဆန္ဒပြမှုကို ဆန့်ကျင်တဲ့ တန်ပြန်ဆန္ဒပြမှု တွေလည်း ရှိနေပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG