သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

“ရှီဖာဆေးရုံကို အကာအကွယ်ပေးရပါမယ်” သမ္မတ Joe Biden


PALESTINIAN-ISRAEL-CONFLICT-HOSPITAL
PALESTINIAN-ISRAEL-CONFLICT-HOSPITAL

‘ဂါဇာက ရှီဖာဆေးရုံကို ကာကွယ်ရပါမယ်’လို့ အမေရိကန်သမ္မတဂျိုးဘိုင်ဒန်က တနင်္လာနေ့က ပြောလိုက်ပါတယ်။ ‘အထိအခိုက်နည်းတဲ့နည်းနဲ့ ဆောက်ရွက်လိမ့်မယ်ဆိုတာက ကျနော့်ရဲ့ မျှော်လင့်ချက်ဖြစ်ပါတယ်’ လို့ သမ္မတဘိုင်ဒန်က အိမ်ဖြူတော်မှာ ပြောကြားခဲ့တာဖြစ်ပါတယ်။

လူနာတွေနဲ့ စစ်ရှောင်အိုးအိမ်ပစ်ပြောင်းရွှေ့လာသူ ရာပေါင်းများစွာက ရှီဖာဆေးရုံ မှာ ရှိနေကြဆဲ ဖြစ်ပါတယ်။ ဟားမတ်စ် စစ်သွေးကြွတွေရဲ့ အမိန့်ပေးစခန်းက ရှီဖာဆေးရုံဝင်းအောက်မှာ ရှိတယ်လို့ အစ္စရေးက ဆိုပါတယ်။ ဒါပေမဲ့ ဟားမတ်စ်နဲ့ ဆေးရုံဝန်ထမ်းတွေကတော့ အစ္စရေးရဲ့ ပြောဆိုချက်ကို ငြင်းဆိုကြပါတယ်။

RPG လောင်ချာကိုင်ထားတဲ့ ဟားမတ်စ်စစ်သွေးကြွတယောက်က အခြားဆေးရုံတခုဖြစ်တဲ့ Al-Quds ဆေးရုံထဲဝင်သွားတာကိုပြတဲ့ ဗွီဒီယိုတခုကို အစ္စရေးစစ်တပ်က တနင်္လာနေ့က ထုတ်ပြန်လိုက်ပါတယ်။ ကျောင်း၊ ဆေးရုံနဲ့ ဗလီတွေအနီးမှာ ရော့ကက်ပစ်စင်နဲ့ အခြားလက်နက်တွေ ကို စစ်သွေးကြွတွေကချထားတဲ့ ဗွီဒီယိုကိုလည်း အစ္စရေးက ထုတ်ပြန်ထားပါတယ်။

“စစ်အတွင်းမှာ ဆေးရုံတွေကို မတိုက်ခိုက်ရ” လို့ နိုင်ငံတကာဥပဒေတွေက တားမြစ်ထားတာပါ။ ဒါပေမဲ့ တိုက်ခိုက်ကြသူတွေက ဆေးရုံတွေမှာ တိုက်ခိုက်သူတွေ ခိုအောင်းဖို့၊ လက်နက်တွေ ဝှက်ထားဖို့နဲ့ တခြားနည်းလမ်းတွေနဲ့ တိုက်ခိုက်ရေးအတွက် အသုံးပြုလာမယ်ဆိုရင်တော့ အဲဒီလို ဥပဒေက ဆေးရုံတွေကို အကာအကွယ်ပေးထားတာ ပျက်ပြယ်တယ်လို့ နိုင်ငံတကာ ကြက်ခြေနီအဖွဲ့က ဆိုပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG