သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစ္စရေး-ဟာမတ်စ် စစ်ပွဲအဆုံးသတ်ရေးဆွေးနွေးဖို့ ကန်ကာကွယ်ရေးဝန်ကြီး အစ္စရေးရောက်


အစ္စရေးနိုင်ငံ Tel Aviv မြို့တော်မှာ တွေ့ဆုံဆွေးနွေးနေတဲ့ အစ္စရေးကာကွယ်ရေးဝန်ကြီး Yoav Gallant (ဝဲ) နဲ့ အမေရိကန်ကာကွယ်ရေးဝန်ကြီး Lloyd Austin (ယာ) (ဒီဇင်ဘာ ၁၈၊ ၂၀၂၃)
အစ္စရေးနိုင်ငံ Tel Aviv မြို့တော်မှာ တွေ့ဆုံဆွေးနွေးနေတဲ့ အစ္စရေးကာကွယ်ရေးဝန်ကြီး Yoav Gallant (ဝဲ) နဲ့ အမေရိကန်ကာကွယ်ရေးဝန်ကြီး Lloyd Austin (ယာ) (ဒီဇင်ဘာ ၁၈၊ ၂၀၂၃)

ဂါဇာမှာဖြစ်နေတဲ့ တိုက်ပွဲတွေ အဆုံးသတ်ရေးနဲ့ ပဋိပက္ခတွေကို လျော့ပါးသွားစေရေးနဲ့ဆိုင်တဲ့ ကိစ္စရပ်တွေကို ဆွေးနွေးဖို့အတွက် အမေရိကန် ကာကွယ်ရေးဝန်ကြီး Lloyd Austin အစ္စရေးနိုင်ငံကို ဒီကနေ့ ရောက်ရှိနေပါတယ်။ ဒီခရီးစဉ်အတွင်းမှာ အစ္စရေး ဝန်ကြီးချုပ် Benjamin Netanyahu ၊ ကာကွယ်ရေးဝန်ကြီး Yoav Gallant အပါအဝင် အစ္စရေးထိပ်တန်းခေါင်းဆောင်တွေနဲ့ တွေ့ဆုံမှာဖြစ်တယ်လို့လည်း ဝန်ကြီး Austin နဲ့အတူ ခရီးသွားနေတဲ့ အမေရိကန် အကြီးတန်း ကာကွယ်ရေး အရာရှိတဦးက သတင်းထောက်တွေကို ပြောပါတယ်။

တချိန်ထဲမှာဘဲ ဂါဇာမှာရှိတဲ့ အရပ်သားတွေကို လူသားခြင်းစာနာမှု အကူအညီတွေ ပေးနိုင်ဖို့အတွက် အပစ်အခတ်ရပ်စဲရေး တောင်းဆိုတဲ့ ဆုံးဖြတ်ချက်ကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ဒီနေ့မှာ မဲခွဲဆုံးဖြတ်ဖို့ရှိနေပါတယ်။ ဒီလအစောပိုင်းက လုံခြုံရေးကောင်စီရဲ့ အပစ်ရပ်ရေးတောင်းဆိုချက်ကို အမေရိကန်နိုင်ငံက ဗီတိုအာဏာသုံးပြီး ပယ်ချခဲ့တာပါ။ ဒီလို အပစ်ရပ်တန့်လိုက်တာဟာ ဟာမတ်စ်တို့အတွက် အကျိုးရှိစေမှာဖြစ်တယ်လို့လည်း အစ္စရေးနဲ့ အမေရိကန်တို့က ပြောထားပါတယ်။

အစ္စရေးနိုင်ငံ Tel Aviv မြို့တော်မှာ တွေ့ဆုံဆွေးနွေးနေတဲ့ အစ္စရေးကာကွယ်ရေးဝန်ကြီး Yoav Gallant (ဝဲ) နဲ့ အမေရိကန်ကာကွယ်ရေးဝန်ကြီး Lloyd Austin (ယာ) (ဒီဇင်ဘာ ၁၈၊ ၂၀၂၃)
အစ္စရေးနိုင်ငံ Tel Aviv မြို့တော်မှာ တွေ့ဆုံဆွေးနွေးနေတဲ့ အစ္စရေးကာကွယ်ရေးဝန်ကြီး Yoav Gallant (ဝဲ) နဲ့ အမေရိကန်ကာကွယ်ရေးဝန်ကြီး Lloyd Austin (ယာ) (ဒီဇင်ဘာ ၁၈၊ ၂၀၂၃)

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး Catherine Colonna ရဲ့ အစ္စရေး ခရီးစဉ်အတွင်းမှာလည်း ဓားစာခံတွေကို များများလွှတ်ပေးရေး၊ ဂါဇာကမ်းမြောင်အတွက် အကူအညီ အများအပြားရယူပြီး နိုင်ငံရေးဖြေရှင်းမှုဆီကို ဦးတည်သွားနိုင်ဖို့နဲ့ ချက်ချင်းအပစ်အခတ်ရပ်စဲရေးတို့ကို တောင်းဆိုခဲ့ပါတယ်။ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး David Cameron နဲ့ ဂျာမန်နိုင်ငံခြားရေးဝန်ကြီး Annalena Baerbock တို့ကလည်း ရေရှည် တည်တံ့တဲ့ အပစ်အခတ်ရပ်စဲရေးဆောင်ရွက်ဖို့ တောင်းဆိုကြောင်း ဗြိတိန်ထုတ် Sunday Times သတင်းစာမှာ ဖော်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG