သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဟားမတ်စ်ထောက်ခံကူညီသူတွေကို ကန်နဲ့ဗြိတိန် အရေးယူ


ပါလက်စတိုင်းအစ္စလာမ်မစ်အုပ်စုဖြစ်တဲ့ ဟားမတ်စ်အဖွဲ့နဲ့ အစ္စရေးတို့ပဋိပက္ခဖြစ်နေချိန်အတွင်း ဂါဇာနယ်စပ်မှာ စစ်ဆင်နေတဲ့ အစ္စရေးအမြောက်တပ်။ (ဒီဇင်ဘာ ၁၂၊ ၂၀၂၃)
ပါလက်စတိုင်းအစ္စလာမ်မစ်အုပ်စုဖြစ်တဲ့ ဟားမတ်စ်အဖွဲ့နဲ့ အစ္စရေးတို့ပဋိပက္ခဖြစ်နေချိန်အတွင်း ဂါဇာနယ်စပ်မှာ စစ်ဆင်နေတဲ့ အစ္စရေးအမြောက်တပ်။ (ဒီဇင်ဘာ ၁၂၊ ၂၀၂၃)

ဟားမတ်စ်အဖွဲ့အတွက် ရန်ပုံငွေထောက်ပံ့ပေးနေသူတွေကို အမေရိကန်နဲ့ ဗြိတိန်နိုင်ငံတွေက စတုတ္ထအကြိမ်မြောက် ပိတ်ဆို့အရေးယူမှုတွေကို ဗုဒ္ဓဟူးနေ့က ချမှတ်လိုက်ပါတယ်။

အမေရိကန်ဘဏ္ဍာရေးဌာနရဲ့ ပိတ်ဆို့အရေးယူမှုအသစ်ထဲမှာ နိုင်ငံရပ်ခြားက ဟားမတ်စ်အကျိုးစီးပွားတွေကို ကိုယ်စားပြုပြီး ဘဏ္ဍာရေးဆိုင်ရာ စီမံခန့်ခွဲပေးနေတဲ့ တူရကီနဲ့ တခြားဒေသတွေက လူ ပုဂ္ဂိုလ် ရှစ်ဦးပါဝင်ပါတယ်။ "ဟားမတ်စ်တွေဟာ ရာထူးရာခံ နေရာကောင်းတွေမှာရှိတဲ့အရာရှိတွေနဲ့ ဆက်နွယ်သူတွေပါဝင်တဲ့ ကွန်ရက်တွေပေါ်မှာ ဆက်လက်မှီခိုနိုင်နေပြီး အချုပ်အခြာ အာဏာပိုင် တရားရေးစနစ်တွေကို အလွဲသုံးစားလုပ်ပြီး တရားမဝင်ရရှိတဲ့ငွေတွေနဲ့ ဂါဇာက စစ်ရေးလှုပ်ရှားမှုတွေကို ထောက်ပံ့နေတယ်” လို့ အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာန၊ အကြမ်းဖက်ဝါဒနဲ့ ငွေကြေးဆိုင်ရာ ထောက်လှမ်းရေးဌာနခွဲရဲ့ လက်ထောက်ဝန်ကြီး ဘရိုင်ယန်နယ်လ်ဆင်က ပြောပါတယ်။

တူရကီနဲ့ ဂါဇာကမ်းမြောင်ဒေသက ငွေကြေးတွေကို အနောက်ဘက်ကမ်း ဟီဘရွန်မြို့က ဟားမတ်စ်ကွပ်ကဲရေးစခန်းကို လွှဲပြောင်းပေးတဲ့ကွန်ရက်မှာ ပါဝင်တဲ့ တူရကီက Haroun Mansour Yaqoub Nasser Al-Din ဆိုသူကို ဟားမတ်စ်အတွက် အဓိက ငွေကြေးဆိုင်ရာ ဆောင်ရွက်ပေးနေသူအဖြစ် ဘဏ္ဍာရေးဌာနက ဖော်ပြပါတယ်။ အခု ပိတ်ဆို့အရေးယူမှုကြောင့် အမေရိကန်ပိုင်နက်ထဲမှာ ဟားမတ်စ်အဖွဲ့ရဲ့ပိုင်ဆိုင်မှုအားလုံးကို ထိန်းချုပ်မှာဖြစ်သလို အနာဂတ်မှာ အမေရိကန်နဲ့ ဗြိတိန်အကျိုးစီးပွားတွေနဲ့ အရောင်းအဝယ်ပြုလုပ်တာတွေကိုလည်း တားမြစ်ထားပါတယ်။

လူပေါင်း ၁,၂၀၀ သေဆုံးပြီး ဓားစာခံ ၂၄၀ လောက်ကို ပြန်ပေးဆွဲခဲ့တဲ့ အောက်တိုဘာ ၇ ရက် အစ္စရေးကို တိုက်ခိုက်မှုဖြစ်စဥ်အပြီးမှာ ဟားမတ်စ်အဖွဲ့ကို အမေရိကန်နဲ့ ဗြိတိန်နိုင်ငံတွေက အရင်ကလည်း ပိတ်ဆို့အရေးယူမှု သုံးကြိမ် ချမှတ်ခဲပြီးဖြစ်ပါတယ်။ အမေရိကန်နဲ့ဗြိတိန် နှစ်နိုင်ငံစလုံးက ဟားမတ်စ်ကို အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ထားပြီး ဟားမတ်စ်ကိုရှင်းလင်းတဲ့ အစ္စရေးရဲ့လက်တုံ့ပြန်ထိုးစစ်ကြောင့် ဂါဇာမှာ လူပေါင်း ၁၈,၀၀၀ ကျော် သေဆုံးခဲ့ရပြီးဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG