သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစ္စရေးအနေနဲ့ ဂါဇာကို ရေရှည်သိမ်းပိုက်ထားဖို့ မဖြစ်နိုင်


အစ္စရေးနိုင်ငံ မြို့တော် Tel Aviv မှာ သတင်းစာရှင်းလင်းပွဲအတွင်း စကားပြောနေတဲ့ အမေရိကန် အမျိုးသားလုံခြုံရေးအကြံပေး Jake Sullivan (ဒီဇင်ဘာ ၁၅၊ ၂၀၂၃)
အစ္စရေးနိုင်ငံ မြို့တော် Tel Aviv မှာ သတင်းစာရှင်းလင်းပွဲအတွင်း စကားပြောနေတဲ့ အမေရိကန် အမျိုးသားလုံခြုံရေးအကြံပေး Jake Sullivan (ဒီဇင်ဘာ ၁၅၊ ၂၀၂၃)

ဂါဇာမှာဖြစ်နေတဲ့ စစ်ပွဲတွေဟာ ထောက်လှမ်းရေးသတင်း အချက်အလက် အပြည့်အစုံနဲ့ ဟာမတ်စ်ခေါင်းဆောင်တွေကိုပဲ ပစ်မှတ်ထား တိုက်ခိုက်တဲ့ စစ်ပွဲအသွင်သစ်ကို ပြောင်းလဲသွားလိမ့်မယ်လို့ အစ္စရေးနိုင်ငံမှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း အမေရိကန် အမျိုးသားလုံခြုံရေးအကြံပေး Jake Sullivan က ဒီကနေ့ ပြောကြားလိုက်ပါတယ်။ အစ္စရေးအနေနဲ့ ဂါဇာကမ်းမြောင်ကို ရေရှည် သိမ်းပိုက်ထားဖို့ မဖြစ်နိုင်ဘူးဆိုတာကိုလည်း Jake Sullivan က ထည့်သွင်း ပြောကြားခဲ့ပါတယ်။

“အစ္စရေးအနေနဲ့ ဂါဇာကို ရှေရှည်သိမ်းပိုက်ထားဖို့ မဖြစ်နိုင်ဘူးလို့ ကျနော်တို့ ထင်ပါတယ်။ တချိန်ချိန်မှာ အသွင်ကူးပြောင်းရေးကာလတခုကို ရောက်လာပြီး ပြန်လွှဲပြောင်းပေးရမှာပါ။ အဲဒီအချိန်ကာလရောက်ရင် အဲဒီရောက်နေတဲ့ အခြေအနေအပေါ် မူတည်ပြီး ကျနော်တို့ လုပ်စရာရှိတာကို ဆက်လက် ဆောင်ရွက်သွားပါမယ်။”

အစ္စရေးနဲ့ စစ်ရေးအရ ရည်မှန်းချက်တွေ ပြည့်ဝ အောင်မြင်ဖို့အတွက် လတွေနဲ့ချီ လုပ်ဆောင်ရမှာဖြစ်ပြီး တိုက်ပွဲတွေဟာလည်း လက်ရှိမှာ လေယာဉ်နဲ့ ဗုံးတွေကြဲ၊ ခြေလျင်တပ်တွေဝင်ပြီး တိုက်ခိုက်နေရာကနေ တဆင့်ခြင်း တိုးမြှင့်လုပ်ဆောင်သွားရလိမ့်မယ်လို့ Jaka Sullivan က ပြောပါတယ်။

ဒီကနေ့ ဒီဇင်ဘာ ၁၅ ရက်နေ့မှာ ပါလက်စတိုင်းသမ္မတ Mahmood Abbas နဲ့ တွေ့ဆုံဖို့ရှိနေတဲ့ Jake Sullivan က စစ်ပွဲပုံသဏ္ဍာန် ပြောင်းလဲမှုတွေ ဘယ်တော့စတင်ဖြစ်‌ပေါ်မယ်ဆိုတာကိုတော့ ထည့်သွင်း ပြောဆိုခဲ့ခြင်း မရှိပါဘူး။

အမေရိကန်က အစ္စရေးကို ဖိအားပေး တောင်းဆိုနေသလို ပါလက်စတိုင်းအရပ်သား ထိခိုက် သေဆုံးမှုတွေ နည်းနိုင်သမျှနည်းအောင် အစ္စရေးဘက်က လိုက်နာ ဆောင်ရွက်ခြင်းမရှိရင် အမေရိကန်က အစ္စရေးကို စစ်ရေး အကူအညီပေးနေတာတွေ မပေးဘဲနေမလားဆိုတဲ့ မေးခွန်းကိုတော့ Jake Sullivan က ဖြေဆိုဖို့ ငြင်းဆန်ခဲ့ပါတယ်။

အစ္စရေးအနေနဲ့ ဂါဇာကို ရေရှည်သိမ်းပိုက်ထားဖို့ မဖြစ်နိုင်
please wait

No media source currently available

0:00 0:01:22 0:00
တိုက်ရိုက် လင့်ခ်
XS
SM
MD
LG