သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂါဇာမှာ အရပ်သားတွေ အကာအကွယ်ပေးနိုင်ရေး ကန်အကြံပေး အစ္စရေးနဲ့ ဆွေးနွေးမည်

ဝါရှင်ဒီစီမြို့တော်ရှိ အမေရိကန်လွှတ်တော်အတွင်းတွေ့ရတဲ့ လုံခြုံရေးဆိုင်ရာ အိမ်ဖြူတော်အကြံပေး Jake Sullivan (စက်တင်ဘာ ၁၄၊ ၂၀၂၃)
ဝါရှင်ဒီစီမြို့တော်ရှိ အမေရိကန်လွှတ်တော်အတွင်းတွေ့ရတဲ့ လုံခြုံရေးဆိုင်ရာ အိမ်ဖြူတော်အကြံပေး Jake Sullivan (စက်တင်ဘာ ၁၄၊ ၂၀၂၃)

ဟာမတ်စ်စစ်သွေးကြွအဖွဲ့ကို အမြစ်ပြတ်အောင်တိုက်နေတဲ့ အစ္စရေးတို့ရဲ့ စစ်ဆင်ရေးနောက်အဆင့်နဲ့ ပါလက်စတိုင်းအရပ်သားတွေ မထိခိုက်အောင်ကာကွယ်ရေးကိစ္စတွေ ဆွေးနွေးဖို့ လုံခြုံရေးဆိုင်ရာ အိမ်ဖြူတော်အကြံပေး Jake Sullivan အစ္စရေးကို သွားရောက်နေပါတယ်။ အစ္စရေးတို့ရဲ့ စစ်ဆင်ရေးနဲ့ပါတ်သက်လို့ ပိုပြီးထိန်းထိန်းသိမ်းသိမ်း၊ တိတိကျကျလုပ်ဖို့ အစ္စရေးတာဝန်ရှိသူတွေနဲ့ ဆွေးနွေးမှာဖြစ်တယ်လို့ အိမ်ဖြူတော်ပြောခွင့်ရ John Kirby က ဗုဒ္ဓဟူးနေ့က သတင်းစာရှင်းပွဲမှာ ပြောကြားသွားပါတယ်။

Kerem Shalom နယ်စပ်ဂိတ်ကနေ ဂါဇာကမ်းမြောင်ထဲကို လူသားချင်းစာနာတဲ့အကူအညီတွေ ပို့ပေးခွင့်ပြုဖို့ အမေရိကန်ဘက်ကတောင်းဆိုတာကိုလည်း လုံခြုံရေးအကြံပေး Jake Sullivan ကဆွေးနွေးဖို့ အစီအစဉ်ရှိတယ်လို့ ပြောပါတယ်။ လက်ရှိမှာ အီဂျစ်နဲ့ နယ်စပ်ဖြစ်တဲ့ Rafah ဂိတ်တခုထဲကနေပဲ ဂါဇာထဲကို အကူအညီပို့ပေးလို့ ရနေတာပါ။ အစ္စရေးကို မသွားခင် လုံခြုံရေးအကြံပေး Jake Sullivan ဟာ ဆော်ဒီအာရေဗီးယားနိုင်ငံကို သွားရောက်ပြီး အိမ်ရှေ့မင်းသား Mohammed bin Salman နဲ့တွေ့ဆုံခဲ့ပါတယ်။ အစ္စရေးနဲ့ ပါလက်စတိုင်းကြား ရေရှည်ခံမယ့် ငြိမ်းချမ်းရေးရရှိရေးနဲ့ ဂါဇာဒေသကို အကူအညီတွေ ပိုတိုးပို့နိုင်ရေးကိစ္စတွေ ဆွေးနွေးခဲ့ကြတယ်လို့ အိမ်ဖြူတော်က ဒီနေ့ ကြာသပတေးနေ့မှာ ပြောပါတယ်။

အောက်တိုဘာ ၇ ရက်က လူပေါင်း ၁၀၀၀ ကျော်သေဆုံးအောင်တိုက်ခိုက်ခဲ့တဲ့ ဟာမတ်စ်အဖွဲ့ကို အစ္စရေးတို့ စစ်ရေးအရ တုံ့ပြန်တဲ့အပေါ် အမေရိကန်တို့ထောက်ခံပေမယ့် ဂါဇာဒေသမှာ အရပ်သားတွေ သေဆုံးနေတဲ့ ပမာဏဟာ စိုးရိမ်စရာဖြစ်တယ်လို့ အမေရိကန်သမ္မတဂျိုးဘိုင်ဒန်နဲ့ တခြားတာဝန်ရှိသူတွေက ဖော်ပြပြောဆိုခဲ့ကြပါတယ်။ ဟာမတ်စ်စစ်သွေးကြွတွေအပေါ် စစ်ဆင်တဲ့နေရာမှာ ပါလက်စတိုင်းအရပ်သားတွေ မထိခိုက်အောင် အမေရိကန်က တိုက်တွန်းနေချိန်မှာပဲ၊ ဒီနေ့ ကြာသပတေးနေ့မှာလည်း ဂါဇာကမ်းမြောင်‌ဒေသအပေါ် အစ္စရေးတို့ ဗုံးကြဲတိုက်ခိုက်မှုတွေ ဆက်လုပ်နေပါတယ်။

တိုက်ရိုက် လင့်ခ်
This item is part of
XS
SM
MD
LG