၂၀၁၄ ဂါဇာစစ်ပွဲအထိမ်းအမှတ်အဖြစ် ဟာမတ်စ်တို့ ဆောက်ထားတဲ့ တင့်ကားပုံရုပ်တုကို အစ္စရေးစစ်တပ်က ဖယ်ရှားဖျက်ဆီးလိုက်တဲ့ ဗွီဒီယိုဖိုင်ကို အစ္စရေးလ်စစ်တပ်က ဒီဇင်ဘာ ၁၈ ရက်နေ့က ထုတ်ပြန်လိုက်ပါတယ်။
ဗီဒီယိုမှတ်တမ်းတွေထဲမှာပါတဲ့ အဆောက်အအုံတွေ၊ လမ်း နဲ့ ပတ်ဝန်းကျင်အနေအထားတွေပေါ် မူတည်ပြီး ဒီအထိမ်းအမှတ်ရုပ်တုဟာ ဂါဇာစီးတီးမှာဖြစ်တယ်လို့ ဆိုတာကို ရိုက်တာသတင်းဌာနက အတည်ပြုပေမယ့်၊ ဘယ်တုန်းက ရိုက်ထားတဲ့ ဗွီဒီယိုဆိုတာကို ရိုက်တာက သီးခြားအတည်ပြုနိုင်ခြင်းမရှိပါဘူး။
ဟာမတ်စ်တို့က ဒီနေရာမှာ လူထုစုဝေးတဲ့နေရာ၊ ဖမ်းဆီးထားတဲ့သူတွေကို လွှတ်ပေးတဲ့နေရာ စတဲ့ အထိမ်းအမှတ်နေရာတွေ အဖြစ်အသုံးပြုလေ့ရှိတာကြောင့် အခုလိုမျိုး ဟာမတ်စ်ရဲ့ အထိမ်းအမှတ်နေရာကို ဖျက်ဆီးလိုက်တဲ့အတွက် ဒါက ဟာမတ်စ်အဖွဲ့အတွက်တော့ ကြီးမားတဲ့ ထိုးနှက်ချက်ဖြစ်တယ်လို့ အစ္စရေးစစ်တပ်ပြောခွင့်ရက ပြောပါတယ်။
အစ္စရေးစစ်တပ်ရဲ့ ထုတ်ပြန်ချက်ထဲမှာတော့ ဒီအထိမ်းအမှတ်ရုပ်တုကို ဘယ်နေရာမှာပဲ စိုက်ထူ စိုက်ထူ၊ သူတို့လာပြီး ဖျက်ဆီးပစ်မှာဖြစ်တယ်လို့အစ္စရေးလ်စစ်တပ်ရဲ့ အမှတ် ၁၃ တပ်ရင်းမှူးက ပြောထားတာကို ကိုးကား ဖော်ပြထားပါတယ်။
ဂျော်ဒန်မြစ် အနောက်ဘက်ကမ်းဒေသမှာ အစ္စရေးဆယ်ကျော်သက်လူငယ် ၃ ဦးကို ဟာမတ်စ်တို့ ပြန်ပေးဆွဲ သတ်ဖြတ်ခဲ့တာအပေါ် တုံ့ပြန်တဲ့အနေနဲ့ ၂၀၁၄ ဂါဇာစစ်ပွဲ ဖြစ်ပွားခဲ့တာဖြစ်ပြီး၊ အဲဒီတုန်းက အစ္စရေးက ဂါဇာမှာ ဟာမတ်စ်တွေကို ၃ ပတ်ကြာ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ အခု ဂါဇာစစ်ပွဲအတွင်းမှာတော့ အစ္စရေးစစ်တပ်ဘက်က သေဆုံးသူဦးရေဟာ ၂၀၁၄ စစ်ဆင်ရေးတုန်းကထက် ၂ ဆ လောက် ရှိသွားပြီဖြစ်ပါတယ်။