သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကုလညှိနှိုင်းနေတဲ့ကြား ဂါဇာကို အစ္စရေးထိုးစစ် ပြင်းထန်


အစ္စရေးလေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားတဲ့နေအိမ်တလုံးရှေ့မှာ စုဝေးရောက်ရှိနေတဲ့ ပါလက်စတိုင်းပြည်သူများ။
အစ္စရေးလေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားတဲ့နေအိမ်တလုံးရှေ့မှာ စုဝေးရောက်ရှိနေတဲ့ ပါလက်စတိုင်းပြည်သူများ။

ဂါဇာကမ်းမြောင်ဒေသမှာ လူသားချင်းစာနာမှုအကူအညီတွေ ပေးပို့နိုင်အောင် ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ အကြိတ်အနယ်ညှိနှိုင်းနေချိန်မှာပဲ အစ္စရေးတပ်ဖွဲ့ဝင်တွေက အင်္ဂါနေ့မှာပဲ ဂါဇာဒေသထဲကို အပြင်းအထန် ဆက်လက် ပစ်ခတ်တိုက်ခိုက်နေပါတယ်။ ဂါဇာမြောက်ပိုင်းက နောက်ဆုံးလည်ပတ်နေတဲ့ ဆေးရုံနှစ်ရုံကိုလည်း အစ္စရေးတပ်တွေ ဝင်ရောက်စီးနင်းခဲ့တာပါ။

စစ်ဘေးရှောင်တွေ ခိုလှုံနေတဲ့ Rafah အရပ်က အိမ်တလုံးကိုလည်း ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့အတွက် အမျိုးသမီးနဲ့ ကလေးငယ်တွေအပါအဝင် လူ ၂၇ ဦးသေဆုံးခဲ့ပြီး အခြားနေရာတခုမှာတေ့ာ ၃ ဦးထက်မနည်းသေဆုံးခဲ့တယ်လို့ အင်္ဂါနေ့ အစောပိုင်းက အဲဒီဆေးရုံ ၂ ရုံမှာ လူသေအလောင်းတွေရောက်လာတာကို ကိုယ်တိုင်တွေ့မြင်ခဲ့တဲ့ အေပီသတင်းထောက်တွေက ပြောပါတယ်။

ဟာမတ်စ်တို့အပေါ် အစ္စရေးတို့ စစ်ကြေညာခဲ့တဲ့အချိန်ကစပြီး ပါလက်စတိုင်းပြည်သူ ၂ သောင်းကျော်အသက်ဆုံးရှုံးခဲ့ရကြောင်း ဂါဇာကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။ သေဆုံးသူတွေထဲမှာ လက်နက်ကိုင်နဲ့ ပြည်သူ ဘယ်လောက်ပါဝင်တယ်ဆိုတာကိုတော့ ခွဲပြီးပြောမသွားပါဘူး။ ကုလသမဂ္ဂကလည်း အပျက်အစီးပုံတွေအောက်မှာ မြုပ်နေတဲ့ လူသေအလောင်း နောက်ထပ် ထောင်ဂဏန်းထိ ရှိမယ်လို့ခန့်မှန်းထားပါတယ်။

အောက်တိုဘာလ ၇ ရက်က အစ္စရေးတောင်ပိုင်းကို ဟာမတ်စ်တို့ ဝင်ရောက်စီးနင်းတိုက်ခိုက်ပြီးတဲ့နောက်ပိုင်း မြေပြင်ထိုးစစ်တွေမှာ သေဆုံးခဲ့တဲ့ အစ္စရေးတပ်ဖွဲ့ဝင် ၁၂၇ ဦးရှိပြီး ဟာမတ်စ်တို့လက်ချက်နဲ့ အရပ်သားအများစုအပါအဝင်လူ ၁,၂၀၀ ဝန်းကျင်သေဆုံးခဲ့သလို ဓားစာခံအဖြစ် ဖမ်းဆီးခံခဲ့ရသူက ၂၄၀ ရှိတယ်လို့ ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG