သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အရပ်သားနဲ့ အကူအညီပေးနေသူတွေကို ကာကွယ်ဖို့ ကုလတောင်းဆို


ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂမဟာမင်းကြီး Filippo Grandi
ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂမဟာမင်းကြီး Filippo Grandi

မြန်မာနိုင်ငံရဲ့ အကျပ်အတည်းနဲ့ ပဋိပက္ခဟာ ဒေသတွင်း တည်ငြိမ်ရေးအပေါ် နောက်ထပ် ခြိမ်းခြောက်မှုတွေ ဖြစ်မလာခင် နိုင်ငံတကာအနေနဲ့ မြန်မာ့နိုင်ငံရေးကို ကူညီ ကိုင်တွယ်ဖြေရှင်းဖို့နဲ့ မြန်မာ့ပဋိ့ပက္ခမှာ ပါဝင်ပတ်သက်နေသူတွေအနေနဲ့ အရပ်သား ပြည်သူတွေနဲ့ အကူအညီ ပေးရေး အဖွဲ့တွေကို ကာကွယ်ပေးဖို့ ဒုက္ခသည်များ ဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီး Filippo Grandi က မနေ့က ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ တောင်းဆိုခဲ့ပါတယ်။

“အရပ်သားတွေနဲ့ အကူအညီပေးရေး လုပ်သားတွေကို အကာအကွယ် ပေးနိုင်အောင် အာမခံဖို့ သက်ဆိုင်ရာ အဖွဲ့အစည်းအားလုံးကို သိပ်မကြာခင်က ကျနော် တောင်းဆိုခဲ့တဲ့အတိုင်း အခု ထပ်ပြီး တောင်းဆိုချင်ပါတယ်။ မြန်မာ့အိမ်နီးချင်း နိုင်ငံတွေကိုတော့ အသက်လု ထွက်ပြေးလာတဲ့ ဒုက္ခသည်တွေကို ဘေးကင်းရာမှာ ခိုလှုံခွင့်ပေးဖို့ တောင်းဆိုချင်ပါတယ်။ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ အနေနဲ့လည်း နိုင်ငံတကာအရေး ဆွေးနွေးမှုတွေမှာ မြန်မာပြဿနာကို ဖြေရှင်းနိုင်မယ့် နိုင်ငံရေး လုပ်ငန်းစဥ်တွေ ချမှတ် ဆောင်ရွက်နိုင်အောင် လုပ်သွားကြဖို့" ကုလသမဂ္ဂ မဟာမင်းကြီး Filippo Grandi က နယူးယောက်မြို့ ကုလသမဂ္ဂ ဌာနချုပ်မှာ ကျင်းပတဲ့ အစည်းအဝေးမှာ မနေ့က တိုက်တွန်း ပြောဆိုသွားတာပါ။

ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အနေနဲ့ ကမ္ဘာတဝန်း ဖြစ်ပျက်သမျှ အကြောင်းအရာတွေကို အာရုံစိုက် ကြီးကြပ်တယ် ဆိုပေမဲ့လည်း မဖြေရှင်းနိုင်သေးတဲ့ ပြဿနာတွေကို ဦးစားပေး အားထုတ် ကူညီဖြေရှင်းပေးဖို့ လုံခြုံရေးကောင်စီကို တိုက်တွန်းသွားတာပါ။ မြန်မာနိုင်ငံအရေး ကိစ္စအပြင် ဂါဇာ ပဋိပက္ခ၊ ဆီးရီးယား ဒုက္ခသည်အရေးနဲ့ ကွန်ဂိုသမ္မတနိုင်ငံ အကျပ်အတည်း၊ ယူကရိန်းနဲ့ ဆူဒန်အရေးကိစ္စတွေကိုလည်း မဟာမင်းကြီး Filippo Grandi က လုံခြုံရေးကောင်စီမှာ ပြောဆိုသွားပါတယ်။

ကမ္ဘာတဝန်း လက်နက်ကိုင် ပဋိပက္ခတွေကြားမှာ တိုက်ခိုက်တဲ့ အဖွဲ့အစည်းတွေက နိုင်ငံတကာ ဥပဒေတွေကို လိုက်နာဖို့ ပျက်ကွက်နေတဲ့အတွက် စစ်၊ အကြမ်းဖက်မှုနဲ့ ညှဉ်းပမ်းနှိပ်စက်မှုတွေကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးရတဲ့ ဒုက္ခသည် ၁၁၄ သန်းအထိ ရှိနေပြီလို့လည်း ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂမဟာမင်းကြီး Filippo Grandi က သတိပေး ပြောဆိုသွားပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ် အာဏာသိမ်းပြီး နောက်ဆက်တွဲဖြစ်နေတဲ့ ပဋိပက္ခတွေကြောင့် ကလေးငယ်တွေနဲ့ လူငယ်တွေအပေါ် သက်ရောက် ထိခိုက်နေတဲ့ အခြေအနေတွေကို New York မြို့ ကုလသမဂ္ဂရုံးချုပ်မှာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အဖွဲ့ဝင်နိုင်ငံတွေနဲ့ လုံခြုံရေးကောင်စီ အဖွဲ့ဝင် မဟုတ်တဲ့ နိုင်ငံတွေ မေလ ၂၉ ရက်၊ ဗုဒ္ဓဟူးနေ့ကလည်း အလွတ်သဘော ဆွေးနွေးခဲ့ကြပါတယ်။

အရပ်သားနဲ့ အကူအညီပေးနေသူတွေကို ကာကွယ်ဖို့ ကုလတောင်းဆို
please wait

No media source currently available

0:00 0:01:45 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG