သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာအရပ်သားတွေအပေါ် တိုးလာတဲ့အကြမ်းဖက်မှု ကန်နဲ့ကုလကိုယ်စားလှယ်ဆွေးနွေး

မြန်မာနိုင်ငံဆိုင်ရာ ကုလအထူးကိုယ်စားလှယ် Julie Bishop (ဝဲ) နဲ့ အမေရိကန် သံအမတ်ကြီး Linda Thomas-Greenfield (ယာ)
မြန်မာနိုင်ငံဆိုင်ရာ ကုလအထူးကိုယ်စားလှယ် Julie Bishop (ဝဲ) နဲ့ အမေရိကန် သံအမတ်ကြီး Linda Thomas-Greenfield (ယာ)

မြန်မာနိုင်ငံမှာကြုံနေတဲ့အကျပ်အတည်းတွေ အထူးသဖြင့် အရပ်သားတွေအပေါ်အကြမ်းဖက်မှုတိုးလာတဲ့အခြေအနေတွေအတွက် အမေရိကန်ပြည်ထောင်စုအနေနဲ့ စိုးရိမ်မကင်းဖြစ်ရကြောင်း ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီးက ကုလအထူးကိုယ်စားလှယ်နဲ့တွေ့ဆုံချိန်မှာ ပြောပါတယ်။ မြန်မာနိုင်ငံဆိုင်ရာ ကုလအထူးကိုယ်စားလှယ် Julie Bishop နဲ့ အမေရိကန် သံအမတ်ကြီး Linda Thomas-Greenfield တို့ မေလ ၂၉ ရက်နေ့ကတွေ့ဆုံပြီး မြန်မာနိုင်ငံအခြေအနေကို ဆွေးနွေးခဲ့ကြတာလို့ ကုလဆိုင်ရာ အမေရိကန်သံရုံးပြောခွင့်ရသူက ထုတ်ပြန်ခဲ့တာပါ။

မြန်မာဆိုင်ရာ အထူးကိုယ်စားလှယ် Bishop ကလည်း မြန်မာ့ဒီမိုကရေစီရေးအတွက် အမေရိကန်ပြည်ထောင်စုရဲ့ပူးပေါင်းဆောင်ရွက်မှုအတွက် ကျေးဇူးတင်တဲ့အကြောင်း ပြောခဲ့တယ်လို့ ဆိုပါတယ်။ မြန်မာ့အကျပ်အတည်းနဲ့ ပတ်သက်လို့ ပါဝင်ပတ်သက်သူအားလုံးနဲ့ ညှိနှိုင်းပြီး ကုလသမဂ္ဂရဲ့ မဟာဗျူဟာတွေကို ညီညွှတ်စွာအကောင်အထည်ဖော်သွားမယ့် သူ့ရဲ့ရည်ရွယ်ချက်ကို အထူးကိုယ်စားလှယ် Bishop က အလေးပေးပြောကြားခဲ့တယ်လို့လည်း ကုလဆိုင်ရာ အမေရိကန်သံရုံးထုတ်ပြန်ချက်မှာဖော်ပြပါတယ်။

အကြမ်းဖက်မှုတွေရပ်တန့်ဖို့၊ အကျဥ်းသားတွေလွှတ်ပေးဖို့နဲ့ အမျိုးသမီးနဲ့ ကလေးငယ်တွေအပါအဝင် လူနည်းစုတွေကို အဓမ္မ စစ်သားစုဆောင်းနေတာကိုအဆုံးသတ်သွားအောင် အရှေ့တောင်အာရှနိုင်ငံများအသင်း ASEAN အပါအဝင် အဖွဲ့ဝင်နိုင်ငံအားလုံးအပြင် ဒေသတွင်းမိတ်ဖက်အဖွဲ့အစည်းတွေနဲ့ ထိတွေ့ဆက်ဆံဖို့အရေးကြီးပုံကိုလည်း သံအမတ်ကြီး Greenfield နဲ့အထူးကိုယ်စားလှယ် Bishop တို့ အလေးပေးပြောကြားသွားခဲ့ကြပါတယ်။

တိုက်ရိုက် လင့်ခ်

This item is part of

Forum

XS
SM
MD
LG