ကုလသမဂၢ လူ႔အခြင့္အေရးေကာင္စီအႀကီးအကဲရဲ႕ ရွင္ဂ်န္းေဒသခရီးစဥ္အေပၚ တ႐ုတ္က ကန႔္သတ္ခ်ယ္လွယ္မွာကို စိုးရိမ္တယ္လို႔ အေမရိကန္ ႏိုင္ငံျခားေရးဝန္ႀကီး Antony Blinken က ေျပာလိုက္ပါတယ္။
ခရီးစဥ္အေပၚ အာဏာပိုင္ေတြ ကန႔္သတ္တာေၾကာင့္ ရွင္ဂ်န္းေဒသအပါအဝင္ တ႐ုတ္ႏိုင္ငံရဲ႕ လူ႔အခြင့္အေရးအေျခအေနအေပၚ ျပည့္ျပည့္စုံစုံ သီးျခားလြတ္လပ္စြာ မဆန္းစစ္ႏိုင္မွာကို စိုးရိမ္တယ္လို႔ ေၾကညာခ်က္မွာ ေျပာဆိုလိုက္တာပါ။ ရွင္ဂ်န္းျပည္နယ္မွာ လူမ်ိဳးတုံးသတ္ျဖတ္မႈေတြနဲ႔ လူသားမ်ိဳးႏြယ္အေပၚ က်ဴးလြန္တဲ့ ရာဇဝတ္မႈေတြ ျဖစ္ေနၾကတယ္ဆိုတဲ့ အစီရင္ခံစာေတြ ရွိတာေၾကာင့္ အေမရိကန္က စိုးရိမ္တာ ျဖစ္ပါတယ္။
ေဒသတြင္းအေျခအေနေတြကို ပြင့္ပြင့္လင္းလင္း မေျပာဖို႔ ရွင္ဂ်န္းေဒသခံေတြကို သတိေပးထားၿပီး၊ ေပ်ာက္ေနတဲ့ ဝီဂါလူမ်ိဳးေတြ ဘယ္မွာ ရွိတယ္ဆိုတာကို မေျပာဖို႔လည္း တားထားတယ္ဆိုတဲ့ သတင္းေတြကို အေမရိကန္က ရရွိထားေၾကာင္း ေၾကညာခ်က္မွာ ေျပာပါတယ္။
လူ တစ္သန္းေလာက္ကို ထိန္းသိမ္းထားတဲ့ စခန္းအေျခအေနေတြကိုလည္း မေျပာဖို႔ ပိတ္ထားေၾကာင္း ေၾကညာခ်က္က ဆိုပါတယ္။
တ႐ုတ္ကေတာ့ လူမ်ိဳးတုံး သတ္ျဖတ္မႈ စြပ္စြဲခ်က္ေတြကို ျငင္းဆိုထားၿပီး အစၥလာမ္ အစြန္းေရာက္ဝါဒရဲ႕ စည္း႐ုံးေရးကို ေလွ်ာ့ခ်ႏိုင္ေအာင္ အသက္ေမြးဝမ္းေက်ာင္း ပညာရပ္ေတြကို သသင္တန္းေပးေနတာ ျဖစ္တယ္လို႔ ဆိုပါတယ္။
ဒါေပမဲ့ ဒီခရီးက စုံစမ္းစစ္ေဆးေရးခရီး မဟုတ္ဘူးလို႔ ကုလသမဂၢ လူ႔အခြင့္အေရးေကာင္စီ ဥကၠဌ Bachelet က စေနေန႔က ေျပာပါတယ္။
=== Unicode ====
ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီအကြီးအကဲရဲ့ ရှင်ဂျန်းဒေသခရီးစဉ်အပေါ် တရုတ်က ကန့်သတ်ချယ်လှယ်မှာကို စိုးရိမ်တယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Antony Blinken က ပြောလိုက်ပါတယ်။
ခရီးစဉ်အပေါ် အာဏာပိုင်တွေ ကန့်သတ်တာကြောင့် ရှင်ဂျန်းဒေသအပါအဝင် တရုတ်နိုင်ငံရဲ့ လူ့အခွင့်အရေးအခြေအနေအပေါ် ပြည့်ပြည့်စုံစုံ သီးခြားလွတ်လပ်စွာ မဆန်းစစ်နိုင်မှာကို စိုးရိမ်တယ်လို့ ကြေညာချက်မှာ ပြောဆိုလိုက်တာပါ။ ရှင်ဂျန်းပြည်နယ်မှာ လူမျိုးတုံးသတ်ဖြတ်မှုတွေနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေ ဖြစ်နေကြတယ်ဆိုတဲ့ အစီရင်ခံစာတွေ ရှိတာကြောင့် အမေရိကန်က စိုးရိမ်တာ ဖြစ်ပါတယ်။
ဒေသတွင်းအခြေအနေတွေကို ပွင့်ပွင့်လင်းလင်း မပြောဖို့ ရှင်ဂျန်းဒေသခံတွေကို သတိပေးထားပြီး၊ ပျောက်နေတဲ့ ဝီဂါလူမျိုးတွေ ဘယ်မှာ ရှိတယ်ဆိုတာကို မပြောဖို့လည်း တားထားတယ်ဆိုတဲ့ သတင်းတွေကို အမေရိကန်က ရရှိထားကြောင်း ကြေညာချက်မှာ ပြောပါတယ်။
လူ တစ်သန်းလောက်ကို ထိန်းသိမ်းထားတဲ့ စခန်းအခြေအနေတွေကိုလည်း မပြောဖို့ ပိတ်ထားကြောင်း ကြေညာချက်က ဆိုပါတယ်။
တရုတ်ကတော့ လူမျိုးတုံး သတ်ဖြတ်မှု စွပ်စွဲချက်တွေကို ငြင်းဆိုထားပြီး အစ္စလာမ် အစွန်းရောက်ဝါဒရဲ့ စည်းရုံးရေးကို လျှော့ချနိုင်အောင် အသက်မွေးဝမ်းကျောင်း ပညာရပ်တွေကို သသင်တန်းပေးနေတာ ဖြစ်တယ်လို့ ဆိုပါတယ်။
ဒါပေမဲ့ ဒီခရီးက စုံစမ်းစစ်ဆေးရေးခရီး မဟုတ်ဘူးလို့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ ဥက္ကဌ Bachelet က စနေနေ့က ပြောပါတယ်။