သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ဖမ္းဆီးခံ သတင္းသမားအာလံုးကို လႊတ္ေပးဖို႔ ကုလ နဲ႔ ကန္ ေတာင္းဆို 


အေမရိကန္ သတင္းသမား Danny Fenster နဲ႔ အေမရိကန္ သံတမန္ေဟာင္း Bill Richardson တို႔ ကာတာႏိုင္ငံ ဒိုဟာၿမိဳ႕ေတာ္ Hamad ႏိုင္ငံတကာ ေလဆိပ္ကို ဆိုက္ေရာက္လာစဥ္။ ဓာတ္ပံု - ​(Photo by KARIM JAAFAR / AFP)

(Zawgyi / Unicode)

အေၾကာင္းမဲ႔ ဖမ္းဆီးခံခဲ႔ရတာ ျဖစ္ေၾကာင္း ျမန္မာ အက်ဥ္းေထာင္က ျပန္လြတ္လာတဲ႔ အေမရိကန္ သတင္းသမား Danny Fenster က ေျပာဆိုလိုက္ၿပီး ေထာင္ထဲမွာေတာ့ သူ႔ကို ႐ိုက္ႏွက္တာ၊ အစာငတ္ခံရတာမ်ိဳးေတြ မရွိေၾကာင္း ေျပာပါတယ္။

Danny Fenster ကို ျပန္လႊတ္ေပးတာဟာ အျပဳသေဘာေဆာင္တဲ႔ လုပ္ရပ္ ျဖစ္ေပမယ့္လည္း ဖမ္းခံထားရဆဲ သတင္းသမား အားလံုး ျပန္လႊတ္ေပးဖို႔ ကုလသမဂၢက ေတာင္းဆိုလိုက္သလို မတရား ဖမ္းခံထားရသူ အားလံုး ျပန္လႊတ္ေပးဖို႔ အေမရိကန္ ႏိုင္ငံျခားေရး ၀န္ႀကီးကလည္း ထပ္မံ ေတာင္းဆိုလိုက္ပါတယ္။ မသိဂၤ ီထိုက္ ေျပာျပေပးပါမယ္။

ျမန္မာ အက်ဥ္းေထာင္ထဲမွာ ၁၇၆ ရက္ၾကာ ထိန္းသိမ္းခံခဲ႔ရတဲ႔ အေမရိကန္ သတင္းေထာက္ Danny Fenster ဟာ အခုေတာ့ အေမရိကန္ ျပည္ေထာင္စုကို ထြက္ခြာလာပါၿပီ။ အသက္ ၃၇ ႏွစ္ အရြယ္ Fenster ကို ျမန္မာ စစ္ေကာင္စီက တင္တဲ႔ စြဲခ်က္ေတြနဲ႔ တရားရံုးက ေထာင္ဒဏ္ ၁၁ ႏွစ္ ခ်မွတ္ခဲ႔ၿပီးေနာက္ ရက္ပိုင္း အၾကာ တနလာၤေန႔မွာဘဲ ေထာင္ကေန လႊတ္ေပးလိုက္တာ ျဖစ္ပါတယ္။ အေၾကာင္းမဲ႔ သက္သက္ ဖမ္းခံရတာ ျဖစ္ေၾကာင္း လြတ္ေျမာက္လာတဲ႔ Danny Fenster က ေျပာပါတယ္။

" အေၾကာင္းမဲ႔ ဖမ္းဆီး ခ်ဳပ္ေႏွာင္ခံခဲ႔ရပါတယ္။ ဒါေပမယ့္ ႐ုပ္ပိုင္းဆိုင္ရာ အရ က်ေနာ္ က်န္းမာပါတယ္။ အငတ္ထားခံရတာမ်ိဳး ႐ိုက္ႏွက္ခံရတာမ်ိဳး မရွိပါဘူး။ "

ျမန္မာႏိုင္ငံကေန အေမရိကန္ကို ထြက္လာေနၿပီ ျဖစ္တဲ႔ Fenster ကို အေမရိကန္ သံအမတ္ေဟာင္း Bill Richardson အတူ ကာတာႏိုင္ငံ ဒိုဟာမွာ ခရီးတေထာက္ ၀င္ေရာက္ခ်ိန္မွာ AFP သတင္းေအဂ်င္စီကို ေျပာဆိုခဲ႔တာ ျဖစ္ပါတယ္။ လူသားခ်င္းစာနာေထာက္ထားမႈ၊ ႏိုင္ငံခ်င္း ဆက္ဆံေရးတို႔ကို ေထာက္ထားၿပီး Danny Fenster ကို ျပစ္ဒဏ္ လြတ္ၿငိမ္းသက္သာခြင့္နဲ႔ ျပည္ႏွင္ဒဏ္ ေပးလိုက္ေၾကာင္း ျမန္မာ စစ္တပ္ရဲ႕ ျမ၀တီ ႐ုပ္သံက ေၾကညာသြားပါတယ္။

“ ဂ်ပန္ - ျမန္မာ ခ်စ္ၾကည္ေရး အသင္း ဥကၠဌ မစၥတာ Hideo Watanabe၊ ျမန္မာႏိုင္ငံ အမ်ိဳးသား ျပန္လည္ သင့္ျမတ္ေရး အထူးကိုယ္စားလွယ္နဲ႔ နိပြန္ ေဖာင္ေဒးရွင္း ဥကၠဌ မစၥတာ Yohei Sasakawa နဲ႔ အေမရိကန္ ႏိုင္ငံ နယူး မကၠဆီကို ျပည္နယ္ အုပ္ခ်ဳပ္ေရးမွဴးေဟာင္းနဲ႔ ကမ ၻာလံုးဆိုင္ရာ ေစ႔စပ္ညႇိႏိႈင္းေရး Richardson စင္တာ ဥကၠဌ မစၥတာ Bill Richardson တို႔ရဲ႕ ေမတၱာ ရပ္ခံခ်က္ အရ လည္းေကာင္း၊ ႏိုင္ငံ အခ်င္းခ်င္း မိတ္၀တ္ မပ်က္ေသာ ဆက္ဆံေရးကို ေရွ႕ရႈေသာ အားျဖင့္ လည္းေကာင္း၊ လူသားခ်င္း စာနာမႈကို အေလးထားေသာ အားျဖင့္ လည္းေကာင္း …”

ေထာင္ဒဏ္ ၁၁ ႏွစ္ ျပစ္ဒဏ္ခ်မွတ္ခံထားရၿပီး ေနာက္ထပ္ စြဲခ်က္ေတြ အတြက္ တရားရံုး ၾကားနာဖို႔ ရွိေနခ်ိန္မွာဘဲ ေထာင္က လြတ္လာတဲ႔ Danny Fenster ကေတာ့ အက်ဥ္းက်ခံေနရဆဲ ျဖစ္တဲ႔ သတင္းသမားေတြ လြတ္ေျမာက္ေရး အတြက္ ဆက္လက္ ႀကိဳးစားသြားမယ္လို႔ ေျပာပါတယ္။

" သူတို႔ အတြက္ အတတ္ႏိုင္ဆံုး ဆက္လက္ အာရံုစိုက္သြားမွာ ျဖစ္ၿပီး သူတို႔ကိုယ္စား စည္းရံုး ေဆာင္ရြက္သြားႏိုင္ေရး အတြက္ က်ေနာ္တို႔ လုပ္ႏိုင္တာ အားလံုး ဆက္လက္ လုပ္ေဆာင္ပါမယ္။ က်ေနာ္တို႔ အစြမ္းကုန္ ႀကိဳးစားေနဆဲ ျဖစ္ၿပီး သူတို႔ လြတ္ေျမာက္ေရး အတြက္ ေဆာင္ရြက္ႏိုင္ဖို႔လည္း ေမွ်ာ္လင့္ထားပါတယ္။ "

ျမန္မာ စစ္ေကာင္စီဘက္က ဖမ္းဆီးထားတဲ႔ သတင္းသမား Danny Fenster ကို ျပန္လႊတ္ေပးလိုက္တဲ႔ အေပၚ ႀကိဳဆိုေၾကာင္းနဲ႔ ဒါဟာ အျပဳသေဘာေဆာင္တဲ႔ လုပ္ရပ္ တခုျဖစ္တယ္လို႔လည္း ကုလသမဂၢ အတြင္းေရးမွဴးခ်ဳပ္ရဲ႕ ေျပာခြင့္ရ တဦး ျဖစ္သူ Farhan Haq က တနလာၤေန႔ နယူးေယာက္ ကုလသမဂၢ ဌာနခ်ဳပ္ သတင္းစာ ရွင္းလင္းပြဲမွာ သတင္းေထာက္ တဦးရဲ႕ ေမးျမန္းခ်က္ကို ေျဖၾကားခဲ႔ပါတယ္။

" အမ်ိဳးသမီး ၇ ဦး အပါအ၀င္ ဖမ္းခံထားရဆဲ ျဖစ္တဲ႔ သတင္းေထာက္ အနည္းဆံုး ၄၇ ဦးကို ခ်က္ခ်င္း ျပန္လႊတ္ေပးဖို႔လည္း က်ေနာ္တို႔ အေနနဲ႔ တခ်ိန္တည္းမွာဘဲ ထပ္ၿပီး ေတာင္းဆိုပါတယ္။ အခု လုပ္ရပ္ဟာ အျပဳသေဘာေဆာင္တဲ႔ ေဆာင္ရြက္ခ်က္ တခု ဆိုတာကေတာ့ အေသအခ်ာပါ။ ဒါေပမယ့္လည္း ဖမ္းခံထားရသူ အားလံုးကို ျပန္လႊတ္ေပးဖို႔ လိုအပ္ပါတယ္။ "

အေမရိကန္ သတင္းသမား Danny Fenster ကို မွားယြင္း ဖမ္းဆီးမႈလို႔ အေမရိကန္က ေျပာဆိုထားၿပီး သူ လြတ္ေျမာက္လာတာကို ႀကိဳဆိုလိုက္ၿပီး တခ်ိန္တည္းမွာဘဲ မတရား ဖမ္းဆီးခံထားရသူေတြ အားလံုးကို ျပန္လႊတ္ေပးဖို႔လည္း ထပ္ၿပီး ေတာင္းဆိုေၾကာင္း အေမရိကန္ ႏိုင္ငံျခားေရး ၀န္ႀကီး Antony Blinken က တနလာၤေန႔မွာ ေၾကညာခ်က္ ထုတ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္


(Unicode)

ဖမ်းဆီးခံ သတင်းသမားအာလုံးကို လွှတ်ပေးဖို့ ကုလ နဲ့ ကန် တောင်းဆို

အကြောင်းမဲ့ ဖမ်းဆီးခံခဲ့ရတာ ဖြစ်ကြောင်း မြန်မာ အကျဉ်းထောင်က ပြန်လွတ်လာတဲ့ အမေရိကန် သတင်းသမား Danny Fenster က ပြောဆိုလိုက်ပြီး ထောင်ထဲမှာတော့ သူ့ကို ရိုက်နှက်တာ၊ အစာငတ်ခံရတာမျိုးတွေ မရှိကြောင်း ပြောပါတယ်။

Danny Fenster ကို ပြန်လွှတ်ပေးတာဟာ အပြုသဘောဆောင်တဲ့ လုပ်ရပ် ဖြစ်ပေမယ့်လည်း ဖမ်းခံထားရဆဲ သတင်းသမား အားလုံး ပြန်လွှတ်ပေးဖို့ ကုလသမဂ္ဂက တောင်းဆိုလိုက်သလို မတရား ဖမ်းခံထားရသူ အားလုံး ပြန်လွှတ်ပေးဖို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးကလည်း ထပ်မံ တောင်းဆိုလိုက်ပါတယ်။ မသိင်္ဂ ီထိုက် ပြောပြပေးပါမယ်။

မြန်မာ အကျဉ်းထောင်ထဲမှာ ၁၇၆ ရက်ကြာ ထိန်းသိမ်းခံခဲ့ရတဲ့ အမေရိကန် သတင်းထောက် Danny Fenster ဟာ အခုတော့ အမေရိကန် ပြည်ထောင်စုကို ထွက်ခွာလာပါပြီ။ အသက် ၃၇ နှစ် အရွယ် Fenster ကို မြန်မာ စစ်ကောင်စီက တင်တဲ့ စွဲချက်တွေနဲ့ တရားရုံးက ထောင်ဒဏ် ၁၁ နှစ် ချမှတ်ခဲ့ပြီးနောက် ရက်ပိုင်း အကြာ တနလာၤနေ့မှာဘဲ ထောင်ကနေ လွှတ်ပေးလိုက်တာ ဖြစ်ပါတယ်။ အကြောင်းမဲ့ သက်သက် ဖမ်းခံရတာ ဖြစ်ကြောင်း လွတ်မြောက်လာတဲ့ Danny Fenster က ပြောပါတယ်။

" အကြောင်းမဲ့ ဖမ်းဆီး ချုပ်နှောင်ခံခဲ့ရပါတယ်။ ဒါပေမယ့် ရုပ်ပိုင်းဆိုင်ရာ အရ ကျနော် ကျန်းမာပါတယ်။ အငတ်ထားခံရတာမျိုး ရိုက်နှက်ခံရတာမျိုး မရှိပါဘူး။ "

မြန်မာနိုင်ငံကနေ အမေရိကန်ကို ထွက်လာနေပြီ ဖြစ်တဲ့ Fenster ကို အမေရိကန် သံအမတ်ဟောင်း Bill Richardson အတူ ကာတာနိုင်ငံ ဒိုဟာမှာ ခရီးတထောက် ဝင်ရောက်ချိန်မှာ AFP သတင်းအေဂျင်စီကို ပြောဆိုခဲ့တာ ဖြစ်ပါတယ်။ လူသားချင်းစာနာထောက်ထားမှု၊ နိုင်ငံချင်း ဆက်ဆံရေးတို့ကို ထောက်ထားပြီး Danny Fenster ကို ပြစ်ဒဏ် လွတ်ငြိမ်းသက်သာခွင့်နဲ့ ပြည်နှင်ဒဏ် ပေးလိုက်ကြောင်း မြန်မာ စစ်တပ်ရဲ့ မြဝတီ ရုပ်သံက ကြေညာသွားပါတယ်။

“ ဂျပန် - မြန်မာ ချစ်ကြည်ရေး အသင်း ဥက္ကဌ မစ္စတာ Hideo Watanabe၊ မြန်မာနိုင်ငံ အမျိုးသား ပြန်လည် သင့်မြတ်ရေး အထူးကိုယ်စားလှယ်နဲ့ နိပွန် ဖောင်ဒေးရှင်း ဥက္ကဌ မစ္စတာ Yohei Sasakawa နဲ့ အမေရိကန် နိုင်ငံ နယူး မက္ကဆီကို ပြည်နယ် အုပ်ချုပ်ရေးမှူးဟောင်းနဲ့ ကမ ္ဘာလုံးဆိုင်ရာ စေ့စပ်ညှိနှိုင်းရေး Richardson စင်တာ ဥက္ကဌ မစ္စတာ Bill Richardson တို့ရဲ့ မေတ္တာ ရပ်ခံချက် အရ လည်းကောင်း၊ နိုင်ငံ အချင်းချင်း မိတ်ဝတ် မပျက်သော ဆက်ဆံရေးကို ရှေ့ရှုသော အားဖြင့် လည်းကောင်း၊ လူသားချင်း စာနာမှုကို အလေးထားသော အားဖြင့် လည်းကောင်း …”

ထောင်ဒဏ် ၁၁ နှစ် ပြစ်ဒဏ်ချမှတ်ခံထားရပြီး နောက်ထပ် စွဲချက်တွေ အတွက် တရားရုံး ကြားနာဖို့ ရှိနေချိန်မှာဘဲ ထောင်က လွတ်လာတဲ့ Danny Fenster ကတော့ အကျဉ်းကျခံနေရဆဲ ဖြစ်တဲ့ သတင်းသမားတွေ လွတ်မြောက်ရေး အတွက် ဆက်လက် ကြိုးစားသွားမယ်လို့ ပြောပါတယ်။

" သူတို့ အတွက် အတတ်နိုင်ဆုံး ဆက်လက် အာရုံစိုက်သွားမှာ ဖြစ်ပြီး သူတို့ကိုယ်စား စည်းရုံး ဆောင်ရွက်သွားနိုင်ရေး အတွက် ကျနော်တို့ လုပ်နိုင်တာ အားလုံး ဆက်လက် လုပ်ဆောင်ပါမယ်။ ကျနော်တို့ အစွမ်းကုန် ကြိုးစားနေဆဲ ဖြစ်ပြီး သူတို့ လွတ်မြောက်ရေး အတွက် ဆောင်ရွက်နိုင်ဖို့လည်း မျှော်လင့်ထားပါတယ်။ "

မြန်မာ စစ်ကောင်စီဘက်က ဖမ်းဆီးထားတဲ့ သတင်းသမား Danny Fenster ကို ပြန်လွှတ်ပေးလိုက်တဲ့ အပေါ် ကြိုဆိုကြောင်းနဲ့ ဒါဟာ အပြုသဘောဆောင်တဲ့ လုပ်ရပ် တခုဖြစ်တယ်လို့လည်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ ပြောခွင့်ရ တဦး ဖြစ်သူ Farhan Haq က တနလာၤနေ့ နယူးယောက် ကုလသမဂ္ဂ ဌာနချုပ် သတင်းစာ ရှင်းလင်းပွဲမှာ သတင်းထောက် တဦးရဲ့ မေးမြန်းချက်ကို ဖြေကြားခဲ့ပါတယ်။

" အမျိုးသမီး ၇ ဦး အပါအဝင် ဖမ်းခံထားရဆဲ ဖြစ်တဲ့ သတင်းထောက် အနည်းဆုံး ၄၇ ဦးကို ချက်ချင်း ပြန်လွှတ်ပေးဖို့လည်း ကျနော်တို့ အနေနဲ့ တချိန်တည်းမှာဘဲ ထပ်ပြီး တောင်းဆိုပါတယ်။ အခု လုပ်ရပ်ဟာ အပြုသဘောဆောင်တဲ့ ဆောင်ရွက်ချက် တခု ဆိုတာကတော့ အသေအချာပါ။ ဒါပေမယ့်လည်း ဖမ်းခံထားရသူ အားလုံးကို ပြန်လွှတ်ပေးဖို့ လိုအပ်ပါတယ်။ "

အမေရိကန် သတင်းသမား Danny Fenster ကို မှားယွင်း ဖမ်းဆီးမှုလို့ အမေရိကန်က ပြောဆိုထားပြီး သူ လွတ်မြောက်လာတာကို ကြိုဆိုလိုက်ပြီး တချိန်တည်းမှာဘဲ မတရား ဖမ်းဆီးခံထားရသူတွေ အားလုံးကို ပြန်လွှတ်ပေးဖို့လည်း ထပ်ပြီး တောင်းဆိုကြောင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး Antony Blinken က တနလာၤနေ့မှာ ကြေညာချက် ထုတ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG