သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

Danny Fenster ကို ေထာင္ဒဏ္ခ်မွတ္မႈ အေပၚ ကုလ ႏွင္႔RSF တံု႔ျပန္ခ်က္


Danny Fenster, the managing editor of the news website Frontier Myanmar (Courtesy Fenster family)

Frontier Myanmar သတင္းဌာနရဲ႕ အမႈေဆာင္အယ္ဒီတာ အေမရိကန္ႏိုင္ငံသား Danny Fenster ကို အင္းစိန္အထူးတရားရံုးက အလုပ္နဲ႔ ေထာင္ဒဏ္ ၁၁ ႏွစ္ ခ်မွတ္လိုက္တာအတြက္ အေမရိကန္အစိုးရက ရႈတ္ခ်လိုက္သလို သူ႔ကို အျမန္ျပန္လႊတ္ေပးဖို႔ ကုလသမဂၢ ကေရာ နယ္စည္းမျခားသတင္းသမားမ်ားအဖြဲ႔ RSF အဖြဲ႔ကပါ ေတာင္းဆိုလိုက္ပါတယ္။

Zawgyi/ Unicode

Zawgyi

Danny Fenster ကို ေထာင္ဒဏ္ခ်မွတ္မႈ အေပၚ ကုလ ႏွင္႔RSF တံု႔ျပန္ခ်က္

အဖမ္းခံေနရတဲ့ Frontier Myanmar သတင္းဌာနရဲ႕ အမႈေဆာင္အယ္ဒီတာ အေမရိကန္ႏိုင္ငံသား Danny Fenster ကို အင္းစိန္အထူးတရားရံုးက အလုပ္နဲ႔ ေထာင္ဒဏ္ ၁၁ ႏွစ္ ခ်မွတ္လိုက္တာအတြက္ အေမရိကန္အစိုးရက ရႈတ္ခ်လိုက္သလို သူ႔ကို အျမန္ျပန္လႊတ္ေပးဖို႔ ကုလသမဂၢ ကေရာ နယ္စည္းမျခားသတင္းသမားမ်ားအဖြဲ႔ RSF အဖြဲ႔ကပါ ေတာင္းဆိုလိုက္ပါတယ္။ အျပည့္အစံုကို ဆက္ၿပီး ေျပာျပေပးမွာပါ။

အခုလို Frontier Myanmar သတင္းဌာန အမႈေဆာင္အယ္ဒီတာကို ႀကီးေလးတဲ့ျပစ္ဒဏ္ ခ်မွတ္တာကိုၾကည့္ရင္ စစ္တပ္အာဏာသိမ္းၿပီးခ်ိန္ကစလို႔ ဖိႏွိပ္မႈေတြနဲ႔ ရင္ဆိုင္ေနရတဲ့ သတင္းေထာက္ေတြ ရဲ႕ ႀကီးမားတဲ့အက်ပ္အတည္းကို ထင္ဟပ္ေစတယ္လို႔ လူ႔အခြင့္ေရးဆိုင္ရာ ကုလသမဂၢ မဟာမင္းႀကီး Michele Bachelet ရဲ႕ ေျပာၾကားခ်က္ကို ကုလသမဂၢအတြင္းေရးမႈးခ်ဳပ္ရံုးက ေသာၾကာေန႔ သတင္းစာရွင္းလင္းပြဲမွာ တင္ျပခဲ့ပါတယ္


သတင္းသမား Danny Fenster ကို စစ္တပ္ခံုရံုးမွာ တရားမွ်တမႈမရွိပဲ တံခါးပိတ္အမႈစစ္ေဆးၿပီး ျပင္းထန္တဲ့ အျပစ္ဒဏ္ခ်မွတ္ခဲ့တာကို ၾကည့္ရင္ ျမန္မာႏိုင္ငံက သတင္းေထာက္ေတြဟာ စစ္တပ္အာဏာသိမ္းခဲ့တဲ့ ေဖေဖၚဝါရီ ၁ ရက္ကစၿပီး ႀကီးမားတဲ့အက်ပ္အတည္းနဲ႔ ရင္ဆိုင္ေနရတာကို သိသာေစတယ္ ကုလသမဂၢလူ႔အခြင့္ေရးဆိုင္ရာ မဟာမင္းႀကီးက ေျပာေၾကာင္း အတြင္းေရးမႈးခ်ဳပ္ရဲ႕ ဒုတိယေျပာခြင့္ရ Farhan Haq က ေျပာပါတယ္။

စစ္တပ္အာဏာသိမ္းၿပီးခ်ိန္ကစၿပီး သတင္းေထာက္ေတြ သတင္းဌာနတာဝန္ခံေတြ ထုတ္ေဝသူေတြ အပါအဝင္ အနည္းဆံုး သတင္းသမား ၁၂၆ ေယာက္ေလာက္ အဖမ္းဆီးခံခဲ့ရသလို ခုထိလည္း ၄၇ ေယာက္ေလာက္ အဖမ္းခံေနရဆဲျဖစ္ၿပီး အဲဒီထဲက ၂၀ ေလာက္ဟာ သူတို႔ရဲ႕ သတင္းသမားအလုပ္ေၾကာင့္ အျပစ္ဒဏ္ခ်မွတ္တာခံခဲ့ရတယ္ လို႔လည္းေျပာပါတယ္။သတင္းဌာန ၉ ခုအတြက္ လိုင္စင္ ႐ုတ္သိမ္းတာခံခဲ့ ရသလို ဒါဇင္နဲ႔ခ်ီတဲ့ သတင္းသမား ေတြကလည္း ဖမ္းဝရမ္းအထုတ္ခံထားရတာေၾကာင့္ ေရွာင္ပုန္းေနၾကရတယ္လို႔လည္း ေထာက္ျပပါတယ္။

အခုလို သတင္းေထာက္ေတြကို ဖမ္းဆီး ေထာင္ခ်တာ၊ အင္တာနက္ျဖတ္ေတာက္တာ။ အြန္လိုင္းနဲ႔ တျခားသတင္းအခ်က္လက္ရယူႏိုင္တာေတြကို ကန္႔သတ္တာေတြလို သတင္းသမားေတြနဲ႔ မီဒီယာေတြကို တိုက္ခိုက္ေနတာေၾကာင့္ လြတ္လပ္ပြင့္လင္းၿပီး မွန္ကန္တဲ့ သတင္းအခ်က္လက္ေတြေပၚမွီခိုေနရတဲ့ ျမန္မာလူမႈအသိုင္းဝိုင္းအတြက္ အေျခေနပိုဆိုးေစတယ္လို႔လည္း ကုလမဟာမင္းႀကီးက သတိေပးလိုက္ပါတယ္။

စစ္တပ္ရဲ႕ လုပ္ေဆာင္မႈကိုၾကည့္ရင္ စစ္တပ္ဟာ သူ႔ကို ဘယ္ေလာက္ဆန႔္က်င္မႈ ရွိေနတယ္၊ သူ႔ရဲ႕ ျမန္မာႏိုင္ငံတလႊား လူ႔အခြင့္ေရးခ်ိဳးေဖါက္မႈေတြ ဘယ္လိုရွိတယ္ဆိုတာကို သတင္းတင္ျပဖို႔ ႀကိဳးစားေနတဲ့ သတင္းေထာက္ေတြကို ဖိႏွိပ္ဖို႔ ႀကိးစားေနတာ ရွင္းရွင္းႀကီး သိႏိုင္တယ္လို႔လည္း ေဝဖန္လိုက္ၿပီး စစ္တပ္အာဏာပိုင္ေတြ အေနနဲ႔ သတင္းအလုပ္ကို လုပ္ေနတဲ့ သတင္းသမားအားလံုးကို ခ်က္ခ်င္း ျပန္ၿပီး လႊတ္ေပးဖို႔လည္း ေၾကညာခ်က္ ထုတ္ျပန္ ေတာင္းဆိုလိုက္ပါတယ္။

Frontier Myanmar သတင္းဌာနအယ္ဒီတာ တဦးျဖစ္သူ Thomas Kean ကေတာ့ Danny Fenster ကို ေထာင္ဒဏ္ ၁၁ ႏွစ္ ခ်မွတ္လိုက္တာကို အထူးစိတ္ပ်က္ရေၾကာင္း ေျပာပါတယ္။

"ဒီဆံုးျဖတ္ခ်က္အေပၚ Frontier က လူတိုင္း စိတ္ပ်က္လက္ပ်က္ျဖစ္ၾကရပါတယ္။ Danny သူ႔မိသားစုဆီ ျပန္ႏုိင္ေအာင္ ျဖစ္ႏုိင္သမွ် အျမန္ဆံုးျပန္လြတ္တာကို က်ေနာ္တို႔ျမင္ခ်င္ပါတယ္။ Danny ဟာ အၾကမ္းဖက္မႈ တိုက္ဖ်က္ေရးဥပေဒနဲ႔ ႏုိင္ငံေတာ္အၾကည္ညိဳပ်က္ေစမႈဥပေဒပုဒ္မ ၁၂၄ (က) တို႔နဲ႔လည္း တရားစြဲခံထားရၿပီး အဲဒီအမႈေတြကို သီးျခားစီ စစ္ေဆးဖို႔ရွိေနပါတယ္"

Danny Fenster ဟာ ဖမ္းဆီးခံရခ်ိန္က Myanmar Now သတင္းဌာနမွာ လုပ္ကိုင္ေနတာမဟုတ္ေတာ့ဘဲ Frontier Myanmar မွာ လုပ္ကိုင္ေနၿပီဆုိတာ အခြန္နဲ႔ လူမႈဖူလံုေရးမွတ္တမ္းနဲ႔ သတင္းဌာနက ဝန္ထမ္းတဦးရဲ႕ ထြက္ဆိုခ်က္အပါအဝင္ ခုိင္မာတဲ့အေထာက္အထားေတြ တင္ျပခဲ့ေပမယ့္လည္း တရားရံုးက မ်က္ကြယ္ျပဳခဲ့တယ္လုိ႔လည္း အယ္ဒီတာ Thomas Kean ကေျပာပါတယ္။

စစ္တပ္အာဏာသိမ္းၿပီးေနာက္ပိုင္း ေမလ ၂၄ ရက္ေန႔က Danny Fenster ကုိ ရန္ကုန္ေလဆိပ္မွာ အာဏာပိုင္ေတြက ဖမ္းဆီးၿပီး တပ္မေတာ္ ၿပိဳကြဲေအာင္လုပ္ေဆာင္မႈ ရာဇသတ္ႀကီး ပုဒ္မ ၅၀၅ (က)၊ မတရားအသင္းဆက္သြယ္မွု ပုဒ္မ ၁၇ (၁)၊ လူဝင္မႈ ႀကီးၾကပ္ေရး အက္ဥပေဒ ပုဒ္မ ၁၃ (၁) တို႔နဲ႔ တရားစြဲထား တာျဖစ္ပါတယ္။

အခု စုစုေပါင္း အလုပ္နဲ႔ ေထာင္ဒဏ္ ၁၁ ႏွစ္ဟာ အမႈ ၃ ခုအတြက္ ခ်လိုက္တာ ျဖစ္ၿပီး ျပစ္ဒဏ္ေတြဟာ အျမင့္ဆံုးျပစ္ဒဏ္ေတြျဖစ္သလို တရားခံဘက္ကတင္ျပတဲ့ သက္ေသေတြကို တရားရံုးက ထည့္သြင္းမစဥ္းစားဘဲ အမိန္႔ခ်လိုက္တာဟာ မသင့္ေလ်ာ္ ဘုူးလို႔လည္း Danny Fenster ရဲ႕ ေရွ႕ေန ဦးသန္းေဇာ္ေအာင္က ဗြီအိုေအကို ေျပာပါတယ္။

သူလြတ္ေျမာက္ေရး အတြက္ ဆက္တိုက္ေတာင္းဆိုေနတဲ့ အေမရိကန္အစိုးရကလည္း အခု ေသာၾကာေန႔ ျပစ္ဒဏ္ခ်မွတ္လိုက္ခ်ိန္မွာေတာ့ ဒါဟာ အပစ္မဲ့သူတဦးကို မတရား ျပစ္ဒဏ္ခ်မွတ္တာ ျဖစ္ေၾကာင္း အေမရိကန္ ႏိုင္ငံျခားေရးဌာန ေျပာခြင့္ရ Ned Price က ေၾကညာခ်က္ ထုတ္ျပန္ေျပာဆိုလိုက္ပါတယ္။ ဒါ့အျပင္ ဒီလို တရားစီရင္တာ အတြက္ အေမရိကန္အစိုးရက ရႈတ္ခ်ေၾကာင္းနဲ႔ Danny Fenster ရဲ႕ အေျခေနနဲ႔ ပတ္သက္ၿပီး အနီးကပ္ေစာင့္ၾကည့္ေနသလို သူ႔ကို ခ်က္ခ်င္း ျပန္လႊတ္ေပးဖို႔ ဆက္လက္ေဆာင္ရြက္ေနေၾကာင္း ေျပာၾကားခဲ့ပါတယ္။

RSF နယ္စီးမျခားသတင္းသမားမ်ားအဖြဲ႔ကလည္း ေသာၾကာေန႔မွာပဲ ေၾကညာခ်က္ ထုတ္ျပန္ၿပီး ရက္ေပါင္း ၁၇၀ ေက်ာ္ အဖမ္းခံေနရတဲ့ Danny ကို ခ်က္ခ်င္း ျပန္လႊတ္ေပးဖို႔ ေတာင္းဆိုလိုက္ပါတယ္။

အခုလို ျပစ္ဒဏ္စီရင္တာအတြက္ RSF က အထူးအံ့ၾသတုန္လႈပ္ရေၾကာင္းနဲ႔ ဒါဟာ ျမန္မာ စစ္ဗိုလ္ခ်ဳပ္ႀကီးေတြရဲ႕ သတင္းေထာက္ေတြနဲ႔ သတင္းလႊတ္လပ္ခြင့္အတြက္ ႐ုန္းကန္ေနရသူ အားလံုး အေပၚ ထားတဲ့ သေဘာထားပဲ ျဖစ္ေၾကာင္း ေျပာပါတယ္။ RSF ရဲ႕ ၂၀၂၁ ခုႏွစ္အတြက္ ကမာၻ႔သတင္းလြတ္လပ္ခြင့္ အၫြန္းကိန္းမွာ ႏိုင္ငံေပါင္း ၁၈၀ ထဲမွာ ျမန္မာအတြက္ သတင္းလြတ္လပ္ခြင့္ကို အဆင့္ ၁၄၀ မွာ ထည့္သြင္းထားတာပါ။

တိုက္႐ိုက္ လင့္ခ္

###

Unicode

Danny Fenster ကို ထောင်ဒဏ်ချမှတ်မှု အပေါ် ကုလ နှင့်RSF တုံ့ပြန်ချက်

အဖမ်းခံနေရတဲ့ Frontier Myanmar သတင်းဌာနရဲ့ အမှုဆောင်အယ်ဒီတာ အမေရိကန်နိုင်ငံသား Danny Fenster ကို အင်းစိန်အထူးတရားရုံးက အလုပ်နဲ့ ထောင်ဒဏ် ၁၁ နှစ် ချမှတ်လိုက်တာအတွက် အမေရိကန်အစိုးရက ရှုတ်ချလိုက်သလို သူ့ကို အမြန်ပြန်လွှတ်ပေးဖို့ ကုလသမဂ္ဂ ကရော နယ်စည်းမခြားသတင်းသမားများအဖွဲ့ RSF အဖွဲ့ကပါ တောင်းဆိုလိုက်ပါတယ်။ အပြည့်အစုံကို ဆက်ပြီး ပြောပြပေးမှာပါ။

အခုလို Frontier Myanmar သတင်းဌာန အမှုဆောင်အယ်ဒီတာကို ကြီးလေးတဲ့ပြစ်ဒဏ် ချမှတ်တာကိုကြည့်ရင် စစ်တပ်အာဏာသိမ်းပြီးချိန်ကစလို့ ဖိနှိပ်မှုတွေနဲ့ ရင်ဆိုင်နေရတဲ့ သတင်းထောက်တွေ ရဲ့ ကြီးမားတဲ့အကျပ်အတည်းကို ထင်ဟပ်စေတယ်လို့ လူ့အခွင့်ရေးဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီး Michele Bachelet ရဲ့ ပြောကြားချက်ကို ကုလသမဂ္ဂအတွင်းရေးမှုးချုပ်ရုံးက သောကြာနေ့ သတင်းစာရှင်းလင်းပွဲမှာ တင်ပြခဲ့ပါတယ်


သတင်းသမား Danny Fenster ကို စစ်တပ်ခုံရုံးမှာ တရားမျှတမှုမရှိပဲ တံခါးပိတ်အမှုစစ်ဆေးပြီး ပြင်းထန်တဲ့ အပြစ်ဒဏ်ချမှတ်ခဲ့တာကို ကြည့်ရင် မြန်မာနိုင်ငံက သတင်းထောက်တွေဟာ စစ်တပ်အာဏာသိမ်းခဲ့တဲ့ ဖေဖေါ်ဝါရီ ၁ ရက်ကစပြီး ကြီးမားတဲ့အကျပ်အတည်းနဲ့ ရင်ဆိုင်နေရတာကို သိသာစေတယ် ကုလသမဂ္ဂလူ့အခွင့်ရေးဆိုင်ရာ မဟာမင်းကြီးက ပြောကြောင်း အတွင်းရေးမှုးချုပ်ရဲ့ ဒုတိယပြောခွင့်ရ Farhan Haq က ပြောပါတယ်။

စစ်တပ်အာဏာသိမ်းပြီးချိန်ကစပြီး သတင်းထောက်တွေ သတင်းဌာနတာဝန်ခံတွေ ထုတ်ဝေသူတွေ အပါအဝင် အနည်းဆုံး သတင်းသမား ၁၂၆ ယောက်လောက် အဖမ်းဆီးခံခဲ့ရသလို ခုထိလည်း ၄၇ ယောက်လောက် အဖမ်းခံနေရဆဲဖြစ်ပြီး အဲဒီထဲက ၂၀ လောက်ဟာ သူတို့ရဲ့ သတင်းသမားအလုပ်ကြောင့် အပြစ်ဒဏ်ချမှတ်တာခံခဲ့ရတယ် လို့လည်းပြောပါတယ်။သတင်းဌာန ၉ ခုအတွက် လိုင်စင် ရုတ်သိမ်းတာခံခဲ့ ရသလို ဒါဇင်နဲ့ချီတဲ့ သတင်းသမား တွေကလည်း ဖမ်းဝရမ်းအထုတ်ခံထားရတာကြောင့် ရှောင်ပုန်းနေကြရတယ်လို့လည်း ထောက်ပြပါတယ်။

အခုလို သတင်းထောက်တွေကို ဖမ်းဆီး ထောင်ချတာ၊ အင်တာနက်ဖြတ်တောက်တာ။ အွန်လိုင်းနဲ့ တခြားသတင်းအချက်လက်ရယူနိုင်တာတွေကို ကန့်သတ်တာတွေလို သတင်းသမားတွေနဲ့ မီဒီယာတွေကို တိုက်ခိုက်နေတာကြောင့် လွတ်လပ်ပွင့်လင်းပြီး မှန်ကန်တဲ့ သတင်းအချက်လက်တွေပေါ်မှီခိုနေရတဲ့ မြန်မာလူမှုအသိုင်းဝိုင်းအတွက် အခြေနေပိုဆိုးစေတယ်လို့လည်း ကုလမဟာမင်းကြီးက သတိပေးလိုက်ပါတယ်။

စစ်တပ်ရဲ့ လုပ်ဆောင်မှုကိုကြည့်ရင် စစ်တပ်ဟာ သူ့ကို ဘယ်လောက်ဆန့်ကျင်မှု ရှိနေတယ်၊ သူ့ရဲ့ မြန်မာနိုင်ငံတလွှား လူ့အခွင့်ရေးချိုးဖေါက်မှုတွေ ဘယ်လိုရှိတယ်ဆိုတာကို သတင်းတင်ပြဖို့ ကြိုးစားနေတဲ့ သတင်းထောက်တွေကို ဖိနှိပ်ဖို့ ကြိးစားနေတာ ရှင်းရှင်းကြီး သိနိုင်တယ်လို့လည်း ဝေဖန်လိုက်ပြီး စစ်တပ်အာဏာပိုင်တွေ အနေနဲ့ သတင်းအလုပ်ကို လုပ်နေတဲ့ သတင်းသမားအားလုံးကို ချက်ချင်း ပြန်ပြီး လွှတ်ပေးဖို့လည်း ကြေညာချက် ထုတ်ပြန် တောင်းဆိုလိုက်ပါတယ်။

Frontier Myanmar သတင်းဌာနအယ်ဒီတာ တဦးဖြစ်သူ Thomas Kean ကတော့ Danny Fenster ကို ထောင်ဒဏ် ၁၁ နှစ် ချမှတ်လိုက်တာကို အထူးစိတ်ပျက်ရကြောင်း ပြောပါတယ်။

"ဒီဆုံးဖြတ်ချက်အပေါ် Frontier က လူတိုင်း စိတ်ပျက်လက်ပျက်ဖြစ်ကြရပါတယ်။ Danny သူ့မိသားစုဆီ ပြန်နိုင်အောင် ဖြစ်နိုင်သမျှ အမြန်ဆုံးပြန်လွတ်တာကို ကျနော်တို့မြင်ချင်ပါတယ်။ Danny ဟာ အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေနဲ့ နိုင်ငံတော်အကြည်ညိုပျက်စေမှုဥပဒေပုဒ်မ ၁၂၄ (က) တို့နဲ့လည်း တရားစွဲခံထားရပြီး အဲဒီအမှုတွေကို သီးခြားစီ စစ်ဆေးဖို့ရှိနေပါတယ်"

Danny Fenster ဟာ ဖမ်းဆီးခံရချိန်က Myanmar Now သတင်းဌာနမှာ လုပ်ကိုင်နေတာမဟုတ်တော့ဘဲ Frontier Myanmar မှာ လုပ်ကိုင်နေပြီဆိုတာ အခွန်နဲ့ လူမှုဖူလုံရေးမှတ်တမ်းနဲ့ သတင်းဌာနက ဝန်ထမ်းတဦးရဲ့ ထွက်ဆိုချက်အပါအဝင် ခိုင်မာတဲ့အထောက်အထားတွေ တင်ပြခဲ့ပေမယ့်လည်း တရားရုံးက မျက်ကွယ်ပြုခဲ့တယ်လို့လည်း အယ်ဒီတာ Thomas Kean ကပြောပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မေလ ၂၄ ရက်နေ့က Danny Fenster ကို ရန်ကုန်လေဆိပ်မှာ အာဏာပိုင်တွေက ဖမ်းဆီးပြီး တပ်မတော် ပြိုကွဲအောင်လုပ်ဆောင်မှု ရာဇသတ်ကြီး ပုဒ်မ ၅၀၅ (က)၊ မတရားအသင်းဆက်သွယ်မှု ပုဒ်မ ၁၇ (၁)၊ လူဝင်မှု ကြီးကြပ်ရေး အက်ဥပဒေ ပုဒ်မ ၁၃ (၁) တို့နဲ့ တရားစွဲထား တာဖြစ်ပါတယ်။

အခု စုစုပေါင်း အလုပ်နဲ့ ထောင်ဒဏ် ၁၁ နှစ်ဟာ အမှု ၃ ခုအတွက် ချလိုက်တာ ဖြစ်ပြီး ပြစ်ဒဏ်တွေဟာ အမြင့်ဆုံးပြစ်ဒဏ်တွေဖြစ်သလို တရားခံဘက်ကတင်ပြတဲ့ သက်သေတွေကို တရားရုံးက ထည့်သွင်းမစဉ်းစားဘဲ အမိန့်ချလိုက်တာဟာ မသင့်လျော် ဘုူးလို့လည်း Danny Fenster ရဲ့ ရှေ့နေ ဦးသန်းဇော်အောင်က ဗွီအိုအေကို ပြောပါတယ်။

သူလွတ်မြောက်ရေး အတွက် ဆက်တိုက်တောင်းဆိုနေတဲ့ အမေရိကန်အစိုးရကလည်း အခု သောကြာနေ့ ပြစ်ဒဏ်ချမှတ်လိုက်ချိန်မှာတော့ ဒါဟာ အပစ်မဲ့သူတဦးကို မတရား ပြစ်ဒဏ်ချမှတ်တာ ဖြစ်ကြောင်း အမေရိကန် နိုင်ငံခြားရေးဌာန ပြောခွင့်ရ Ned Price က ကြေညာချက် ထုတ်ပြန်ပြောဆိုလိုက်ပါတယ်။ ဒါ့အပြင် ဒီလို တရားစီရင်တာ အတွက် အမေရိကန်အစိုးရက ရှုတ်ချကြောင်းနဲ့ Danny Fenster ရဲ့ အခြေနေနဲ့ ပတ်သက်ပြီး အနီးကပ်စောင့်ကြည့်နေသလို သူ့ကို ချက်ချင်း ပြန်လွှတ်ပေးဖို့ ဆက်လက်ဆောင်ရွက်နေကြောင်း ပြောကြားခဲ့ပါတယ်။

RSF နယ်စီးမခြားသတင်းသမားများအဖွဲ့ကလည်း သောကြာနေ့မှာပဲ ကြေညာချက် ထုတ်ပြန်ပြီး ရက်ပေါင်း ၁၇၀ ကျော် အဖမ်းခံနေရတဲ့ Danny ကို ချက်ချင်း ပြန်လွှတ်ပေးဖို့ တောင်းဆိုလိုက်ပါတယ်။

အခုလို ပြစ်ဒဏ်စီရင်တာအတွက် RSF က အထူးအံ့သြတုန်လှုပ်ရကြောင်းနဲ့ ဒါဟာ မြန်မာ စစ်ဗိုလ်ချုပ်ကြီးတွေရဲ့ သတင်းထောက်တွေနဲ့ သတင်းလွှတ်လပ်ခွင့်အတွက် ရုန်းကန်နေရသူ အားလုံး အပေါ် ထားတဲ့ သဘောထားပဲ ဖြစ်ကြောင်း ပြောပါတယ်။ RSF ရဲ့ ၂၀၂၁ ခုနှစ်အတွက် ကမ္ဘာ့သတင်းလွတ်လပ်ခွင့် အညွန်းကိန်းမှာ နိုင်ငံပေါင်း ၁၈၀ ထဲမှာ မြန်မာအတွက် သတင်းလွတ်လပ်ခွင့်ကို အဆင့် ၁၄၀ မှာ ထည့်သွင်းထားတာပါ။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG