(Zawgyi / Unicode)
စစ္ေကာင္စီက ဖမ္းဆီးထားတဲ့ အေမရိကန္ သတင္းမီဒီယာသမား Danny Fenster ကို ႏုိင္ငံေတာ္အၾကည္ညိဳပ်က္ေစမႈ၊ အၾကမ္းဖက္မႈ တိုက္ဖ်က္ေရး ဥပေဒတို႔နဲ႔ ထပ္ၿပီး စြဲခ်က္တင္လိုက္တယ္လုိ႔ သူ႔ရဲ႕ေရွ႕ေနျဖစ္သူ ဦးသန္းေဇာ္ေအာင္က ဒီကေန႔ ေျပာပါတယ္။
အသက္ ၃၇ ႏွစ္အရြယ္ Danny Fenster ဟာ Frontier Myanmar သတင္းဌာနရဲ႕ အမႈေဆာင္အယ္ဒီတာအျဖစ္ လုပ္ကိုင္ခဲ့ၿပီး ၿပီးခဲ့တဲ့ေမလက ေနရပ္ျပန္ဖို႔ ရန္ကုန္ေလဆိပ္က ထြက္တဲ့အခ်ိန္ ဖမ္းဆီးခံခဲ့ရတာပါ။
အခုေလာက္ ျပင္းထန္တဲ့စြဲခ်က္နဲ႔ ဘာ့ေၾကာင့္ သူ႔ကိုစြပ္စြဲထားတယ္ဆိုတာ ရွင္းရွင္းလင္းလင္း မသိရေသးပါဘူး။ အၾကမ္းဖက္ဥပေဒ ပုဒ္မ ၅၀ (က) ကို ခ်ဳိးေဖာက္တယ္လုိ႔ တရား႐ုံးက ဆံုးျဖတ္ရင္ ေထာင္ဒဏ္ ႏွစ္ ၂၀ ထိ ခ်မွတ္ႏုိင္သလို ႏုိင္ငံေတာ္အၾကည္ညိဳပ်က္ေစမႈ ပုဒ္မ ၁၂၄ (က) ကလည္း ေထာင္ဒဏ္ ႏွစ္ ၂၀ ထိ ခ်မွတ္ႏုိင္ပါတယ္။
Danny Fenster ရဲ႕ေရွ႕ေန ဦးသန္းေဇာ္ေအာင္က "ေနာက္ထပ္စြဲခ်က္ေတြ ဘာ့ေၾကာင့္ ထပ္တိုးတယ္ဆုိတာ က်ေနာ္တို႔ နားမလည္ပါဘူး။ ဒါေပမယ့္ အခုလို စြဲခ်က္ေတြ ထပ္တိုးတာက လံုးဝကို မေကာင္းဘူးဆိုတာကေတာ့ အေသအခ်ာပါပဲ" လို႔ ႐ုိက္တာသတင္းဌာနကို ေျပာပါတယ္။ "ဒီစြဲခ်က္အသစ္ေတြနဲ႔ ပတ္သက္လုိ႔ Danny က စိတ္ပ်က္လက္ပ်က္နဲ႔ ဝမ္းနည္းေနပါတယ္" လို႔လည္း ဦးသန္းေဇာ္ေအာင္က ေျပာပါတယ္။
Danny Fenster အေပၚ သတင္းမွားေတြနဲ႔ ဆူပူမႈျဖစ္ေစတဲ့ သတင္းေတြကို ျဖန႔္ခ်ိတယ္ဆိုတဲ့ စြဲခ်က္၊ မတရားအသင္းနဲ႔ ဆက္သြယ္မႈ စြဲခ်က္၊ လူဝင္မႈဥပေဒ ခ်ဳိးေဖာက္မႈဆိုင္ရာ စြဲခ်က္ေတြနဲ႔လည္း တရားစြဲဆိုထားပါတယ္။
အင္းစိန္အက်ဥ္းေထာင္္မွာ ခ်ဳပ္ေႏွာင္ထားတဲ့ Danny Fenster ကို ျပန္လႊတ္ေပးဖို႔ အေမရိကန္ကသာမက သတင္းလြတ္လပ္ခြင့္ဆုိင္ရာ အဖြဲ႔အစည္းေတြကလည္း အႀကိမ္ႀကိမ္ ေတာင္းဆိုထားပါတယ္။
-----------------------
(Unicode)
ကန်သတင်းသမား Danny Fenster ကို နောက်တပ်အမှုတွေ စွဲဆို
စစ်ကောင်စီက ဖမ်းဆီးထားတဲ့ အမေရိကန် သတင်းမီဒီယာသမား Danny Fenster ကို နိုင်ငံတော်အကြည်ညိုပျက်စေမှု၊ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေတို့နဲ့ ထပ်ပြီး စွဲချက်တင်လိုက်တယ်လို့ သူ့ရဲ့ရှေ့နေဖြစ်သူ ဦးသန်းဇော်အောင်က ဒီကနေ့ ပြောပါတယ်။
အသက် ၃၇ နှစ်အရွယ် Danny Fenster ဟာ Frontier Myanmar သတင်းဌာနရဲ့ အမှုဆောင်အယ်ဒီတာအဖြစ် လုပ်ကိုင်ခဲ့ပြီး ပြီးခဲ့တဲ့မေလက နေရပ်ပြန်ဖို့ ရန်ကုန်လေဆိပ်က ထွက်တဲ့အချိန် ဖမ်းဆီးခံခဲ့ရတာပါ။
အခုလောက် ပြင်းထန်တဲ့စွဲချက်နဲ့ ဘာ့ကြောင့် သူ့ကိုစွပ်စွဲထားတယ်ဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ အကြမ်းဖက်ဥပဒေ ပုဒ်မ ၅၀ (က) ကို ချိုးဖောက်တယ်လို့ တရားရုံးက ဆုံးဖြတ်ရင် ထောင်ဒဏ် နှစ် ၂၀ ထိ ချမှတ်နိုင်သလို နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၁၂၄ (က) ကလည်း ထောင်ဒဏ် နှစ် ၂၀ ထိ ချမှတ်နိုင်ပါတယ်။
Danny Fenster ရဲ့ရှေ့နေ ဦးသန်းဇော်အောင်က "နောက်ထပ်စွဲချက်တွေ ဘာ့ကြောင့် ထပ်တိုးတယ်ဆိုတာ ကျနော်တို့ နားမလည်ပါဘူး။ ဒါပေမယ့် အခုလို စွဲချက်တွေ ထပ်တိုးတာက လုံးဝကို မကောင်းဘူးဆိုတာကတော့ အသေအချာပါပဲ" လို့ ရိုက်တာသတင်းဌာနကို ပြောပါတယ်။ "ဒီစွဲချက်အသစ်တွေနဲ့ ပတ်သက်လို့ Danny က စိတ်ပျက်လက်ပျက်နဲ့ ဝမ်းနည်းနေပါတယ်" လို့လည်း ဦးသန်းဇော်အောင်က ပြောပါတယ်။
Danny Fenster အပေါ် သတင်းမှားတွေနဲ့ ဆူပူမှုဖြစ်စေတဲ့ သတင်းတွေကို ဖြန့်ချိတယ်ဆိုတဲ့ စွဲချက်၊ မတရားအသင်းနဲ့ ဆက်သွယ်မှု စွဲချက်၊ လူဝင်မှုဥပဒေ ချိုးဖောက်မှုဆိုင်ရာ စွဲချက်တွေနဲ့လည်း တရားစွဲဆိုထားပါတယ်။
အင်းစိန်အကျဉ်းထောင်မှာ ချုပ်နှောင်ထားတဲ့ Danny Fenster ကို ပြန်လွှတ်ပေးဖို့ အမေရိကန်ကသာမက သတင်းလွတ်လပ်ခွင့်ဆိုင်ရာ အဖွဲ့အစည်းတွေကလည်း အကြိမ်ကြိမ် တောင်းဆိုထားပါတယ်။