(Zawgyi / Unicode)
ျမန္မာႏိုင္ငံမွာ ဖမ္းဆီးခံထားရတဲ့ အေမရိကန္ သတင္းစာဆရာ Danny Fenster ရဲ႕အမႈ တရားလိုဘက္က တင္သြင္းတဲ့ အခ်က္အလက္မွာ သူ တကယ္အလုပ္လုပ္ေနတဲ့ ေနရာနဲ႔ လြဲေနတယ္လို႔ သူ႔ရဲ႕ေရွ႕ေနက ေအပီသတင္းဌာနကို ေျပာပါတယ္။ Danny Fenster ကို Myanmar Now သတင္းဌာနနဲ႔ ဆက္စပ္ၿပီး ဖမ္းဆီး တရားစြဲဆိုထားတာပါ။
Myanmar Now သတင္းဌာနရဲ႕ လုပ္ငန္းလိုင္စင္ကို အာဏာသိမ္းၿပီးေနာက္ ႐ုပ္သိမ္းခဲ့ေၾကာင္း၊ Myanmar Now ရဲ႕ အယ္ဒီတာစာရင္းမွာ Fenster နာမည္ ပါရွိေၾကာင္း၊ လိုင္စင္သက္တမ္းဟာ ၂၀၁၅ ကေန ၂၀၂၅ အထိျဖစ္ေၾကာင္း၊ ျပန္ၾကားေရးဝန္ႀကီးဌာနရဲ႕ စာမွာ ပါရွိတယ္လို႔ ရဲအရာရွိေတြ အပါအဝင္ တရားလိုျပ သက္ေသေတြက ေသာၾကာေန႔မွာ ထြက္ဆိုခဲ့တယ္လို႔ ေအပီသတင္းက ဆိုပါတယ္။ ဒါေပမယ့္လည္း သတင္းေထာက္ Danny Fenster ဖမ္းဆီးခံရခ်ိန္မွာ သူဟာ အဲဒီ Myanmar Now သတင္းမွာ မလုပ္ကိုင္ေတာ့ဘူးလို႔ သူ႔ေရွ႕ေနေတြဘက္က ျပန္ေလွ်ာက္ထားၾကပါတယ္။
တကယ္ေတာ့ Fenster ဖမ္းဆီးခံရခ်ိန္မွာ Frontier Myanmar ကို စီမံခန႔္ခြဲမႈ အယ္ဒီတာအျဖစ္ ေျပာင္းေရႊ႕ အလုပ္လုပ္ခဲ့တာ ၇ လထက္မနည္း ရွိခဲ့ပါၿပီ။ Frontier Myanmar ဟာ အြန္လိုင္းသတင္းဌာန ျဖစ္ၿပီး ရန္ကုန္မွာ အေျခစိုက္ပါတယ္။
သူ႔မိသားစုရွိရာ အေမရိကန္ႏိုင္ငံက ဒက္ထ႐ိုက္ၿမိဳ႕ကို ျပန္ဖို႔ ရန္ကုန္ အျပည္ျပည္ဆိုင္ရာ ေလယာဥ္ကြင္းမွာ ေမလ ၂၄ ရက္ေန႔က အဖမ္းခံခဲ့ရတာ ျဖစ္ပါတယ္။
သတင္းမွားေတြနဲ႔ ဆူပူမႈျဖစ္ေစတဲ့ သတင္းေတြကို ျဖန႔္ခ်ိတယ္ဆိုတဲ့ စြပ္စြဲခ်က္နဲ႔ သူ႔ကို တရားစြဲဆိုခဲ့တာ ျဖစ္ပါတယ္။ အျပစ္ရွိတယ္လို႔ ဆုံးျဖတ္ရင္ ေထာင္ဒဏ္ ၃ ႏွစ္ သင့္ႏိုင္ပါတယ္။ တရားမဝင္ အဖြဲ႔အစည္းနဲ႔ ဆက္သြယ္တာကို တားျမစ္တဲ့ မတရားသင္း ဥပေဒနဲ႔လည္း စြဲဆိုထားျပန္ေသးတာမို႔ ဒီအမႈနဲ႔လည္း ေထာင္ဒဏ္ ၂ ႏွစ္ကေန ၃ ႏွစ္အထိ ခ်ႏိုင္ပါတယ္။ ဒါ့အျပင္ ၆ လကေန ၅ ႏွစ္အထိ အျပစ္ေပးႏိုင္တဲ့ ဗီဇာအမႈပါ ဒီအပတ္မွာ ထပ္စြဲဆိုထားျပန္ပါတယ္။
--------------------
(Unicode)
ကန်သတင်းသမား Danny Fenster ကို အမှုစွဲဆိုမှု လွဲမှားနေတယ်လို့ ရှေ့နေပြောဆို
မြန်မာနိုင်ငံမှာ ဖမ်းဆီးခံထားရတဲ့ အမေရိကန် သတင်းစာဆရာ Danny Fenster ရဲ့အမှု တရားလိုဘက်က တင်သွင်းတဲ့ အချက်အလက်မှာ သူ တကယ်အလုပ်လုပ်နေတဲ့ နေရာနဲ့ လွဲနေတယ်လို့ သူ့ရဲ့ရှေ့နေက အေပီသတင်းဌာနကို ပြောပါတယ်။ Danny Fenster ကို Myanmar Now သတင်းဌာနနဲ့ ဆက်စပ်ပြီး ဖမ်းဆီး တရားစွဲဆိုထားတာပါ။
Myanmar Now သတင်းဌာနရဲ့ လုပ်ငန်းလိုင်စင်ကို အာဏာသိမ်းပြီးနောက် ရုပ်သိမ်းခဲ့ကြောင်း၊ Myanmar Now ရဲ့ အယ်ဒီတာစာရင်းမှာ Fenster နာမည် ပါရှိကြောင်း၊ လိုင်စင်သက်တမ်းဟာ ၂၀၁၅ ကနေ ၂၀၂၅ အထိဖြစ်ကြောင်း၊ ပြန်ကြားရေးဝန်ကြီးဌာနရဲ့ စာမှာ ပါရှိတယ်လို့ ရဲအရာရှိတွေ အပါအဝင် တရားလိုပြ သက်သေတွေက သောကြာနေ့မှာ ထွက်ဆိုခဲ့တယ်လို့ အေပီသတင်းက ဆိုပါတယ်။ ဒါပေမယ့်လည်း သတင်းထောက် Danny Fenster ဖမ်းဆီးခံရချိန်မှာ သူဟာ အဲဒီ Myanmar Now သတင်းမှာ မလုပ်ကိုင်တော့ဘူးလို့ သူ့ရှေ့နေတွေဘက်က ပြန်လျှောက်ထားကြပါတယ်။
တကယ်တော့ Fenster ဖမ်းဆီးခံရချိန်မှာ Frontier Myanmar ကို စီမံခန့်ခွဲမှု အယ်ဒီတာအဖြစ် ပြောင်းရွှေ့ အလုပ်လုပ်ခဲ့တာ ၇ လထက်မနည်း ရှိခဲ့ပါပြီ။ Frontier Myanmar ဟာ အွန်လိုင်းသတင်းဌာန ဖြစ်ပြီး ရန်ကုန်မှာ အခြေစိုက်ပါတယ်။
သူ့မိသားစုရှိရာ အမေရိကန်နိုင်ငံက ဒက်ထရိုက်မြို့ကို ပြန်ဖို့ ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေယာဉ်ကွင်းမှာ မေလ ၂၄ ရက်နေ့က အဖမ်းခံခဲ့ရတာ ဖြစ်ပါတယ်။
သတင်းမှားတွေနဲ့ ဆူပူမှုဖြစ်စေတဲ့ သတင်းတွေကို ဖြန့်ချိတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ သူ့ကို တရားစွဲဆိုခဲ့တာ ဖြစ်ပါတယ်။ အပြစ်ရှိတယ်လို့ ဆုံးဖြတ်ရင် ထောင်ဒဏ် ၃ နှစ် သင့်နိုင်ပါတယ်။ တရားမဝင် အဖွဲ့အစည်းနဲ့ ဆက်သွယ်တာကို တားမြစ်တဲ့ မတရားသင်း ဥပဒေနဲ့လည်း စွဲဆိုထားပြန်သေးတာမို့ ဒီအမှုနဲ့လည်း ထောင်ဒဏ် ၂ နှစ်ကနေ ၃ နှစ်အထိ ချနိုင်ပါတယ်။ ဒါ့အပြင် ၆ လကနေ ၅ နှစ်အထိ အပြစ်ပေးနိုင်တဲ့ ဗီဇာအမှုပါ ဒီအပတ်မှာ ထပ်စွဲဆိုထားပြန်ပါတယ်။