သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

စစ္အာဏာသိမ္း ျမန္မာႏိုင္ငံက သတင္းသမားေတြရဲ႕ အခက္အခဲ


စစ္အာဏာသိမ္းမႈကို ဆန္႔က်င္တဲ့ ရန္ကုန္ၿမိဳ႕က ဆႏၵျပပြဲေတြကုိ လုံၿခဳံေရးတပ္ဖြဲ႔ေတြ ၿဖဳိခြဲမႈအတြင္း ထြက္ျေပးေနၾကရတဲ့ ဆႏၵျပသူအခ်ဳိ႕နဲ႔ သတင္းသမားတဦး။ (ေဖေဖာ္ဝါရီ ၂၇၊ ၂၀၂၁)

(Zawgyi / Unicode)

စစ္အာဏာသိမ္းၿပီး ၈ လအၾကာမွာ ျမန္မာ့သတင္းစာဆရာေတြရဲ႕ ဘဝက ပိုလို႔ပိုလို႔ ခက္ခဲလာေနပါတယ္လို႔ ေဒသခံ သတင္းေထာက္ေတြက ေျပာပါတယ္။

အာဏာကိုသိမ္းၿပီး၊ ေရြးေကာက္တင္ေျမႇာက္ခံ အစိုးရကို ျဖဳတ္ခ်လိုက္ၿပီးခ်ိန္က စၿပီး စစ္တပ္ဟာ သတင္းေတြအေပၚမွာ ထိန္းခ်ဳပ္ႏိုင္ဖို႔ ေဆာင္ရြက္ခဲ့တာပါ။ လူမႈမီဒီယာေတြနဲ႔ အင္တာနက္ကို ဝင္လို႔မရေအာင္ ပိတ္ပါတယ္။ အနည္းဆုံး သတင္းစာ မီဒီယာ ၅ ခုရဲ႕ လိုင္စင္ကို ႐ုပ္သိမ္းလိုက္ပါတယ္။

တႏိုင္ငံလုံးက စစ္ေကာင္စီကို ဆန႔္က်င္ၾကတဲ့ ဆႏၵျပပြဲေတြကို သတင္းေရးၾကတဲ့ သတင္းစာဆရာေတြကို အာဏာပိုင္ေတြက ထိန္းသိမ္းလိုက္ပါတယ္။ အဲဒီေနာက္ပိုင္းလေတြမွာေတာ့ မီဒီယာေတြဟာ သူတို႔ လုပ္ကိုင္ေဆာင္ရြက္ပုံကို ျပန္လည္ဖြဲ႔စည္း စီစဥ္ၾကရပါတယ္။ အြန္လိုင္းကေန အလုပ္လုပ္ၾကရသလို တခ်ိဳ႕ကလည္း နယ္စပ္နဲ႔ ျပည္ပကိုထြက္ၿပီး အလုပ္လုပ္ၾကရပါတယ္။

အိမ္ထဲမွာ ၇ လလုံးလုံး ေနၿပီး အြန္လိုင္းက အလုပ္လုပ္ခဲ့ရတယ္လို႔ ရန္ကုန္အေျခစိုက္ Red သတင္းဌာနက သတင္းေထာက္ ဦးဝင္းေဇာ္ႏိုင္က ဆိုပါတယ္။

“သတင္းျဖစ္တဲ့ေနရာမွာ သတင္းလိုက္လို႔ ခုေနအခါမွာ မျဖစ္ႏိုင္သေလာက္ပါပဲ။ အိမ္ကလည္း မထြက္ခဲ့သလို ဘယ္သူ႔ကိုမွလည္း မေတြ႔ခဲ့ပါဘူး။ ဒါေပမယ့္ က်ေနာ္ အြန္လိုင္းကပဲ အလုပ္လုပ္တယ္။ ဖုန္းပဲေခၚပါတယ္” လို႔ ဗြီအိုေအကို ေျပာပါတယ္။

ေဖေဖာ္ဝါရီ ၁ ရက္ကေန စက္တင္ဘာလ ၂၇ ရက္ေန႔အထိ အနည္းဆုံး သတင္းစာဆရာ ၁၀၂ ေယာက္ကို ဖမ္းဆီးခဲ့ၿပီး အနည္းဆုံး ၄၈ ေယာက္ဟာ ခုထိ အထိန္းသိမ္းခံေနရဆဲ ျဖစ္ပါတယ္။ အမ်ားစုကို ၅၀၅ (က) နဲ႔ စြဲဆိုထားပါတယ္။ လူအမ်ား ေၾကာက္ရြံ႕ေအာင္ အစိုးရကို ဆန႔္က်င္လာေအာင္ သတင္းအမွားေတြကို ျဖန႔္တာဆိုၿပီး ပုဒ္မတပ္ခဲ့တာပါ။ အျပစ္ရွိတယ္လို႔ တရား႐ုံးက ဆုံးျဖတ္ရင္ ေထာင္ဒဏ္ ၃ ႏွစ္အထိ အျပစ္ေပးခံၾကရမွာပါ။

ဒါေပမယ့္ သတင္းစာဆရာေတြအေပၚ ကန႔္သတ္တယ္ဆိုတာကို စစ္တပ္က ျငင္းဆိုပါတယ္။ “မီဒီယာလြတ္လပ္ခြင့္ကို ေလးစား တန္ဖိုးထားပါတယ္” လို႔ ေျပာေရးဆိုခြင့္ရွိသူ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက မတ္လအတြင္းက ေျပာခဲ့ပါတယ္။ “သတင္းသမားတေယာက္က သတင္းသမားအလုပ္ကိုပဲ လုပ္မယ္ဆိုရင္ သူတို႔ကို ဖမ္းစရာအေၾကာင္း မရွိဘူး။” လို႔ ဖမ္းဆီးထားတဲ့ အေမရိကန္ သတင္းစာဆရာ Danny Fenster နဲ႔ ဆက္စပ္လို႔ သူက ၿပီးခဲ့တဲ့အပတ္မွာ ေျပာခဲ့ပါတယ္။

Frontier Myanmar ရဲ႕ စီမံခန႔္ခြဲမႈအယ္ဒီတာ Fenster ကို ေမလ ၂၄ ရက္ကတည္းက ဖမ္းဆီးထားခဲ့တာပါ။ အေမရိကန္ႏိုင္ငံက ဒီထ႐ိုက္ၿမိဳ႕ကို ျပန္ဖို႔ ေလယာဥ္အတက္မွာ ဖမ္းဆီးခဲ့တာ ျဖစ္ပါတယ္။ သူ႔ကို Myanmar Now နဲ႔ပတ္သက္လို႔ ဖမ္းဆီးတယ္လို႔ ေအာက္တိုဘာ ၁၅ ရက္ေန႔က ႐ုံးအထုတ္မွာ တရားသူႀကီးက ဆိုေၾကာင္း သူ႔ရဲ႕ေရွ႕ေန ဦးသန္းေဇာ္ေအာင္က ေျပာပါတယ္။ Myanmar Now ရဲ႕ လိုင္စင္ကို ႐ုပ္သိမ္းၿပီး ျဖစ္ေပမယ့္ သတင္းေတြကို အြန္လိုင္းေပၚကို ဆက္လက္တင္ေနတာေၾကာင့္ ျဖစ္တယ္လို႔ အေၾကာင္းျပတယ္လို႔ ဆိုပါတယ္။

“အစိုးရ ဆြဲခ်ေတြက Danny Fenster ဟာ မတ္လ ၂၀၂၁ မွာ Myanmar Now အတြက္ အလုပ္လုပ္ေနတယ္လို႔ စြပ္စြဲေနတာ စိတ္ပ်က္စရာေကာင္းပါတယ္။ တကယ့္အျဖစ္ကေတာ့ အဲဒီ ၇ လမတိုင္မီကတည္းက Frontier ကို သူက ေျပာင္းလာခဲ့တာပါ” လို႔ Frontier ရဲ႕ အယ္ဒီတာခ်ဳပ္ Thomas Kean က ေအပီသတင္းဌာနကို စာနဲ႔ေျပာပါတယ္။

အဲဒီလို အဖမ္းအဆီး အႏၲရာယ္ေတြက တိုးလာတာေၾကာင့္ တခ်ိဳ႕သတင္းသမားေတြက ေလွ်ာ့ေပးလိုက္ၾကပါတယ္လို႔ ဦးဝင္းေဇာ္ႏိုင္က ဆိုပါတယ္။ “ျမန္မာႏုိင္ငံမွာ သတင္းသမားေတြအတြက္ လုံၿခဳံေရးက အဓိကအားျဖင့္ မရွိေတာ့ပါဘူး။ အဖမ္းခံလိုက္ရတဲ့အခါ သတင္းေထာက္အလုပ္ မလုပ္ေတာ့ဘူးလို႔ ေျပာႏိုင္ဖို႔ ခု သူတို႔ ျပင္ဆင္ထားၾကပါၿပီ” လို႔ သူက ေျပာပါတယ္။

သတင္းေတြေရးတာ အဖမ္းခံရမယ့္ လက္မွတ္ပါပဲလို႔ ဒီမိုကရက္တစ္ ျမန္မာ့အသံ (ဒီဗြီဘီ) ရဲ႕ အယ္ဒီတာခ်ဳပ္ ဦးေအးခ်မ္းႏိုင္က ဗြီအိုေအကို ဇူလိုင္လက ေျပာပါတယ္။ ဒီဗြီဘီကလည္း လိုင္စင္အ႐ုပ္သိမ္းခံရတဲ့ မီဒီယာေတြထဲမွာ တခုအျဖစ္ ပါေပတာေပါ့။

နည္းပညာပိုင္းဆိုင္ရာ တိုးတက္မႈေၾကာင့္ ျမန္မာ့မီဒီယာေတြဟာ သတင္းလုပ္ငန္းကို ဆက္လက္လုပ္ႏိုင္ပါတယ္။ ဒါေပမယ့္ အႏၲရာယ္ေတာ့ ရွိေနတုန္းပါပဲ။

၂၀၀၇ ခုႏွစ္ ေနာက္ပိုင္းမွာ နည္းပညာေၾကာင့္ ရက္စက္ယုတ္မာမႈေတြကို ဗြီဒီယို၊ ဓာတ္ပုံေတြအျဖစ္ ႐ိုက္ကူးႏိုင္ခဲ့တယ္လို႔ နာမည္လႊဲနဲ႔ သတင္းသမား ေအာင္ထြဋ္က ေျပာပါတယ္။ သူက ဘားမား ဗြီေဂ် မီဒီယာနဲ႔ အလုပ္လုပ္ခဲ့ဖူးသူပါ။ ၂၀၀၇ ေရႊဝါေရာင္ ေတာ္လွန္ေရး မတိုင္မီ ဒီမီဒီယာကို စခဲ့ၾကတာပါ။ ႏွစ္ေပါင္းမ်ားစြာ ဒီမီဒီယာက ေပ်ာက္ေနခဲ့ၿပီး အာဏာသိမ္းၿပီးတဲ့အခါ ျပန္လည္အသက္ဝင္ လႈပ္ရွားခဲ့ၾကပါတယ္။ စစ္သားေတြက သတင္းသမားေတြကို အၿမဲေစာင့္ၾကည့္ စစ္ေဆးေနတာမို႔ ႏွစ္ဖက္ခၽြန္ဒါးလို ျဖစ္လာပါတယ္လို႔ သူက ဆိုပါတယ္။ အႏၲရာယ္က ေနရာေဒသေပၚမူတည္ ကြဲပါတယ္လို႔ သူက ေျပာပါတယ္။

ျမန္မာျပည္ထဲမွာ သတင္းကို ဆက္လိုက္ေနေသးတဲ့ သတင္းသမားတေယာက္အဖို႔ လုံးဝ လူမသိသူမသိ ေနရပါမယ္။ အိမ္နီးနားခ်င္းေတြေတာင္ အသိခံလို႔ မျဖစ္ပါဘူးလို႔ ဦးေအာင္ထြဋ္က ဆိုပါတယ္။ လြတ္ေျမာက္နယ္ေျမလို႔ ေခၚတဲ့ နယ္စပ္ကို ထြက္သြားႏိုင္ၾကတဲ့ သူေတြကေတာ့ နိစၥဓူဝဘဝမွာ စိတ္ေအးလက္ေအးနဲ႔ အလုပ္လုပ္ႏိုင္ပါတယ္လို႔ ေျပာပါတယ္။

အခက္အခဲေတြ ရွိၾကေပမယ့္ သတင္းစာဆရာေတြဟာ ပိုင္းျဖတ္ခ်က္ရွိရွိနဲ႔ သူတို႔အလုပ္ေတြကို ဆက္လုပ္ေနၾကတာပါ။ “က်ေနာ္သိတဲ့ သတင္းစာဆရာ ေတာ္ေတာ္မ်ားမ်ားက ေနလို႔ရႏုိင္သမွ် ဒီမွာဆက္ေနၾကမယ္လို႔ ယုံယုံၾကည္ၾကည္နဲ႔ အလုပ္လုပ္ေနၾကပါတယ္။ တကယ္ ဘာျဖစ္ေနသလဲဆိုတာကို သူတို႔က သက္ေသအျဖစ္ ျမင္ခ်င္ သိခ်င္ၾကတယ္။” လို႔ Cape Diamond အမည္ဝွက္ ခံယူထားတဲ့ သတင္းစာဆရာက ေျပာပါတယ္။

ဒါေပမယ့္ စစ္ေကာင္စီရဲ႕ပစ္မွတ္ ျဖစ္မလာေအာင္ေတာ့ ႀကိဳးစား ေရွာင္ၾကပါတယ္လို႔ သူက ဝန္ခံပါတယ္။ သတင္းတပုဒ္ ေရးလိုက္တယ္၊ တိုင္းျပည္ကေန ေရွာင္ေနၾကည့္တယ္၊ အေျခအေန ၾကည့္မယ္၊ အစိုးရ ဒါမွမဟုတ္ စစ္တပ္ရဲ႕ တုံ႔ျပန္ပုံက အိုေကဆိုရင္ သူတို႔ ျပန္လာၾကတာပါပဲလို႔ သူက ဗြီအိုေအကို ေျပာပါတယ္။ ျမန္မာမီဒီယာေတြကို ေႏွာင့္ယွက္တာက စစ္တပ္ရဲ႕ စံႏႈန္းတရပ္လို ျဖစ္လာပါတယ္။

“သူတို႔က မဖမ္းဘူးဗ်။ လိုက္ေႏွာင့္ယွက္ေနတာ။ ခင္ဗ်ား ေၾကာက္လာေအာင္ ႀကိဳးစားေနတာ” လို႔ သူက ဆိုပါတယ္။ “လုပ္ခ်င္တာကို ဆက္လုပ္ခ်င္ေနရင္ ခင္ဗ်ား သိပ္မေၾကာက္ေတာ့ပါဘူး။”

အာဏာသိမ္းလိုက္တာေၾကာင့္ သတင္းလြတ္လပ္ခြင့္ဟာ ဆယ္စုတစု ေနာက္ဆုတ္သြားတယ္လို႔ နယ္စည္းမျခား သတင္းသမားမ်ားအဖြဲ႔က သုံးသပ္ပါတယ္။ ၂၀၁၁ ခုႏွစ္အထိ ေခတ္သစ္ ျမန္မာ့သမိုင္းက စစ္တပ္အုပ္ခ်ဳပ္‌ေရးေအာက္မွာ ရွိခဲ့ရတာပါ။ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ NLD ပါတီဟာ ၂၀၁၅ မွာ အမတ္ေနရာ အျပတ္အသတ္နဲ႔ အႏိုင္ရရွိခဲ့ၿပီး အာဏာရရွိခဲ့ပါတယ္။

၂၀၂၀ ‌ေရြးေကာက္ပြဲမွာလည္း NLD ပါတီက အမတ္ေနရာ အျပတ္အသတ္နဲ႔ အႏိုင္ရရွိခဲ့ေပမယ့္ စစ္တပ္က အေျခအျမစ္မဲ့ မဲလိမ္တယ္လို႔ စြပ္စြဲၿပီး ေဖေဖာ္ဝါရီ ၁ ရက္ေန႔မွာ အာဏာသိမ္းခဲ့ပါတယ္။ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ ဦးဝင္းျမင့္တို႔ကို ဖမ္းဆီးခဲ့ပါတယ္။

ျမန္မာႏိုင္ငံမွာ ဘယ္တုန္းကမွ သတင္းလြတ္လပ္ခြင့္ မရွိခဲ့ပါဘူးလို႔ Cape Diamond က ဆိုပါတယ္။ ေဒၚေအာင္ဆန္းစုၾကည္ လက္ထက္မွာေတာင္ မရွိပါဘူးလို႔ ေျပာပါတယ္။ အာဏာသိမ္းတာေၾကာင့္ မီဒီယာရဲ႕ပါဝါက တေၾကာ့ျပန္ ဆန္းသစ္လာပါတယ္လို႔ သူက ထင္ပါတယ္။ သူက ဆက္ေျပာပါတယ္။

“သတင္းစာပညာက တကယ့္ကို အေရးႀကီးတယ္ဆိုတာကို လူေတြက နားလည္လာပါတယ္။ သတင္းစာဆရာေတြက အသံေတြကို ယူလာေပးတယ္၊ အသံေတြကို ျမႇင့္ေပးတယ္ ဆိုတာကို လူေတြ ခု နားလည္လာၾကတယ္။”

တခ်ိန္တည္းမွာပဲ သတင္းစာပညာက ဘယ္လိုအေရးပါတယ္ ဆိုတာကို စစ္ေကာင္စီကလည္း သိပါတယ္။ သူတို႔ဖိႏိုင္သမွ် ဖိေနတာ ဒါေၾကာင့္ပါပဲလို႔ သူက ေျပာပါတယ္။

တခ်ိဳ႕လုပ္ငန္းေတြက ပုံမွန္ ျပန္ျဖစ္လာၾကေပမယ့္ လုံၿခဳံေရးတပ္ေတြက ကားေတြ၊ ထရပ္ကားေတြနဲ႔ ကင္းလွည့္ေနၾကတုန္းပါ။ အရပ္ဝတ္ လက္နက္ကိုင္ေတြကလည္း ရပ္ကြက္ေတြထဲမွာ ေတြ႔ေနၾကရပါတယ္။ ေက်ာင္းေတြနဲ႔ ဘာသာေရးဆိုင္ရာ အေဆာက္အအုံေတြမွာ စစ္သားေတြ စခန္းခ်ေနၾကပါတယ္။ အႏၲရာယ္ကို သူသိပါတယ္။ ဒါေပမယ့္ သူလုပ္ႏိုင္သမွ် ဆက္လုပ္မယ္လို႔ ဗြီအိုေအကို ေျပာပါတယ္။

“စစ္ျဖစ္ေနတဲ့ဇုန္ထဲ ေရာက္ေနတယ္လို႔ ခင္ဗ်ား ခံစားရပါလိမ့္မယ္။ ကင္းလွည့္ေနတဲ့အခါ သူတို႔က ေသနတ္ေတြကို ကိုင္ထားၾကတယ္။ အသင့္အေနအထား ခ်ိန္ထားၾကတယ္။ ပစ္ဖို႔ အသင့္ပဲ။”

“လမ္းေပၚမွာ က်ေနာ့္ကို လာမပစ္မခ်င္း က်ေနာ္ကေတာ့ ဒီမွာ ဆက္ရွိေနပါမယ္။” လို႔ သူက ေျပာပါတယ္။

----------------------

(Unicode)

စစ်အာဏာသိမ်း မြန်မာနိုင်ငံက သတင်းသမားတွေရဲ့ အခက်အခဲ

စစ်အာဏာသိမ်းပြီး ၈ လအကြာမှာ မြန်မာ့သတင်းစာဆရာတွေရဲ့ ဘဝက ပိုလို့ပိုလို့ ခက်ခဲလာနေပါတယ်လို့ ဒေသခံ သတင်းထောက်တွေက ပြောပါတယ်။

အာဏာကိုသိမ်းပြီး၊ ရွေးကောက်တင်မြှောက်ခံ အစိုးရကို ဖြုတ်ချလိုက်ပြီးချိန်က စပြီး စစ်တပ်ဟာ သတင်းတွေအပေါ်မှာ ထိန်းချုပ်နိုင်ဖို့ ဆောင်ရွက်ခဲ့တာပါ။ လူမှုမီဒီယာတွေနဲ့ အင်တာနက်ကို ဝင်လို့မရအောင် ပိတ်ပါတယ်။ အနည်းဆုံး သတင်းစာ မီဒီယာ ၅ ခုရဲ့ လိုင်စင်ကို ရုပ်သိမ်းလိုက်ပါတယ်။

တနိုင်ငံလုံးက စစ်ကောင်စီကို ဆန့်ကျင်ကြတဲ့ ဆန္ဒပြပွဲတွေကို သတင်းရေးကြတဲ့ သတင်းစာဆရာတွေကို အာဏာပိုင်တွေက ထိန်းသိမ်းလိုက်ပါတယ်။ အဲဒီနောက်ပိုင်းလတွေမှာတော့ မီဒီယာတွေဟာ သူတို့ လုပ်ကိုင်ဆောင်ရွက်ပုံကို ပြန်လည်ဖွဲ့စည်း စီစဉ်ကြရပါတယ်။ အွန်လိုင်းကနေ အလုပ်လုပ်ကြရသလို တချို့ကလည်း နယ်စပ်နဲ့ ပြည်ပကိုထွက်ပြီး အလုပ်လုပ်ကြရပါတယ်။

အိမ်ထဲမှာ ၇ လလုံးလုံး နေပြီး အွန်လိုင်းက အလုပ်လုပ်ခဲ့ရတယ်လို့ ရန်ကုန်အခြေစိုက် Red သတင်းဌာနက သတင်းထောက် ဦးဝင်းဇော်နိုင်က ဆိုပါတယ်။

“သတင်းဖြစ်တဲ့နေရာမှာ သတင်းလိုက်လို့ ခုနေအခါမှာ မဖြစ်နိုင်သလောက်ပါပဲ။ အိမ်ကလည်း မထွက်ခဲ့သလို ဘယ်သူ့ကိုမှလည်း မတွေ့ခဲ့ပါဘူး။ ဒါပေမယ့် ကျနော် အွန်လိုင်းကပဲ အလုပ်လုပ်တယ်။ ဖုန်းပဲခေါ်ပါတယ်” လို့ ဗွီအိုအေကို ပြောပါတယ်။

ဖေဖော်ဝါရီ ၁ ရက်ကနေ စက်တင်ဘာလ ၂၇ ရက်နေ့အထိ အနည်းဆုံး သတင်းစာဆရာ ၁၀၂ ယောက်ကို ဖမ်းဆီးခဲ့ပြီး အနည်းဆုံး ၄၈ ယောက်ဟာ ခုထိ အထိန်းသိမ်းခံနေရဆဲ ဖြစ်ပါတယ်။ အများစုကို ၅၀၅ (က) နဲ့ စွဲဆိုထားပါတယ်။ လူအများ ကြောက်ရွံ့အောင် အစိုးရကို ဆန့်ကျင်လာအောင် သတင်းအမှားတွေကို ဖြန့်တာဆိုပြီး ပုဒ်မတပ်ခဲ့တာပါ။ အပြစ်ရှိတယ်လို့ တရားရုံးက ဆုံးဖြတ်ရင် ထောင်ဒဏ် ၃ နှစ်အထိ အပြစ်ပေးခံကြရမှာပါ။

ဒါပေမယ့် သတင်းစာဆရာတွေအပေါ် ကန့်သတ်တယ်ဆိုတာကို စစ်တပ်က ငြင်းဆိုပါတယ်။ “မီဒီယာလွတ်လပ်ခွင့်ကို လေးစား တန်ဖိုးထားပါတယ်” လို့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက မတ်လအတွင်းက ပြောခဲ့ပါတယ်။ “သတင်းသမားတယောက်က သတင်းသမားအလုပ်ကိုပဲ လုပ်မယ်ဆိုရင် သူတို့ကို ဖမ်းစရာအကြောင်း မရှိဘူး။” လို့ ဖမ်းဆီးထားတဲ့ အမေရိကန် သတင်းစာဆရာ Danny Fenster နဲ့ ဆက်စပ်လို့ သူက ပြီးခဲ့တဲ့အပတ်မှာ ပြောခဲ့ပါတယ်။

Frontier Myanmar ရဲ့ စီမံခန့်ခွဲမှုအယ်ဒီတာ Fenster ကို မေလ ၂၄ ရက်ကတည်းက ဖမ်းဆီးထားခဲ့တာပါ။ အမေရိကန်နိုင်ငံက ဒီထရိုက်မြို့ကို ပြန်ဖို့ လေယာဉ်အတက်မှာ ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။ သူ့ကို Myanmar Now နဲ့ပတ်သက်လို့ ဖမ်းဆီးတယ်လို့ အောက်တိုဘာ ၁၅ ရက်နေ့က ရုံးအထုတ်မှာ တရားသူကြီးက ဆိုကြောင်း သူ့ရဲ့ရှေ့နေ ဦးသန်းဇော်အောင်က ပြောပါတယ်။ Myanmar Now ရဲ့ လိုင်စင်ကို ရုပ်သိမ်းပြီး ဖြစ်ပေမယ့် သတင်းတွေကို အွန်လိုင်းပေါ်ကို ဆက်လက်တင်နေတာကြောင့် ဖြစ်တယ်လို့ အကြောင်းပြတယ်လို့ ဆိုပါတယ်။

“အစိုးရ ဆွဲချတွေက Danny Fenster ဟာ မတ်လ ၂၀၂၁ မှာ Myanmar Now အတွက် အလုပ်လုပ်နေတယ်လို့ စွပ်စွဲနေတာ စိတ်ပျက်စရာကောင်းပါတယ်။ တကယ့်အဖြစ်ကတော့ အဲဒီ ၇ လမတိုင်မီကတည်းက Frontier ကို သူက ပြောင်းလာခဲ့တာပါ” လို့ Frontier ရဲ့ အယ်ဒီတာချုပ် Thomas Kean က အေပီသတင်းဌာနကို စာနဲ့ပြောပါတယ်။

အဲဒီလို အဖမ်းအဆီး အန္တရာယ်တွေက တိုးလာတာကြောင့် တချို့သတင်းသမားတွေက လျှော့ပေးလိုက်ကြပါတယ်လို့ ဦးဝင်းဇော်နိုင်က ဆိုပါတယ်။ “မြန်မာနိုင်ငံမှာ သတင်းသမားတွေအတွက် လုံခြုံရေးက အဓိကအားဖြင့် မရှိတော့ပါဘူး။ အဖမ်းခံလိုက်ရတဲ့အခါ သတင်းထောက်အလုပ် မလုပ်တော့ဘူးလို့ ပြောနိုင်ဖို့ ခု သူတို့ ပြင်ဆင်ထားကြပါပြီ” လို့ သူက ပြောပါတယ်။

သတင်းတွေရေးတာ အဖမ်းခံရမယ့် လက်မှတ်ပါပဲလို့ ဒီမိုကရက်တစ် မြန်မာ့အသံ (ဒီဗွီဘီ) ရဲ့ အယ်ဒီတာချုပ် ဦးအေးချမ်းနိုင်က ဗွီအိုအေကို ဇူလိုင်လက ပြောပါတယ်။ ဒီဗွီဘီကလည်း လိုင်စင်အရုပ်သိမ်းခံရတဲ့ မီဒီယာတွေထဲမှာ တခုအဖြစ် ပါပေတာပေါ့။

နည်းပညာပိုင်းဆိုင်ရာ တိုးတက်မှုကြောင့် မြန်မာ့မီဒီယာတွေဟာ သတင်းလုပ်ငန်းကို ဆက်လက်လုပ်နိုင်ပါတယ်။ ဒါပေမယ့် အန္တရာယ်တော့ ရှိနေတုန်းပါပဲ။

၂၀၀၇ ခုနှစ် နောက်ပိုင်းမှာ နည်းပညာကြောင့် ရက်စက်ယုတ်မာမှုတွေကို ဗွီဒီယို၊ ဓာတ်ပုံတွေအဖြစ် ရိုက်ကူးနိုင်ခဲ့တယ်လို့ နာမည်လွှဲနဲ့ သတင်းသမား အောင်ထွဋ်က ပြောပါတယ်။ သူက ဘားမား ဗွီဂျေ မီဒီယာနဲ့ အလုပ်လုပ်ခဲ့ဖူးသူပါ။ ၂၀၀၇ ရွှေဝါရောင် တော်လှန်ရေး မတိုင်မီ ဒီမီဒီယာကို စခဲ့ကြတာပါ။ နှစ်ပေါင်းများစွာ ဒီမီဒီယာက ပျောက်နေခဲ့ပြီး အာဏာသိမ်းပြီးတဲ့အခါ ပြန်လည်အသက်ဝင် လှုပ်ရှားခဲ့ကြပါတယ်။ စစ်သားတွေက သတင်းသမားတွေကို အမြဲစောင့်ကြည့် စစ်ဆေးနေတာမို့ နှစ်ဖက်ချွန်ဒါးလို ဖြစ်လာပါတယ်လို့ သူက ဆိုပါတယ်။ အန္တရာယ်က နေရာဒေသပေါ်မူတည် ကွဲပါတယ်လို့ သူက ပြောပါတယ်။

မြန်မာပြည်ထဲမှာ သတင်းကို ဆက်လိုက်နေသေးတဲ့ သတင်းသမားတယောက်အဖို့ လုံးဝ လူမသိသူမသိ နေရပါမယ်။ အိမ်နီးနားချင်းတွေတောင် အသိခံလို့ မဖြစ်ပါဘူးလို့ ဦးအောင်ထွဋ်က ဆိုပါတယ်။ လွတ်မြောက်နယ်မြေလို့ ခေါ်တဲ့ နယ်စပ်ကို ထွက်သွားနိုင်ကြတဲ့ သူတွေကတော့ နိစ္စဓူဝဘဝမှာ စိတ်အေးလက်အေးနဲ့ အလုပ်လုပ်နိုင်ပါတယ်လို့ ပြောပါတယ်။

အခက်အခဲတွေ ရှိကြပေမယ့် သတင်းစာဆရာတွေဟာ ပိုင်းဖြတ်ချက်ရှိရှိနဲ့ သူတို့အလုပ်တွေကို ဆက်လုပ်နေကြတာပါ။ “ကျနော်သိတဲ့ သတင်းစာဆရာ တော်တော်များများက နေလို့ရနိုင်သမျှ ဒီမှာဆက်နေကြမယ်လို့ ယုံယုံကြည်ကြည်နဲ့ အလုပ်လုပ်နေကြပါတယ်။ တကယ် ဘာဖြစ်နေသလဲဆိုတာကို သူတို့က သက်သေအဖြစ် မြင်ချင် သိချင်ကြတယ်။” လို့ Cape Diamond အမည်ဝှက် ခံယူထားတဲ့ သတင်းစာဆရာက ပြောပါတယ်။

ဒါပေမယ့် စစ်ကောင်စီရဲ့ပစ်မှတ် ဖြစ်မလာအောင်တော့ ကြိုးစား ရှောင်ကြပါတယ်လို့ သူက ဝန်ခံပါတယ်။ သတင်းတပုဒ် ရေးလိုက်တယ်၊ တိုင်းပြည်ကနေ ရှောင်နေကြည့်တယ်၊ အခြေအနေ ကြည့်မယ်၊ အစိုးရ ဒါမှမဟုတ် စစ်တပ်ရဲ့ တုံ့ပြန်ပုံက အိုကေဆိုရင် သူတို့ ပြန်လာကြတာပါပဲလို့ သူက ဗွီအိုအေကို ပြောပါတယ်။ မြန်မာမီဒီယာတွေကို နှောင့်ယှက်တာက စစ်တပ်ရဲ့ စံနှုန်းတရပ်လို ဖြစ်လာပါတယ်။

“သူတို့က မဖမ်းဘူးဗျ။ လိုက်နှောင့်ယှက်နေတာ။ ခင်ဗျား ကြောက်လာအောင် ကြိုးစားနေတာ” လို့ သူက ဆိုပါတယ်။ “လုပ်ချင်တာကို ဆက်လုပ်ချင်နေရင် ခင်ဗျား သိပ်မကြောက်တော့ပါဘူး။”

အာဏာသိမ်းလိုက်တာကြောင့် သတင်းလွတ်လပ်ခွင့်ဟာ ဆယ်စုတစု နောက်ဆုတ်သွားတယ်လို့ နယ်စည်းမခြား သတင်းသမားများအဖွဲ့က သုံးသပ်ပါတယ်။ ၂၀၁၁ ခုနှစ်အထိ ခေတ်သစ် မြန်မာ့သမိုင်းက စစ်တပ်အုပ်ချုပ်‌ရေးအောက်မှာ ရှိခဲ့ရတာပါ။ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ပါတီဟာ ၂၀၁၅ မှာ အမတ်နေရာ အပြတ်အသတ်နဲ့ အနိုင်ရရှိခဲ့ပြီး အာဏာရရှိခဲ့ပါတယ်။

၂၀၂၀ ‌ရွေးကောက်ပွဲမှာလည်း NLD ပါတီက အမတ်နေရာ အပြတ်အသတ်နဲ့ အနိုင်ရရှိခဲ့ပေမယ့် စစ်တပ်က အခြေအမြစ်မဲ့ မဲလိမ်တယ်လို့ စွပ်စွဲပြီး ဖေဖော်ဝါရီ ၁ ရက်နေ့မှာ အာဏာသိမ်းခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးဝင်းမြင့်တို့ကို ဖမ်းဆီးခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ ဘယ်တုန်းကမှ သတင်းလွတ်လပ်ခွင့် မရှိခဲ့ပါဘူးလို့ Cape Diamond က ဆိုပါတယ်။ ဒေါ်အောင်ဆန်းစုကြည် လက်ထက်မှာတောင် မရှိပါဘူးလို့ ပြောပါတယ်။ အာဏာသိမ်းတာကြောင့် မီဒီယာရဲ့ပါဝါက တကြော့ပြန် ဆန်းသစ်လာပါတယ်လို့ သူက ထင်ပါတယ်။ သူက ဆက်ပြောပါတယ်။

“သတင်းစာပညာက တကယ့်ကို အရေးကြီးတယ်ဆိုတာကို လူတွေက နားလည်လာပါတယ်။ သတင်းစာဆရာတွေက အသံတွေကို ယူလာပေးတယ်၊ အသံတွေကို မြှင့်ပေးတယ် ဆိုတာကို လူတွေ ခု နားလည်လာကြတယ်။”

တချိန်တည်းမှာပဲ သတင်းစာပညာက ဘယ်လိုအရေးပါတယ် ဆိုတာကို စစ်ကောင်စီကလည်း သိပါတယ်။ သူတို့ဖိနိုင်သမျှ ဖိနေတာ ဒါကြောင့်ပါပဲလို့ သူက ပြောပါတယ်။

တချို့လုပ်ငန်းတွေက ပုံမှန် ပြန်ဖြစ်လာကြပေမယ့် လုံခြုံရေးတပ်တွေက ကားတွေ၊ ထရပ်ကားတွေနဲ့ ကင်းလှည့်နေကြတုန်းပါ။ အရပ်ဝတ် လက်နက်ကိုင်တွေကလည်း ရပ်ကွက်တွေထဲမှာ တွေ့နေကြရပါတယ်။ ကျောင်းတွေနဲ့ ဘာသာရေးဆိုင်ရာ အဆောက်အအုံတွေမှာ စစ်သားတွေ စခန်းချနေကြပါတယ်။ အန္တရာယ်ကို သူသိပါတယ်။ ဒါပေမယ့် သူလုပ်နိုင်သမျှ ဆက်လုပ်မယ်လို့ ဗွီအိုအေကို ပြောပါတယ်။

“စစ်ဖြစ်နေတဲ့ဇုန်ထဲ ရောက်နေတယ်လို့ ခင်ဗျား ခံစားရပါလိမ့်မယ်။ ကင်းလှည့်နေတဲ့အခါ သူတို့က သေနတ်တွေကို ကိုင်ထားကြတယ်။ အသင့်အနေအထား ချိန်ထားကြတယ်။ ပစ်ဖို့ အသင့်ပဲ။”

“လမ်းပေါ်မှာ ကျနော့်ကို လာမပစ်မချင်း ကျနော်ကတော့ ဒီမှာ ဆက်ရှိနေပါမယ်။” လို့ သူက ပြောပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG