သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ဖမ္းဆီးခံ ကန္သတင္းေထာက္ကို MyanmarNow နဲ႔ အမႈတြဲစြဲတင္


Frontier Myanmar အုပ္ခ်ဳပ္မႈ အယ္ဒီတာ Denny Fenster (ဓာတ္ပုံ - Frontier Myanmar / CPJ)

(Zawgyi / Unicode)

စစ္ေကာင္စီက ဖမ္းထားတာ ၅ လနီးပါးရွိၿပီျဖစ္တဲ့ အေမရိကန္ သတင္းသမား Danny Fenster ဟာ အရင္က သူလုပ္ခဲ့ဖူးတဲ့ Myanmar Now သတင္းဌာနရဲ႕ သတင္းေဖာ္ျပမႈေတြနဲ႔ ဆက္စပ္ၿပီး တရားစြဲဆိုခံထားရတာ ျဖစ္တဲ့အေၾကာင္း သူ႔ရဲ႕ေရွ႕ေနက ေျပာတယ္လို႔ ေအပီသတင္းတပုဒ္မွာ ေရးထားပါတယ္။

Danny Fenster ဟာ Myanmar Now မွာ ၂၀၂၀ ျပည့္ႏွစ္ ဇူလိုင္လအထိ သတင္းေထာက္နဲ႔ ေကာ္ပီအယ္ဒီတာအျဖစ္ လုပ္ကိုင္ခဲ့ၿပီးေတာ့ ၾသဂုတ္လကစၿပီး Frontier Myanmar သတင္းဌာနမွာ အမႈေဆာင္အယ္ဒီတာအျဖစ္ ေျပာင္းေရႊ႕ လုပ္ကိုင္ခဲ့တာပါ။

Myanmar Now သတင္းဌာနဟာ လုပ္ငန္းလိုင္စင္ ႐ုပ္သိမ္းခံရၿပီးတဲ့ေနာက္မွာကို စစ္အာဏာသိမ္းမႈ ဆန႔္က်င္တဲ့ အဖြဲ႔အစည္းေတြရဲ႕ လုပ္ေဆာင္ခ်က္ေတြနဲ႔ ပတ္သက္ၿပီး ဆက္ၿပီး ေရးသားေဖာ္ျပေနတယ္လို႔ ေသာၾကာေန႔ ႐ုံးခ်ိန္းမွာ တရားသူႀကီးက Danny Fenster ကို ေျပာခဲ့တဲ့အေၾကာင္း ေရွ႕ေနျဖစ္သူ ဦးသန္းေဇာ္ေအာင္က ေအပီကို ေျပာပါတယ္။

Myanmar Now ရဲ႕ သတင္းေရးသား ေဖာ္ျပခ်က္ေတြအတြက္ အယ္ဒီတာခ်ဳပ္ျဖစ္သူ ကိုေဆြဝင္းနဲ႔အတူ Fenster ကို တရားစြဲဆိုထားတဲ့ အေၾကာင္းလည္း တရားသူႀကီးက ေျပာပါတယ္။

Frontier Myanmar ရဲ႕ အယ္ဒီတာခ်ဳပ္ Thomas Kean က "Danny ဟာ ၂၀၂၁ ခုႏွစ္ မတ္လအထိ Myanmar Now မွာ လုပ္ေနခဲ့တယ္လို႔ တရားလိုဘက္က စြပ္စြဲတာ စိတ္ပ်က္စရာပါ။ တကယ္တမ္းက သူဟာ အဲဒီအခ်ိန္မတိုင္ခင္ ၇ လၾကာကတည္းက အဲဒီကေနထြက္ၿပီး Frontier မွာ လုပ္ေနပါၿပီ" လို႔ ေသာၾကာေန႔ကပဲ စာနဲ႔ ေျပာခဲ့ပါတယ္။

"စကတည္းကိုက သူ႔ကို မဖမ္းခဲ့သင့္ဘူး၊ သူ႔မိသားစုဆီ ျပန္လို႔ရေအာင္ သူ႔အေပၚ စြဲခ်က္ေတြကို ပယ္ဖ်က္သင့္တယ္ဆိုတာ အဲဒီအခ်က္က ျပေနပါတယ္" လို႔လည္း Thomas Kean က ေျပာပါတယ္။

Danny Fenster အေပၚ ပုဒ္မ ၅၀၅ (က)၊ ပုဒ္မ ၁၇ (၁) တို႔နဲ႔ တရားစြဲထားၿပီးေတာ့ ပုဒ္မႏွစ္ခုလုံးကို က်ဴးလြန္တယ္လို႔ တရား႐ုံးက ဆုံးျဖတ္ရင္ ေထာင္ဒဏ္ ၅ ႏွစ္ကေန ၆ ႏွစ္အထိ ခ်မွတ္ခံရႏိုင္ပါတယ္။

သူ႔ကို အာမခံေပးဖို႔အတြက္ ေလွ်ာက္ထားတဲ့အေပၚ ႏွစ္ဖက္လုံးက ေလွ်ာက္လဲခ်က္ ေပးထားၿပီး ေအာက္တိုဘာလ ၂၇ ရက္ေန႔ ႐ုံးခ်ိန္းမွာ ဆုံးျဖတ္မယ္လို႔ ခန႔္မွန္းထားေၾကာင္း တရားလႊတ္ေတာ္ေရွ႕ေန ဦးသန္းေဇာ္ေအာင္က ေျပာပါတယ္။ Fenster ရဲ႕က်န္းမာေရး ေကာင္းတယ္လို႔လည္း သူကေျပာပါတယ္။

Danny Fenster ကို ျပန္လႊတ္ေပးဖို႔ သူ႔မိသားစု၊ အေမရိကန္အစိုးရနဲ႔ သတင္းလြတ္လပ္ခြင့္ဆိုင္ရာ အဖြဲ႔အစည္းေတြက အႀကိမ္ႀကိမ္ ေတာင္းဆိုထားပါတယ္။

စစ္ေကာင္စီေျပာခြင့္ရ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းကေတာ့ Danny Fenster ဟာ သတင္းသမားအလုပ္ထက္ ပိုလုပ္ခဲ့တယ္လို႔ သတင္းစာရွင္းလင္းပြဲ တခုအတြင္း ေျပာခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္

--------------------

(Unicode)

ဖမ်းဆီးခံ ကန်သတင်းထောက်ကို MyanmarNow နဲ့ အမှုတွဲစွဲတင်

စစ်ကောင်စီက ဖမ်းထားတာ ၅ လနီးပါးရှိပြီဖြစ်တဲ့ အမေရိကန် သတင်းသမား Danny Fenster ဟာ အရင်က သူလုပ်ခဲ့ဖူးတဲ့ Myanmar Now သတင်းဌာနရဲ့ သတင်းဖော်ပြမှုတွေနဲ့ ဆက်စပ်ပြီး တရားစွဲဆိုခံထားရတာ ဖြစ်တဲ့အကြောင်း သူ့ရဲ့ရှေ့နေက ပြောတယ်လို့ အေပီသတင်းတပုဒ်မှာ ရေးထားပါတယ်။

Danny Fenster ဟာ Myanmar Now မှာ ၂၀၂၀ ပြည့်နှစ် ဇူလိုင်လအထိ သတင်းထောက်နဲ့ ကော်ပီအယ်ဒီတာအဖြစ် လုပ်ကိုင်ခဲ့ပြီးတော့ သြဂုတ်လကစပြီး Frontier Myanmar သတင်းဌာနမှာ အမှုဆောင်အယ်ဒီတာအဖြစ် ပြောင်းရွှေ့ လုပ်ကိုင်ခဲ့တာပါ။

Myanmar Now သတင်းဌာနဟာ လုပ်ငန်းလိုင်စင် ရုပ်သိမ်းခံရပြီးတဲ့နောက်မှာကို စစ်အာဏာသိမ်းမှု ဆန့်ကျင်တဲ့ အဖွဲ့အစည်းတွေရဲ့ လုပ်ဆောင်ချက်တွေနဲ့ ပတ်သက်ပြီး ဆက်ပြီး ရေးသားဖော်ပြနေတယ်လို့ သောကြာနေ့ ရုံးချိန်းမှာ တရားသူကြီးက Danny Fenster ကို ပြောခဲ့တဲ့အကြောင်း ရှေ့နေဖြစ်သူ ဦးသန်းဇော်အောင်က အေပီကို ပြောပါတယ်။

Myanmar Now ရဲ့ သတင်းရေးသား ဖော်ပြချက်တွေအတွက် အယ်ဒီတာချုပ်ဖြစ်သူ ကိုဆွေဝင်းနဲ့အတူ Fenster ကို တရားစွဲဆိုထားတဲ့ အကြောင်းလည်း တရားသူကြီးက ပြောပါတယ်။

Frontier Myanmar ရဲ့ အယ်ဒီတာချုပ် Thomas Kean က "Danny ဟာ ၂၀၂၁ ခုနှစ် မတ်လအထိ Myanmar Now မှာ လုပ်နေခဲ့တယ်လို့ တရားလိုဘက်က စွပ်စွဲတာ စိတ်ပျက်စရာပါ။ တကယ်တမ်းက သူဟာ အဲဒီအချိန်မတိုင်ခင် ၇ လကြာကတည်းက အဲဒီကနေထွက်ပြီး Frontier မှာ လုပ်နေပါပြီ" လို့ သောကြာနေ့ကပဲ စာနဲ့ ပြောခဲ့ပါတယ်။

"စကတည်းကိုက သူ့ကို မဖမ်းခဲ့သင့်ဘူး၊ သူ့မိသားစုဆီ ပြန်လို့ရအောင် သူ့အပေါ် စွဲချက်တွေကို ပယ်ဖျက်သင့်တယ်ဆိုတာ အဲဒီအချက်က ပြနေပါတယ်" လို့လည်း Thomas Kean က ပြောပါတယ်။

Danny Fenster အပေါ် ပုဒ်မ ၅၀၅ (က)၊ ပုဒ်မ ၁၇ (၁) တို့နဲ့ တရားစွဲထားပြီးတော့ ပုဒ်မနှစ်ခုလုံးကို ကျူးလွန်တယ်လို့ တရားရုံးက ဆုံးဖြတ်ရင် ထောင်ဒဏ် ၅ နှစ်ကနေ ၆ နှစ်အထိ ချမှတ်ခံရနိုင်ပါတယ်။

သူ့ကို အာမခံပေးဖို့အတွက် လျှောက်ထားတဲ့အပေါ် နှစ်ဖက်လုံးက လျှောက်လဲချက် ပေးထားပြီး အောက်တိုဘာလ ၂၇ ရက်နေ့ ရုံးချိန်းမှာ ဆုံးဖြတ်မယ်လို့ ခန့်မှန်းထားကြောင်း တရားလွှတ်တော်ရှေ့နေ ဦးသန်းဇော်အောင်က ပြောပါတယ်။ Fenster ရဲ့ကျန်းမာရေး ကောင်းတယ်လို့လည်း သူကပြောပါတယ်။

Danny Fenster ကို ပြန်လွှတ်ပေးဖို့ သူ့မိသားစု၊ အမေရိကန်အစိုးရနဲ့ သတင်းလွတ်လပ်ခွင့်ဆိုင်ရာ အဖွဲ့အစည်းတွေက အကြိမ်ကြိမ် တောင်းဆိုထားပါတယ်။

စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ Danny Fenster ဟာ သတင်းသမားအလုပ်ထက် ပိုလုပ်ခဲ့တယ်လို့ သတင်းစာရှင်းလင်းပွဲ တခုအတွင်း ပြောခဲ့ပါတယ်။

XS
SM
MD
LG