သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

Denny Fenster ကို ခ်က္ခ်င္းျပန္လႊတ္ေရး ကန္ ဆက္လက္ ဖိအားေပးမည္


Danny Fenster ၊ သူ႔မိခင္ Rose ႏွင့္ အကို Bryan (Courtesy Fenster family)

[ Zawgyi ]

ျမန္မာအာဏာသိမ္းစစ္ေကာင္စီက အေမရိကန္သတင္းေထာက္ Danny Fenster ကိုဆက္လက္ဖမ္းဆီးထားတဲ့အေပၚ လြန္စြာမွစိုးရိမ္မကင္းျဖစ္မိတယ္လို႔ အေမရိကန္ႏိုင္ငံျခားေရး၀န္ႀကီး ဌာနေျပာေရးဆိုခြင့္ရွိသူက ၾကာသာပေတးေန႔မွာ ေျပာဆိုလိုက္ပါတယ္။

အေမရိကန္ႏိုင္ငံသားေတြရဲ႕လုံျခဳံေရးဟာ အေမရိကန္အစိုးရရဲ႕ အျမင့္ဆုံးဦးစားေပးကိစၥရပ္ေတြထဲကတခုျဖစ္ေၾကာင္းနဲ႕။ ဖမ္းဆီးခံထားရတဲ့ Danny ရဲ႕အေျခအေနေတြကို အနီးကပ္ေစာင့္ၾကည့္ေနတယ္လို႔ ေျပာေရးဆိုခြင့္ရွိသူက VOA ကို ေျပာဆိုပါတယ္။

Danny Fenster ကိုခ်က္ျခင္းလႊတ္ေပးဖို႔ အေမရိကန္အစိုးရအေနနဲ႕ ျမန္မာအာဏာသိမ္းစစ္ေကာင္စီကို ဆက္လက္ဖိအားေပးသြားမွာျဖစ္ၿပီး၊ သူ႔အေနနဲ႕မိသားစုထံကို လုံလုံျခဳံျခဳံျပန္လည္ေရာက္ရွိတဲ့အထိ အေမရိကန္အစိုးရအေနနဲ႕ဆက္လက္ေဆာင္ရြက္သြားမယ္လို႔ ႏိုင္ငံျခားေရး၀န္ႀကီးဌာနေျပာေရးဆိုခြင့္ရွိသူကေျပာဆိုပါတယ္။

Danny Fenster နဲ႕ အျခားသတင္းသမားေတြကိုဖမ္းဆီးထားတာဟာ ျမန္မာႏိုင္ငံအေနနဲ႕ လူ႔အခြင့္အေရးခ်ိဳးေဖါက္မႈေတြနဲ႕ လူသားျခင္းစာနာမႈဆိုင္ရာအက်ပ္အတည္းေတြကို ဆက္လက္ရင္ဆိုင္ေနရတယ္ဆိုတာကိုေဖၚျပေနတယ္လို႔ေျပာဆိုပါတယ္။ သတင္းနဲ႕စာနယ္ဇင္းအလုပ္ဟာ ရာဇ၀တ္မႈမဟုတ္ေၾကာင္း၊ သတင္းသမားေတြအေပၚ အၾကမ္းဖက္တိုက္ခိုက္ဖမ္းဆီးတာဟာ လြတ္လပ္စြာေဖၚျပခြင့္ကို တိုက္ခိုက္တာဘဲျဖစ္ေၾကာင္းနဲ႕ လက္ခံႏိုင္စရာမရွိေၾကာင္းကိုလည္းေျပာဆိုပါတယ္။

စက္တင္ဘာလ ၂၁ ရက္ေန႔ အဂၤါေန႔ တုန္းက Danny Fenster နဲ႕ ဆက္သြယ္စကားေျပာခဲ့ရေၾကာင္း၊ မိဘေတြနဲ႕တကြ မိသားစုအေနနဲ႕ စိုးရိမ္ပူပန္ေနေၾကာင္း လာမယ့္ေအာက္တိုဘာလ ၄ ရက္ေန႔ သူ႔ရဲ႕႐ုံးခ်ိန္းအတြက္ေစာင့္ေမွ်ာ္ေနၾကတယ္လို႔ Danny Fenster ရဲ႕ အကို Bryan Fenster ကလည္း VOA ကိုေျပာဆိုခဲ့ပါတယ္။

[ Unicode ]

Denny Fenster ကို ချက်ချင်းပြန်လွှတ်ရေး ကန် ဆက်လက် ဖိအားပေးမည်

မြန်မာအာဏာသိမ်းစစ်ကောင်စီက အမေရိကန်သတင်းထောက် Danny Fenster ကိုဆက်လက်ဖမ်းဆီးထားတဲ့အပေါ် လွန်စွာမှစိုးရိမ်မကင်းဖြစ်မိတယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဌာနပြောရေးဆိုခွင့်ရှိသူက ကြာသာပတေးနေ့မှာ ပြောဆိုလိုက်ပါတယ်။

အမေရိကန်နိုင်ငံသားတွေရဲ့လုံခြုံရေးဟာ အမေရိကန်အစိုးရရဲ့ အမြင့်ဆုံးဦးစားပေးကိစ္စရပ်တွေထဲကတခုဖြစ်ကြောင်းနဲ့။ ဖမ်းဆီးခံထားရတဲ့ Danny ရဲ့အခြေအနေတွေကို အနီးကပ်စောင့်ကြည့်နေတယ်လို့ ပြောရေးဆိုခွင့်ရှိသူက VOA ကို ပြောဆိုပါတယ်။

Danny Fenster ကိုချက်ခြင်းလွှတ်ပေးဖို့ အမေရိကန်အစိုးရအနေနဲ့ မြန်မာအာဏာသိမ်းစစ်ကောင်စီကို ဆက်လက်ဖိအားပေးသွားမှာဖြစ်ပြီး၊ သူ့အနေနဲ့မိသားစုထံကို လုံလုံခြုံခြုံပြန်လည်ရောက်ရှိတဲ့အထိ အမေရိကန်အစိုးရအနေနဲ့ဆက်လက်ဆောင်ရွက်သွားမယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူကပြောဆိုပါတယ်။

Danny Fenster နဲ့ အခြားသတင်းသမားတွေကိုဖမ်းဆီးထားတာဟာ မြန်မာနိုင်ငံအနေနဲ့ လူ့အခွင့်အရေးချိုးဖေါက်မှုတွေနဲ့ လူသားခြင်းစာနာမှုဆိုင်ရာအကျပ်အတည်းတွေကို ဆက်လက်ရင်ဆိုင်နေရတယ်ဆိုတာကိုဖေါ်ပြနေတယ်လို့ပြောဆိုပါတယ်။ သတင်းနဲ့စာနယ်ဇင်းအလုပ်ဟာ ရာဇဝတ်မှုမဟုတ်ကြောင်း၊ သတင်းသမားတွေအပေါ် အကြမ်းဖက်တိုက်ခိုက်ဖမ်းဆီးတာဟာ လွတ်လပ်စွာဖေါ်ပြခွင့်ကို တိုက်ခိုက်တာဘဲဖြစ်ကြောင်းနဲ့ လက်ခံနိုင်စရာမရှိကြောင်းကိုလည်းပြောဆိုပါတယ်။

စက်တင်ဘာလ ၂၁ ရက်နေ့ အင်္ဂါနေ့ တုန်းက Danny Fenster နဲ့ ဆက်သွယ်စကားပြောခဲ့ရကြောင်း၊ မိဘတွေနဲ့တကွ မိသားစုအနေနဲ့ စိုးရိမ်ပူပန်နေကြောင်း လာမယ့်အောက်တိုဘာလ ၄ ရက်နေ့ သူ့ရဲ့ရုံးချိန်းအတွက်စောင့်မျှော်နေကြတယ်လို့ Danny Fenster ရဲ့ အကို Bryan Fenster ကလည်း VOA ကိုပြောဆိုခဲ့ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG