သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ျမန္မာႏိုင္ငံမွာ သတင္းသမားေတြအေပၚ ဖိႏွိပ္မႈ RSF သတိေပး


RSF

{{Zawgyi/Unicode}}

ျမန္မာႏိုင္ငံမွာ သတင္းေထာက္ေတြကို ဖမ္းဆီးအက်ဥ္းခ်ထားၿပီး၊ ျပင္ပနဲ႕လည္းအဆက္အသြယ္မရေအာင္ျဖတ္ေထာက္ထားတာေတြကိုၾကည့္ျခင္းအားျဖင့္ ျမန္မာအာဏာသိမ္းစစ္ေကာင္စီဟာ သတင္းသမားေတြအေပၚ အျပင္းအထန္ဖိႏွပ္မႈေတြ လုပ္ေနတယ္ဆိုတာေပၚလြင္ေၾကာင္း နဲ႕ ျမန္မာစစ္ေကာင္စီကို ႏိုင္ငံတကာအသိုင္းအဝိုင္းက ပိတ္ဆို႔အေရးယူမႈေတြလုပ္ဖို႔ လိုအပ္တယ္လို႔ RSF ေခၚ နယ္စည္းမျခားသတင္းေထာက္မ်ား အဖဲြ႕မွေျပာဆိုလိုက္ပါတယ္။

ၿပီးခဲ့တဲ့ရက္ပိုင္းက ေနာက္ထပ္ သတင္းေထာက္ႏွစ္ဦးျဖစ္တဲ့ ကို၀င္းႏိုင္ဦးနဲ႕ ကိုမ်ိဳးသန္႕တို႔ကို အာဏာသိမ္းစစ္ေကာင္စီကထပ္မံဖမ္းဆီးခဲ့ပါတယ္။ သူတို႔ရဲ႕မိသားစုနဲ႕ ေဆြမ်ိဳးသားခ်င္းေတြကို ဖိအားေပးအၾကပ္ကိုင္ဖမ္းဆီးၿပီး၊ ျပင္ပနဲ႕အဆက္အသြယ္မရေအာင္ အက်ဥ္းခ်ဖမ္းဆီးထားတာဟာ သတင္းသမားေတြအေပၚမွာ အျပင္းအထန္ဖိႏွိပ္ေနတာဟာေပၚလြင္ေၾကာင္း RSF ရဲ႕ အာရွနဲ႕ပစၥဖိတ္ေဒသ အႀကီးအကဲ Daniel Bastard ကေျပာဆိုပါတယ္။

အခုလို အေျခအေနေတြေၾကာင့္ ျမန္မာစစ္ဘက္ တာ၀န္ရွိသူေတြကို ေရြးခ်ယ္ပစ္မွတ္ထားတဲ့ ပိတ္ဆုိ့အေရးယူမႈမ်ိဳးလုပ္ဖို႔လိုေၾကာင္းကိုလည္း RSF ရဲ႕ ၁၆ ရက္ေန႔ကထုတ္တဲ့ေၾကျငာခ်က္မွာေဖၚျပထားပါတယ္။

ၿပီးခဲ့တဲ့ရက္ပိုင္းက ေနာက္ထပ္ သတင္းေထာက္ႏွစ္ေယာက္ထပ္မံဖမ္းဆီးခံခဲ့ရတဲ့အတြက္ ျမန္မာႏိုင္ငံမွာ ဖမ္းဆီးထားတဲ့သတင္းေထာက္ စုစုေပါင္း ၅၆ ေယာက္ရွိသြားၿပီလို႔လည္း ေဖာ္ျပပါတယ္။

ေဖေဖာ္ဝါရီလ ၁ ရက္ စစ္အာဏာသိမ္းၿပီးေနာက္ပိုင္း သတင္းသမားေတြ ဖမ္းဆီးခံရ၊ မီဒီယာလုပ္ငန္းေတြ လိုင္စင္သိမ္းခံရ၊ ဖမ္းဆီးခံရမွာ စိုးရိမ္တာေတြေၾကာင့္ တိမ္းေရွာင္ေနသူေတြလည္း ရွိပါတယ္။ ဖမ္းဆီးခံရတဲ့ သတင္းသမားေတြထဲ ေထာင္ဒဏ္အျပစ္ေပး ခံခဲ့ရသူတခ်ဳိ႕ ရွိသလို၊ ျပန္လႊတ္ေပးခဲ့သူေတြလည္း ရွိခဲ့ေပမဲ့ Frontier Myanmar သတင္းဌာနက အယ္ဒီတာတဦးျဖစ္သူ အသက္ ၃၇ ႏွစ္အ႐ြယ္ အေမရိကန္ႏိုင္ငံသား Danny Fenster အပါအ၀င္ သတင္းသမား အမ်ားအျပားကို ဆက္လက္ ဖမ္းဆီးထားတဲ့အတြက္ အေမရိကန္၊ ကုလသမဂၢ အပါအ၀င္ ႏိုင္ငံတကာ အသိုင္းအ၀န္းက ျပန္လႊတ္ေပးဖို႔ ေတာင္းဆိုေနတာ ျဖစ္ပါတယ္။

.................................................

တိုက္႐ိုက္ လင့္ခ္

{{Unicode}}

မြန်မာနိုင်ငံမှာ သတင်းထောက်တွေကို ဖမ်းဆီးအကျဉ်းချထားပြီး၊ ပြင်ပနဲ့လည်းအဆက်အသွယ်မရအောင်ဖြတ်ထောက်ထားတာတွေကိုကြည့်ခြင်းအားဖြင့် မြန်မာအာဏာသိမ်းစစ်ကောင်စီဟာ သတင်းသမားတွေအပေါ် အပြင်းအထန်ဖိနှပ်မှုတွေ လုပ်နေတယ်ဆိုတာပေါ်လွင်ကြောင်း နဲ့ မြန်မာစစ်ကောင်စီကို နိုင်ငံတကာအသိုင်းအဝိုင်းက ပိတ်ဆို့အရေးယူမှုတွေလုပ်ဖို့ လိုအပ်တယ်လို့ RSF ခေါ် နယ်စည်းမခြားသတင်းထောက်များ အဖွဲ့မှပြောဆိုလိုက်ပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက နောက်ထပ် သတင်းထောက်နှစ်ဦးဖြစ်တဲ့ ကိုဝင်းနိုင်ဦးနဲ့ ကိုမျိုးသန့်တို့ကို အာဏာသိမ်းစစ်ကောင်စီကထပ်မံဖမ်းဆီးခဲ့ပါတယ်။ သူတို့ရဲ့မိသားစုနဲ့ ဆွေမျိုးသားချင်းတွေကို ဖိအားပေးအကြပ်ကိုင်ဖမ်းဆီးပြီး၊ ပြင်ပနဲ့အဆက်အသွယ်မရအောင် အကျဉ်းချဖမ်းဆီးထားတာဟာ သတင်းသမားတွေအပေါ်မှာ အပြင်းအထန်ဖိနှိပ်နေတာဟာပေါ်လွင်ကြောင်း RSF ရဲ့ အာရှနဲ့ပစ္စဖိတ်ဒေသ အကြီးအကဲ Daniel Bastard ကပြောဆိုပါတယ်။

အခုလို အခြေအနေတွေကြောင့် မြန်မာစစ်ဘက် တာဝန်ရှိသူတွေကို ရွေးချယ်ပစ်မှတ်ထားတဲ့ ပိတ်ဆို့အရေးယူမှုမျိုးလုပ်ဖို့လိုကြောင်းကိုလည်း RSF ရဲ့ ၁၆ ရက်နေ့ကထုတ်တဲ့ကြေငြာချက်မှာဖေါ်ပြထားပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက နောက်ထပ် သတင်းထောက်နှစ်ယောက်ထပ်မံဖမ်းဆီးခံခဲ့ရတဲ့အတွက် မြန်မာနိုင်ငံမှာ ဖမ်းဆီးထားတဲ့သတင်းထောက် စုစုပေါင်း ၅၆ ယောက်ရှိသွားပြီလို့လည်း ဖော်ပြပါတယ်။

ဖေဖော်ဝါရီလ ၁ ရက် စစ်အာဏာသိမ်းပြီးနောက်ပိုင်း သတင်းသမားတွေ ဖမ်းဆီးခံရ၊ မီဒီယာလုပ်ငန်းတွေ လိုင်စင်သိမ်းခံရ၊ ဖမ်းဆီးခံရမှာ စိုးရိမ်တာတွေကြောင့် တိမ်းရှောင်နေသူတွေလည်း ရှိပါတယ်။ ဖမ်းဆီးခံရတဲ့ သတင်းသမားတွေထဲ ထောင်ဒဏ်အပြစ်ပေး ခံခဲ့ရသူတချို့ ရှိသလို၊ ပြန်လွှတ်ပေးခဲ့သူတွေလည်း ရှိခဲ့ပေမဲ့ Frontier Myanmar သတင်းဌာနက အယ်ဒီတာတဦးဖြစ်သူ အသက် ၃၇ နှစ်အရွယ် အမေရိကန်နိုင်ငံသား Danny Fenster အပါအဝင် သတင်းသမား အများအပြားကို ဆက်လက် ဖမ်းဆီးထားတဲ့အတွက် အမေရိကန်၊ ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ အသိုင်းအဝန်းက ပြန်လွှတ်ပေးဖို့ တောင်းဆိုနေတာ ဖြစ်ပါတယ်။

XS
SM
MD
LG