သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာသတင္းသမားေတြ ဆက္လက္ ဖမ္းဆီးခံရမႈအေပၚ RSF ရႈတ္ခ်


(Zawgyi/ Unicode)

ျမန္မာသတင္းမီဒီယာ သမားေတြကို စစ္အာဏာပိုင္ေတြ ဆက္လက္ ဖမ္းဆီးေနတဲ့အေပၚ ျပင္သစ္အေျခစိုက္ နယ္စည္းမျခား သတင္းသမားမ်ားအဖြဲ႕ (RSF) က ရႈတ္ခ်လိုက္ၿပီး၊ ခ်က္ျခင္းျပန္လႊတ္ေပးဖို႔လည္း ေတာင္းဆိုလိုက္ပါတယ္။

ဗြီအိုေအျမန္မာပိုင္းရဲ႕ ပင္တိုင္ေဆာင္းပါးရွင္ တဦးလည္းျဖစ္ ဝါရင့္သတင္းသမား တဦးလည္းျဖစ္သူ ဦးစည္သူေအာင္ျမင့္နဲ႔ ဘီဘီစီ ျမန္မာပိုင္း အစီအစဥ္ တင္ဆက္သူ တဦးျဖစ္တဲ့ မထက္ထက္ခိုင္ တို႔ကို ၾသဂုတ္လ ၁၅ ရက္ေန႔က ဖမ္းဆီးသြားၿပီးေနာက္ ေရွ႕ေနေတြနဲ႔ ေတြ႕ခြင့္ မရေသးဘူးလို႔လည္း RSF ရဲ႕ စေနေန႔က ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားတာပါ။

ဦးစည္သူေအာင္ျမင့္နဲ႔ မထက္ထက္ခိုင္ တို႔ကို ဖမ္းဆီးထားၿပီး ေတြ႕ခြင့္မေပးပဲ ထားတာဟာ လက္ခံႏိုင္စရာ မရွိေၾကာင္းလည္း RSF အဖြဲ႕ရဲ႕ အာရွ၊ ပစိဖိတ္ေရးရာ တာဝန္ခံ Daniel Bastard ကေျပာပါတယ္။ ဗြီအိုအပါအဝင္ ျပည္တြင္း၊ ျပည္ပ သတင္းမီဒီယာေတြမွာ ပင္တိုင္ေဆာင္းပါးရွင္ တဦးျဖစ္တဲ့ ဦးစည္သူေအာင္ျမင့္ကိုေတာ့ အာဏာပိုင္ေတြက ရာဇသတ္ႀကီးပုဒ္မ ၅၀၅-က နဲ႔ တရားစြဲထားၿပီး၊ ၿပီးခဲ့တဲ့ တနဂၤေႏြေန႔မွာပဲ ရန္ကုန္ၿမိဳ႕မွာ ဖမ္းဆီးခဲ့တာပါ။

RSF အဖြဲ႕ကေတာ့ အခုေနာက္ဆုံး ဖမ္းဆီးတဲ့ လုပ္ရပ္ဟာ ျမန္မာစစ္အာဏာပိုင္ေတြက သတင္းသမားေတြအေပၚ ဖိႏွိပ္တဲ့ လုပ္ရပ္ေတြကို ျပသရာေရာက္ေၾကာင္းလည္း ေျပာဆိုခဲ့တာပါ။ ျမန္မာႏိုင္ငံမွာ ေဖေဖာ္ဝါရီလ ၁ ရက္ စစ္အာဏာသိမ္းၿပီးေနာက္ပိုင္း ဖမ္းဆီးခံထားရတဲ့ သတင္းမီဒီယာသမား ၅၀ ေလာက္ ရွိေၾကာင္းလည္း RSF ကေျပာပါတယ္။

ဖမ္းဆီးခံရတဲ့ သတင္းသမားေတြထဲ ေထာင္ဒဏ္အျပစ္ေပး ခံခဲ့ရသူတခ်ိဳ႕ ရွိသလို၊ ျပန္လႊတ္ေပးခဲ့သူေတြလည္း ရွိခဲ့ေပမဲ့ Frontier Myanmar သတင္းဌာနက အယ္ဒီတာတဦးျဖစ္သူ အသက္ ၃၇ ႏွစ္အ႐ြယ္ အေမရိကန္ႏိုင္ငံသား Danny Fenster အပါအဝင္ သတင္းသမား အမ်ားအျပားကို ဆက္လက္ ဖမ္းဆီးထားတဲ့အတြက္ သတင္းမီဒီယာနဲ႔ လူ႔အခြင့္အေရး လႈပ္ရွားမႈအဖြဲ႕ေတြအျပင္၊ အေမရိကန္နဲ႔ ကုလသမဂၢ အပါအဝင္ ႏိုင္ငံတကာ အသိုင္းအဝန္းကလည္း ျပန္လႊတ္ေပးဖို႔ ဖိအားေပး ေတာင္းဆိုေနတာ ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

(Unicode)

မြန်မာသတင်းသမားတွေ ဆက်လက် ဖမ်းဆီးခံရမှုအပေါ် RSF ရှုတ်ချ


မြန်မာသတင်းမီဒီယာ သမားတွေကို စစ်အာဏာပိုင်တွေ ဆက်လက် ဖမ်းဆီးနေတဲ့အပေါ် ပြင်သစ်အခြေစိုက် နယ်စည်းမခြား သတင်းသမားများအဖွဲ့ (RSF) က ရှုတ်ချလိုက်ပြီး၊ ချက်ခြင်းပြန်လွှတ်ပေးဖို့လည်း တောင်းဆိုလိုက်ပါတယ်။ ဗွီအိုအေမြန်မာပိုင်းရဲ့ ပင်တိုင်ဆောင်းပါးရှင်တဦးလည်းဖြစ် ဝါရင့်သတင်းသမားတဦးလည်းဖြစ်သူ ဦးစည်သူအောင်မြင့်နဲ့ ဘီဘီစီ မြန်မာပိုင်း အစီအစဉ် တင်ဆက်သူ တဦးဖြစ်တဲ့ မထက်ထက်ခိုင် တို့ကို သြဂုတ်လ ၁၅ ရက်နေ့က ဖမ်းဆီးသွားပြီးနောက် ရှေ့နေတွေနဲ့ တွေ့ခွင့် မရသေးဘူးလို့လည်း RSF ရဲ့ စနေနေ့က ထုတ်ပြန်ချက်မှာ ဖော်ပြထားတာပါ။

ဦးစည်သူအောင်မြင့်နဲ့ မထက်ထက်ခိုင် တို့ကို ဖမ်းဆီးထားပြီး တွေ့ခွင့်မပေးပဲ ထားတာဟာ လက်ခံနိုင်စရာ မရှိကြောင်းလည်း RSF အဖွဲ့ရဲ့ အာရှ၊ ပစိဖိတ်ရေးရာ တာဝန်ခံ Daniel Bastard ကပြောပါတယ်။ ဗွီအိုအပါအဝင် ပြည်တွင်း၊ ပြည်ပ သတင်းမီဒီယာတွေမှာ ပင်တိုင်ဆောင်းပါးရှင် တဦးဖြစ်တဲ့ ဦးစည်သူအောင်မြင့်ကိုတော့ အာဏာပိုင်တွေက ရာဇသတ်ကြီးပုဒ်မ ၅၀၅-က နဲ့ တရားစွဲထားပြီး၊ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့မှာပဲ ရန်ကုန်မြို့မှာ ဖမ်းဆီးခဲ့တာပါ။

RSF အဖွဲ့ကတော့ အခုနောက်ဆုံး ဖမ်းဆီးတဲ့ လုပ်ရပ်ဟာ မြန်မာစစ်အာဏာပိုင်တွေက သတင်းသမားတွေအပေါ် ဖိနှိပ်တဲ့ လုပ်ရပ်တွေကို ပြသရာရောက်ကြောင်းလည်း ပြောဆိုခဲ့တာပါ။ မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီလ ၁ ရက် စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဖမ်းဆီးခံထားရတဲ့ သတင်းမီဒီယာသမား ၅၀ လောက် ရှိကြောင်းလည်း RSF ကပြောပါတယ်။

ဖမ်းဆီးခံရတဲ့ သတင်းသမားတွေထဲ ထောင်ဒဏ်အပြစ်ပေး ခံခဲ့ရသူတချို့ ရှိသလို၊ ပြန်လွှတ်ပေးခဲ့သူတွေလည်း ရှိခဲ့ပေမဲ့ Frontier Myanmar သတင်းဌာနက အယ်ဒီတာတဦးဖြစ်သူ အသက် ၃၇ နှစ်အရွယ် အမေရိကန်နိုင်ငံသား Danny Fenster အပါအဝင် သတင်းသမား အများအပြားကို ဆက်လက် ဖမ်းဆီးထားတဲ့အတွက် သတင်းမီဒီယာနဲ့ လူ့အခွင့်အရေး လှုပ်ရှားမှုအဖွဲ့တွေအပြင်၊ အမေရိကန်နဲ့ ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ အသိုင်းအဝန်းကလည်း ပြန်လွှတ်ပေးဖို့ ဖိအားပေး တောင်းဆိုနေတာ ဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG