သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

VOM သတင္းဌာနတည္ေထာင္သူနဲ႔ သတင္းေထာက္ ျပန္လြတ္


Voice of Myanmar သတင္းဌာန တည္ေထာင္သူ ဦးေနလင္းနဲ႔ သတင္းေထာက္ ဦးရႈိင္းေအာင္ (ဓာတ္ပံု- သစ္ခတ္သံလြင္)

(Zawgyi/Unicode)

ဧၿပီလ ၂၇ ရက္ေန႔က ဖမ္းဆီးခံခဲ့ရတဲ့ မႏၲေလးအေျခစိုက္ Voice of Myanmar သတင္းဌာန တည္ေထာင္သူနဲ႔ သတင္းေထာက္တို႔ ဒီေန႔ ျပန္လြတ္လာပါတယ္။ ပုဒ္မ ၅၀၅ (က) နဲ႔ တရားစြဲထားတဲ့ သူတို႔အမႈ ဒီေန႔႐ံုးခ်ိန္းမွာ တရားလိုဘက္က အမႈပိတ္သိမ္းခဲ့တာမို႔ ျပန္လည္လြတ္ေျမာက္လာခဲ့တယ္လို႔ မိသားစုဝင္တဦးကေျပာပါတယ္။ ရန္ကုန္ကလာတဲ့ ဒီသတင္းအျပည့္အစံုကုိ မဆုမြန္ကေျပာျပပါမယ္။

Voice of Myanmar သတင္းဌာန တည္ေထာင္သူ ဦးေနလင္းနဲ႔ သတင္းေထာက္ ဦးရႈိင္းေအာင္တို႔ကို ေမးျမန္းစရာရွိတယ္ဆိုၿပီး ဧၿပီ ၂၇ ရက္ေန႔မွာ ရဲစခန္းကို ေခၚသြားၿပီးတဲ့ေနာက္ ဖမ္းဆီးလိုက္တာပါ။
တပ္မေတာ္ကို အၾကည္ညိဳပ်က္ေအာင္ လုပ္ေဆာင္မႈဆိုတဲ့ ပုဒ္မ ၅၀၅ (က) နဲ႔တရားစြဲထားတဲ့ သူတုိ႔အမႈေတြအတြက္ဒီကေန႔ေန႔လည္ ႐ုံးခ်ိန္းမွာ ႏွစ္ဦးလံုးရဲ႕အမႈေတြကို တရားလိုဘက္က ပိတ္သိမ္းလိုက္တဲ့အတြက္ ျပန္လြတ္လာတာျဖစ္တယ္လို႔ ဦးေနလင္းရဲ႕ဇနီးျဖစ္သူက ဗြီအိုေအကို အတည္ျပဳေျပာပါတယ္။

"အမႈ႐ုပ္သိမ္းေပးလိုက္တယ္။ အမႈ႐ုပ္သိမ္းၿပီး လႊတ္ေပးလိုက္တယ္ေပါ့။ တရားေသတရားရွင္ေတြက်ေတာ့ေလ အမေရွ႕ေနနဲ႔ေမးမွသိရမယ္။ ကိုေနလင္းလည္း အခုမွအိမ္ျပန္ေရာက္တယ္။ ႏွစ္ေယာက္စလုံးက်န္းက်န္းမာမာ ေကာင္းေကာင္းမြန္မြန္ပဲ။ ဒီေန႔က႐ုံးခ်ိန္းေလ ႐ုံးခ်ိန္းဆိုေတာ့ ေထာင္တြင္း႐ုံးခ်ိန္းဆိုေတာ့ အရင္လဲ ေထာင္ဝင္စာသြားတာေပါ့။ သြားတဲ့အခါက်ေတာ့ ႐ုံးခ်ိန္းက ၁၂ နာရီေနာက္ပိုင္းပဲ ထုတ္တာဆိုေတာ့ ၂ နာရီေလာက္မွစစ္တာ စစ္ၿပီးေတာ့မွ ေရွ႕ေနထြက္လာေတာ့မွ ကိုေနလင္းတို႔ကို အမႈပိတ္လိုက္တယ္။ ျပန္လြတ္မယ္ ေစာင့္ရမယ္ဆိုၿပီးေစာင့္ေနတာ ေနာက္အဲဒီထဲမွာ လုပ္စရာရွိတာေတြသူတို႔ေထာင္ထဲပစၥည္းေလးေတြသိမ္းလုပ္ေနၾကတာ.ၿပီးလြတ္လာတာေပါ့။"

ျမန္မာႏိုင္ငံသတင္းေတြကို အြန္လိုင္းေပၚမွာ တင္ျပေနတဲ့ Voice of Myanmar သတင္းဌာနက အယ္ဒီတာခ်ဳပ္ ကိုေနလင္းလို႔သိၾကတဲ့ ဦးေနမ်ိဳးလင္းနဲ႔ သတင္းေထာက္ ဦးရႈိင္းေအာင္တို႔ကို ဧၿပီလက ဖမ္းဆီးခဲ့ၿပီးေနာက္ ၃ ႀကိမ္ထက္မနည္း ႐ုံးထုတ္စစ္ေဆးခဲ့ပါတယ္။ ဒီကေန႔႐ုံးခ်ိန္းအၿပီးမွ ာအခုလိုလႊတ္ေပးလိုက္တာျဖစ္ေပမဲ့ ဘယ္လိုအေျခအေနနဲ႔ လႊတ္ေပးလိုက္သလဲ အေသးစိတ္ေတာ့ အေသအခ်ာ မသိရဘူးလို႔ ကိုေနလင္းရဲ႕ ဇနီးျဖစ္သူကေျပာပါတယ္။

"အမအေနနဲ႔ကေတာ့ သတင္းသမား သတင္းအလုပ္လုပ္တာပဲေလ။ ဘာမွလည္းလုပ္တာ မရွိတာမို႔ ျပန္လြတ္လာတယ္လို႔ပဲေျပာခ်င္တယ္။ က်န္တာကေတာ့ ဘာမွေထြေထြထူးထူး မေျပာခ်င္ေတာ့ပါဘူး။"
ဧၿပီ ၂၇ ရက္ေန႔က ဖမ္းဆီးခဲ့ၿပီးတဲ့ေနာက္ မႏၲေလးနန္းေတာ္ထဲမွာ ရက္အေတာ္ၾကာ စစ္ေဆးေမးျမန္းခံခဲ့ရပါတယ္။ အဲဒီေနာက္ပိုင္း မိသားစုနဲ႔ေတြ႕ခြင့္လုံးဝမရခဲ့ဘဲ ေမလဆန္းေလာက္မွာ ပုဒ္မတပ္ၿပီး မႏၲေလးအိုးဘိုေထာင္မွာ ထိန္းသိမ္းခဲ့တာပါ။

စစ္တပ္အာဏာသိမ္းခဲ့တဲ့ ေဖေဖာ္ဝါရီ ၁ ရက္ေန႔ထဲက သတင္းေထာက္အေယာက္ ၈၀ ထက္မနည္း ဖမ္းဆီးခံခဲ့ရၿပီး အေယာက္ ၄၀ ထက္မနည္း ဆက္လက္ထိန္းသိမ္းခံထားရဆဲျဖစ္ပါတယ္။ ၁၀ ေယာက္ထက္မနည္းကေတာ့ ဖမ္းဝရမ္း ထုတ္ခံထားရပါတယ္။ လက္ရွိခ်ိန္မွာ တခ်ိဳ႕ ဖမ္းဆီးခံရတဲ့ သတင္းသမားေတြကိုေတာ့ ပုဒ္မ ၅၀၅ (က) လိုပုဒ္မေတြနဲ႔ ေထာင္ခ်အျပစ္ေပးတာေတြလည္းရွိပါတယ္။ မဇၥ်ိမ၊ ဒီဗီဘီ စတဲ့ သတင္းလုပ္ငန္းႀကီးေတြအပါအဝင္ သတင္းလုပ္ငန္း ၈ ခုရဲ႕ လုပ္ငန္းလည္ပတ္ခြင့္ကိုလည္း စစ္ေကာင္စီက ရပ္ဆုိင္းထားပါတယ္။

.............................................................................

VOM သတင္းဌာနတည္ေထာင္သူနဲ႔ သတင္းေထာက္ ျပန္လြတ္
please wait

No media source currently available

0:00 0:02:46 0:00
တိုက္႐ိုက္ လင့္ခ္


VOM သတင်းဌာနတည်ထောင်သူနဲ့ သတင်းထောက် ပြန်လွတ်

(Unicode)

ဧပြီလ ၂၇ ရက်နေ့က ဖမ်းဆီးခံခဲ့ရတဲ့ မန္တလေးအခြေစိုက် Voice of Myanmar သတင်းဌာန တည်ထောင်သူနဲ့ သတင်းထောက်တို့ ဒီနေ့ ပြန်လွတ်လာပါတယ်။ ပုဒ်မ ၅၀၅ (က) နဲ့ တရားစွဲထားတဲ့ သူတို့အမှု ဒီနေ့ရုံးချိန်းမှာ တရားလိုဘက်က အမှုပိတ်သိမ်းခဲ့တာမို့ ပြန်လည်လွတ်မြောက်လာခဲ့တယ်လို့ မိသားစုဝင်တဦးကပြောပါတယ်။ ရန်ကုန်ကလာတဲ့ ဒီသတင်းအပြည့်အစုံကို မဆုမွန်ကပြောပြပါမယ်။

Voice of Myanmar သတင်းဌာန တည်ထောင်သူ ဦးနေလင်းနဲ့ သတင်းထောက် ဦးရှိုင်းအောင်တို့ကို မေးမြန်းစရာရှိတယ်ဆိုပြီး ဧပြီ ၂၇ ရက်နေ့မှာ ရဲစခန်းကို ခေါ်သွားပြီးတဲ့နောက် ဖမ်းဆီးလိုက်တာပါ။
တပ်မတော်ကို အကြည်ညိုပျက်အောင် လုပ်ဆောင်မှုဆိုတဲ့ ပုဒ်မ ၅၀၅ (က) နဲ့တရားစွဲထားတဲ့ သူတို့အမှုတွေအတွက်ဒီကနေ့နေ့လည် ရုံးချိန်းမှာ နှစ်ဦးလုံးရဲ့အမှုတွေကို တရားလိုဘက်က ပိတ်သိမ်းလိုက်တဲ့အတွက် ပြန်လွတ်လာတာဖြစ်တယ်လို့ ဦးနေလင်းရဲ့ဇနီးဖြစ်သူက ဗွီအိုအေကို အတည်ပြုပြောပါတယ်။

"အမှုရုပ်သိမ်းပေးလိုက်တယ်။ အမှုရုပ်သိမ်းပြီး လွှတ်ပေးလိုက်တယ်ပေါ့။ တရားသေတရားရှင်တွေကျတော့လေ အမရှေ့နေနဲ့မေးမှသိရမယ်။ ကိုနေလင်းလည်း အခုမှအိမ်ပြန်ရောက်တယ်။ နှစ်ယောက်စလုံးကျန်းကျန်းမာမာ ကောင်းကောင်းမွန်မွန်ပဲ။ ဒီနေ့ကရုံးချိန်းလေ ရုံးချိန်းဆိုတော့ ထောင်တွင်းရုံးချိန်းဆိုတော့ အရင်လဲ ထောင်ဝင်စာသွားတာပေါ့။ သွားတဲ့အခါကျတော့ ရုံးချိန်းက ၁၂ နာရီနောက်ပိုင်းပဲ ထုတ်တာဆိုတော့ ၂ နာရီလောက်မှစစ်တာ စစ်ပြီးတော့မှ ရှေ့နေထွက်လာတော့မှ ကိုနေလင်းတို့ကို အမှုပိတ်လိုက်တယ်။ ပြန်လွတ်မယ် စောင့်ရမယ်ဆိုပြီးစောင့်နေတာ နောက်အဲဒီထဲမှာ လုပ်စရာရှိတာတွေသူတို့ထောင်ထဲပစ္စည်းလေးတွေသိမ်းလုပ်နေကြတာ.ပြီးလွတ်လာတာပေါ့။"

မြန်မာနိုင်ငံသတင်းတွေကို အွန်လိုင်းပေါ်မှာ တင်ပြနေတဲ့ Voice of Myanmar သတင်းဌာနက အယ်ဒီတာချုပ် ကိုနေလင်းလို့သိကြတဲ့ ဦးနေမျိုးလင်းနဲ့ သတင်းထောက် ဦးရှိုင်းအောင်တို့ကို ဧပြီလက ဖမ်းဆီးခဲ့ပြီးနောက် ၃ ကြိမ်ထက်မနည်း ရုံးထုတ်စစ်ဆေးခဲ့ပါတယ်။ ဒီကနေ့ရုံးချိန်းအပြီးမှ ာအခုလိုလွှတ်ပေးလိုက်တာဖြစ်ပေမဲ့ ဘယ်လိုအခြေအနေနဲ့ လွှတ်ပေးလိုက်သလဲ အသေးစိတ်တော့ အသေအချာ မသိရဘူးလို့ ကိုနေလင်းရဲ့ ဇနီးဖြစ်သူကပြောပါတယ်။

"အမအနေနဲ့ကတော့ သတင်းသမား သတင်းအလုပ်လုပ်တာပဲလေ။ ဘာမှလည်းလုပ်တာ မရှိတာမို့ ပြန်လွတ်လာတယ်လို့ပဲပြောချင်တယ်။ ကျန်တာကတော့ ဘာမှထွေထွေထူးထူး မပြောချင်တော့ပါဘူး။"
ဧပြီ ၂၇ ရက်နေ့က ဖမ်းဆီးခဲ့ပြီးတဲ့နောက် မန္တလေးနန်းတော်ထဲမှာ ရက်အတော်ကြာ စစ်ဆေးမေးမြန်းခံခဲ့ရပါတယ်။ အဲဒီနောက်ပိုင်း မိသားစုနဲ့တွေ့ခွင့်လုံးဝမရခဲ့ဘဲ မေလဆန်းလောက်မှာ ပုဒ်မတပ်ပြီး မန္တလေးအိုးဘိုထောင်မှာ ထိန်းသိမ်းခဲ့တာပါ။

စစ်တပ်အာဏာသိမ်းခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့ထဲက သတင်းထောက်အယောက် ၈၀ ထက်မနည်း ဖမ်းဆီးခံခဲ့ရပြီး အယောက် ၄၀ ထက်မနည်း ဆက်လက်ထိန်းသိမ်းခံထားရဆဲဖြစ်ပါတယ်။ ၁၀ ယောက်ထက်မနည်းကတော့ ဖမ်းဝရမ်း ထုတ်ခံထားရပါတယ်။ လက်ရှိချိန်မှာ တချို့ ဖမ်းဆီးခံရတဲ့ သတင်းသမားတွေကိုတော့ ပုဒ်မ ၅၀၅ (က) လိုပုဒ်မတွေနဲ့ ထောင်ချအပြစ်ပေးတာတွေလည်းရှိပါတယ်။ မဇ္ဈိမ၊ ဒီဗီဘီ စတဲ့ သတင်းလုပ်ငန်းကြီးတွေအပါအဝင် သတင်းလုပ်ငန်း ၈ ခုရဲ့ လုပ်ငန်းလည်ပတ်ခွင့်ကိုလည်း စစ်ကောင်စီက ရပ်ဆိုင်းထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG